Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

လူသတ်မှုကို မသိကြောင်း ထိုင်းအစိုးရသက်သေ ကိုမောင်မောင် ပြောကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ နောက်ထပ် မြန်မာလူမျိုး တစ်ဦးကို မြန်မာ ကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန် ပေါ်ပေါက်ရေး အဖွဲ့က ဒီကနေ့ ဘော်ဖုရဲစခန်းမှာ တွေ့ ဆုံခွင့်ရခဲ့ တယ်လို့ သိရပါတယ်။

အဲဒီ ကိုမောင်မောင်ဆိုသူဟာ အမှုနဲ့ ပတ်သက်ပြီး တစုံတရာသိရှိသူမဟုတ်ပါဘူးလို့ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"မောင်မောင်ကို ကျနော်မေးလိုက်တဲ့အခါမှာတော့ အမှုနဲ့ပတ်သက်လို့ သူဘာမှမသိပါဘူး၊ သူ့ရဲ့အခန်းထဲမှာ ဝင်းဇော်ထွန်း ဝတ်ထားတဲ့ဘောင်းဘီ ရှိတာမှတပါး ကျန်တာသူဘာမှသိတာ မရှိပါဘူး၊ အဲ့တော့ ကျနော်ပြောတယ် ဘာသာပြန်ကို မင်းပြန်တဲ့အထဲမှာ ဒီကလေးပြောတဲ့အတိုင်းပဲလားလို့မေးပါတယ်၊ ကျနော်တို့ရှေ့မှာတော့ ဟုတ်တယ်လို့ပြောပါတယ်၊ ဒါဆို ဒီကလေးက အမှုနဲ့ပတ်သက်တာမရှိပဲနဲ့ တရားခံမဟုတ်ပဲနဲ့ ဘာဖြစ်လို့ ထိန်းသိန်းထားသလဲဆိုတာက ကျနော်မေးတဲ့အခါကျတော့ သူကတရားလိုပြသက်သေဖြစ်နေလို့ သူ့ကိုအပြင်ရောက်သွားလို့ရှိရင် သက်သေကို ဖျက်ဆီးမှာစိုးလို့ သူတို့ထိန်းသိမ်းထားပါတယ်ဆိုပြီး ပြောပါတယ်"

ကိုမောင်မောင် ကို တရားလိုပြသက်သေအနေနဲ့ ထိန်းသိမ်းထားတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောတယ်လို့ သိရပါတယ်။ သူတို့ကိုရုံးတင်စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံဘက်က ရှေ့နေတွေနဲ့ လိုက်ပါဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

အဲဒီအမှုတွဲကို လေ့လာကြည့်ရှုဖို့ မြန်မာကောင်စစ်ဝန်အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေဖက်က တရားရုံးကို မတင်ပြရသေးတဲ့အတွက် ခွင့်မပြုနိုင်ကြောင်း ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့ကိုအမြန်ဆုံး တရားရုံးတင်နိုင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ကြောင်းနဲ့ ကော့စမွီးတရားရုံးနဲ့ စူရပ်ဌာနီတရားရုံးတွေမှာ စစ်ဆေးဖွယ်ရှိကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိသျှလူမျိုးနှစ်ဦး အမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ သက်သေအဖြစ်ပါဝင်နေတဲ့ မြန်မာနိုင်ငံသား ကိုမောင်မောင်ကို မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာပါဝင်တဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ