Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

စစ်ရေးတင်းမာမှုကြောင့် ဖားကန့်ဒေသမှာ စာသင်ကျောင်းတွေ ပိတ်ထားရ

                                        
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း ဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့အကြား စစ်ရေး တင်းမာမှု တွေကြောင့် အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင်စတဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထား လိုက်ရပြီလို့ သိရပါတယ်။


နှစ်ဖက်စစ်တပ်တွေ အကြားမှာ ဒေသခံရွာသားတွေ ပိတ်မိနေတဲ့ အတွက် အလုပ်အကိုင်တွေ ရပ်နားထားတာ ၃ ရက်ခန့်ရှိပြီလို့လည်း အောင်ဘာလေကျေးရွာမှာ နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ အကွာက ကေအိုင်အေတပ်ရင်း ၆ အခြေစိုက်စခန်း အနီးမှာရှိတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင်စတဲ့ ကျေးရွာသုံးရွာက ရွာသားတစ်ထောင်ကျော်ခန့်ဟာ
ဥရုချောင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ကမ်းမှာ တပ်စွဲနေရာယူထားတဲ့ အစိုးရနဲ့ကေအိုင်အေ တပ်တွေအကြား ပိတ်မိနေတာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ နှစ်ဖက်စစ်ရေးအရှိန်လျှော့နိုင်ဖို့ ဒေသခံရပ်မိရပ်ဖတွေက ဖားကန့်စစ်ဗျူဟာကို သွားရောက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်နှောင်းပိုင်းကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံရွာသားထောင်ပေါင်းများစွာဟာ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေမှာ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ