Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

““သမ္မတလက်စွဲကျော် … ၀န်ကြီးမင်းခင်ဗျား”” တပ်မတော်အစိုးရနဲ့သာ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးတဲ့လား

ဦးစိုးသိန်းရဲ့ ပြောကြားချက်ဟာ တကယ်တော့ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ေ ထာင်းလိုက်တဲ့ ၀န်ခံ ချက်ဖြစ်နေ … မိမိလက်အောက်က တပည့်လက်သား အုပ်ချုပ်ရေး အောက်ခြေ ၀န်ထမ်းများ အပေါ် အပြစ်ပုံချလိုက်တဲ့ သဘော ပါ။ အောက်ခြေက လွဲနေ၊ မှားနေလည်း ထိပ်ပိုင်းက တာဝန်ခံရတယ် ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (Good Governance)ရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တဲ့ တာဝန်ခံမှု (Accountability)ဆိုတာကို ၀န်ကြီးမေ့လျော့ေ န ရော့သလား …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့က ““အပစ်ရပ်စာချုပ် လက်မှတ်မထိုးနိုင်ရင် ၂၀၁၅ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာဘူး”” လို့ ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားပြီး နောက်ပိုင်း ၂၀၁၅ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မီဒီယာများမှာ အမြင်အမျိုးမျိုးနဲ့ သုံးသပ်ချက်တွေ ပေါ်ပေါက်လာပါတယ်။ နောက် …သမ္မတရဲ့ လက်စွဲတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း သမ္မတမိန့်ခွန်းအပြီး ရက်ပိုင်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေးခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ““ပြုပြင်ပြောင်းလဲရေးကိုလုပ် ပြီး ပြန်သုံး သပ်တဲ့အခါ အုပ်ချုပ်ရေးက တပ်မတော်အစိုးရ၊ ဆိုရှယ်လစ်အစိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးဖြစ်နေ တယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အံချော်နေတာကိုသွားတွေ့ရတယ်””လို့ ပြောကြား လိုက်ပြန်ပါတယ်။

သမ္မတရဲ့မိန့်ခွန်းကို ယခင်အပတ်ဆောင်းပါးမှာ သုံးသပ်တင်ပြပြီးပြီမို့ ဒီတစ်ပတ် သမ္မတရဲ့ လက်စွဲတော်ဝန်ကြီး တစ်ပါး ဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းရဲ့ ပြောကြားချက်အပေါ် သုံးသပ်တင်ပြချင်ပါတယ်။…

ဦးစိုးသိန်းရဲ့ အထက်ပါပြောကြားချက်ဟာ တကယ်တော့ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းလိုက်တဲ့ ပြောကြား ချက် (သို့) ၀န်ခံချက်ဖြစ်နေတာတွေ့ရပါတယ်။ ဦးစိုးသိန်း ရည်ရွယ်ပုံရတဲ့ ဆိုလိုချက်ကတော့ မိမိတို့အုပ်ချုပ် ရေးအဖွဲ့ ထိပ်ပိုင်းက ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံနဲ့ အစိုးရသက် တမ်းသုံးနှစ်ခွဲကျော်ကာလမှာ ကျင့်သုံးဖို့ ကြိုးပမ်းခဲ့ပေမယ့် အောက်ခြေအုပ်ချုပ်ရေး အဖွဲ့များကတော့ စိတ်နေစိတ်ထား၊ အတွေးအခေါ်နဲ့ စွမ်းရည်တွေ မှာ မပြောင်းလဲဘဲ အရင်စစ်အစိုးရ အုပ်ချုပ်ရေးပုံစံအတိုင်း၊ ဆိုရှယ်လစ်ခေတ်က အုပ်ချုပ်ရေးပုံစံအတိုင်း ဖြစ် နေပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အံချော်နေတယ်လို့ ဆိုလိုလိုက်တာပါ။ မိမိလက်အောက်က တပည့် လက် သား အုပ်ချုပ်ရေးအောက်ခြေ ၀န်ထမ်းများအပေါ် အပြစ်ပုံချလိုက်တဲ့သဘောပါ။ အောက်ခြေက လွဲနေ၊ မှားနေ လည်း ထိပ်ပိုင်းကတာဝန်ခံရတယ်ဆိုတဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး Good Governance ရဲ့ လက္ခဏာ တစ်ရပ် ဖြစ်တဲ့ တာဝန်ခံမှု (Accountability) ဆိုတာကို ၀န်ကြီးမေ့လျော့နေရော့သလား။ ဒီသုံးသပ်ချက်ရှု ထောင့်က ကြည့်ရင် သမ္မတရုံးဝန်ကြီးရဲ့ ပြောဆိုမှုဟာ အုပ်ချုပ်ရေးကဏ္ဍတစ်ခုရဲ့ အလုံးစုံကိုတာဝန်ခံရတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့တာဝန်ခံမှုကိုပါ မေးခွန်းထုတ်စရာဖြစ် လာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၂၃၂နဲ့ ပုဒ်မ ၂၃၄ တို့အရ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကို သမ္မတက ခန့်အပ်တဲ့ အတွက် အုပ်ချုပ်ရေးကဏ္ဍ တစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေကို သမ္မတက တာဝန်ခံရပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုပါပဲ။ မြန်မာပြည်မှာ အစိုးရသက်တမ်း ၃ နှစ်ခွဲကျော်ကာလ အတွင်း ရေပန်းစားတဲ့ စကားလုံးတစ်လုံးရှိပါတယ်။

““အောက်ခြေကဖြစ်လိုက်တာ အပေါ် ကမသိလိုက်ဘူး””ဆိုတဲ့ ဆင်ခြေပေးစကား လုံးပါ။

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၂ လောက်က အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတယ်။ အမျိုး သမီးက ရဲတပ်ဖွဲ့ကို ဖုန်းဆက်သေးတယ်။ ၁၃ နာရီလောက်နောက်ကျပြီးမှ ရဲတပ်ဖွဲ့က အလောင်းကို တွေ့ တယ်။ အရေးပေါ်နံပါတ် ဌာနနဲ့ တာဝန်ကျရဲအရာရှိတွေကြား ဆက် သွယ်ရေးလွဲချော်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ၀န်ခံတယ်။ ဘယ်လိုပဲလွဲချော်ချော် တောင်ကိုရီးယားရဲချုပ် Cho Hyun Oh ကတော့ တာဝန်ခံတဲ့အနေနဲ့ ရာထူး က နုတ်ထွက်သွားတယ်။

နောက် ၂၀၁၂ မေလလောက်မှာပဲ ပီရူးနိုင်ငံမှာ ပြန်ပေးဆွဲသူပုန်တွေနဲ့ အစိုးရတပ်တိုက်ပွဲဖြစ်တော့ အစိုးရတပ် ကို ပြန်လာခေါ်တဲ့ရဟတ်ယာဉ်ဟာ ရဲတစ်ဦးကို ချန်ပြီးပြန်ထွက်ခွာသွားတယ်။ ကျန်ခဲ့တဲ့ရဲ လည်း သူပုန်လက် ချက်နဲ့ ကျဆုံးသွားတယ်။

ရက်အနည်းငယ်အကြာမှာပဲ ပီရူးနိုင်ငံကာကွယ်ရေး ၀န်ကြီးနဲ့ ပြည်ထဲရေး ၀န်ကြီး နှစ်ဦးလုံး ရာထူးက နုတ်ထွက် သွားတယ်။ ဘာဆင်ခြေမှ ပေးမနေဘူး။ တာဝန်မကင်းဘူး။ တာဝန်ခံတယ်။ ဂုဏ်သရေရှိရှိ နုတ်ထွက်တယ်။ ဒါပဲ။ နုတ်မထွက်ခင်ကာ ကွယ်ရေးဝန်ကြီးကတော့ စကားတစ်ခွန်း ပြောသွား တယ်။ ““ရဟတ်ယာဉ်မှူးသာ အမြန်မထွက်ခွာရင် တပ်ဖွဲ့ဝင် ၁၈ဦးလုံး သေ သွားနိုင်တယ်ဗျ””တဲ့။ ဒါပေမဲ့ တာဝန်ခံမှုအရ သူနုတ်ထွက်သွား တယ်။

နောက်တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ နမူနာယူစရာတွေကတော့ ကမ္ဘာမှာ များမှများပဲ။ လာဘ်ငွေ ဒေါ်လာ ၆၁၀ လက်ခံမိလို့ (သူ့ရွေးကောက်ပွဲကော်မတီက) ရာထူးက နုတ်ထွက်သွားတဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဆီအီဂျိမေဟာရာ တို့လိုဆိုရင်တော့ မြန်မာပြည်က ၀န်ကြီးတွေ၊ ဒု ၀န်ကြီးတွေ ဆယ်ဘ၀၊ ဆယ့်ငါးဘ၀ လောက်ရာထူးက နုတ်ထွက်ရလိမ့်မယ် ထင်တယ်။

တာဝန်ခံမှုမရှိရင်တော့ ကောင်းမွန် တဲ့အုပ်ချုပ်ရေးဆိုတာ မဖြစ်နိုင်သလို ဒီမို ကရေစီအုပ်ချုပ်ရေးဆို တာက တော့ မိုင်ပေါင်းများစွာ၊ နှစ်ပေါင်းများ စွာ ဝေနေ ဦးမှာပဲ။ ၀န်ကြီး ဦးစိုးသိန်းပြောရမှာက ““ဒီလို အောက်ခြေအုပ် ချုပ်ရေးပိုင်းက စစ်အစိုးရ ခေတ်ကလို၊ ဆိုရှယ်လစ်ခေတ်ကလို စိတ်နေစိတ်ထား၊ အတွေး အခေါ်တွေ မပြောင်း နိုင်တာဟာ အုပ်ချုပ်ရေးကဏ္ဍက သမ္မတ ရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့ ကျွန်တော့်မှာ သမ္မတ ကိုယ်စား တာဝန်ရှိပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ပြန်လည်သုံးသပ်ပြီး အောက်ခြေက ဆောင်ရွက်ပုံတွေ ဒီမိုကရေစီ အုပ်ချုပ်ရေး ဆန်လာအောင် ကြိုးပမ်းသွားဖို့ နည်းလမ်းတွေ ရှာသွားပါ့မယ်””ဆိုပြီး တာဝန်ခံမှုတစ်ခုနဲ့ ပြောဆို သင့်ပါ တယ်။ မြန်မာပြည်မှာတော့ အောက်ခြေကို လက်ညှိုးထိုး အပြစ်ပုံချရင်ကို ထိပ်ပိုင်းခေါင်း ဆောင်က တာဝန်မရှိတော့သလို အကျင်ဟောင်းက တော်တော်ကို အမြစ်တွယ်နေပါပြီ။

နောက် ရှုထောင့်တစ်ခုက သုံးသပ် ကြည့်ရရင်တော့ ၀န်ကြီးဦးစိုးသိန်းရဲ့ပြော ကြားချက်ဖြစ်တဲ့ ““ပြုပြင်ပြောင်း လဲရေးကို လုပ်ပြီး ပြန်သုံးသပ်တဲ့အခါ အုပ်ချုပ်ရေး က တပ်မတော်အစိုးရ၊ ဆိုရှယ်လစ်အစိုးရနဲ့ လိုက်လျော ညီထွေတဲ့ အုပ်ချုပ်ရေးဖြစ် နေတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အံ ချော်နေတာကို သွားတွေ့တယ်””ဆိုတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်ချုပ်ရေး ကဏ္ဍဟာ အစိုးရသက်တမ်းသုံးနှစ်ခွဲ ကျော်ကာလတစ်လျှောက်လုံး တပ်မတော် အစိုးရ၊ ဆိုရှယ်လစ်အစိုးရတို့နဲ့သာ လိုက်လျောညီထွေဖြစ်မယ့် အုပ်ချုပ်ရေး သဏ္ဌာန် နဲ့အုပ်ချုပ်ခဲ့ တယ်လို့ ၀န်ခံလိုက်တဲ့ သဘောပါပဲ။ ဒီမိုကရေစီ အမည်ခံပြီး အုပ်ချုပ်ခဲ့တဲ့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အံချော်နေ တာ ဖြစ်ပါတယ်လို့ ဆိုလိုရာ ရောက်သွားပါတယ်။

တကယ်တော့လည်း အုပ်ချုပ်ရေး ကဏ္ဍက သမ္မတက အစ၀န်ကြီးအများစု၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အရင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီး ဟောင်းတွေသာဖြစ်ကြတဲ့အတွက် တပ်မတော်အစိုးရနဲ့သာ လိုက် လျောညီထွေတဲ့ အုပ်ချုပ်ရေးသဏ္ဌာန်ဖြစ်နေတာ ဆန်းတယ်လို့မ ဆိုနိုင်ပါဘူး။ ဒီမိုကရေစီအုပ်ချုပ် ရေးနဲ့ အသား မကျနိုင်သေးဘဲ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ အံချော်နေတယ်လို့ ပြောကြားလိုက်တဲ့ ၀န်ကြီးဦးစိုးသိန်း ရဲ့စကားဟာ အခုသုံးသပ်ကြည့်တဲ့ ရှုထောင့်က ကြည့်ရင်တော့ ကျိုးကြောင်းဆီလျော်မှုရှိ တယ်လို့ ဆိုရမှာပါ။

အရင်တပ်မတော် အစိုးရလက်ထက်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် အသားကျခဲ့တဲ့ လက်ရှိအစိုးရအဖွဲ့ရဲ့ အုပ် ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်များထဲက စစ်ဗိုလ်ချုပ်ဟောင်းကြီးများအနေနဲ့ အစိုးရ သက်တမ်း သုံးနှစ်ခွဲ ကျော်ကာလမှာ ဒီမိုက ရေစီစနစ်နဲ့ အံချော်နေသေးတယ်ဆိုရင် ဖြင့် ၀န်ကြီးထပ်မံပြောကြား သလို ““ပါဝင် သူများရဲ့ အတွေးအခေါ်၊ စိတ်နေသဘောထား၊ စွမ်းရည်များ ကို ပြောင်းလဲရန် စနစ်ရေးဆွဲမှုများ ဆောင် ရွက်နေ ကြောင်း”” စီမံချက်ဟာ ဘယ်သောအခါမှ ဒီမိုကရေစီစနစ်နဲ့ အံဝင်အသားကျမှာလဲဆို တာ မေးခွန်းထုတ် စရာ ဖြစ်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပဖို့ကလည်း ၁၅ လ ကျော်သာ လိုပါတော့ တယ်။ ဒီ ၁၅ လမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ အံမချော်အောင်၊ အသား ကျအောင် ပြုပြင်ပြောင်းလဲပြီး ရွေးကောက်ပွဲကို ဖြတ် သန်းမှာလား။ မဖြစ်နိုင် ပါဘူး။ နှစ် ၂၀ ကျော် အသားကျခဲ့တဲ့ စိတ်နေစိတ်ထား၊ အတွေး အခေါ်တွေကို ၁၅လတာ အတွင်း ပြုပြင်ပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ ဘူး။ ဒါဆို နောင် ၂၀၁၅၊ ၂၀၂၀ အထိများ ဒီမိုကရေစီ အုပ်ချုပ်ရေး နဲ့အသား ကျအောင် ၀န်မင်းတို့ အားထုတ်ကြမှာ လားဆိုတာတော့ နိုင်ငံ့ အနာဂတ် အတွက် အရေး အကြီးဆုံး မေးသင့်မေး ထိုက်တဲ့ မေးခွန်းတစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ