ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

မဟာဓာတ်အားလိုင်းအောက်ရှိ မြေကွက်ဖော်ထုတ်ရောင်းချမှုအား ဖျက်သိမ်း

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-ရန်ကုန် (သို့မဟုတ်) ပုသိမ်-မုံရွာအမြန်ကား လမ်းမ ကြီးဘေး မဟာဓာတ်အားလိုင်း အောက်ရှိ မြို့မြေနေရာ လွတ်များတွင် မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်မြေစာ ရင်းတို့ ညှိနှိုင်း၍ မြေကွက်သစ် များဖော် ထုတ်ရောင်း ချနေမှုကို အောက်တို ဘာ လ(၇) ရက်နေ့တွင် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။

အဆိုပါမြေနေရာမှာ ကန်ကြီးထောင့်မြို့ မျက်နှာစာတန်းနှင့် အမြန်ကားလမ်းမဘေးရှိ မြေနေရာများဖြစ်ပြီး ယင်း မြေကွက်ပေါ်တွင် ဓာတ်အားလိုင်း ဖြတ်သန်းသွားရာ အန္တရာယ်ရှိနိုင်သည့် အတွက် ဒေသ ခံပြည်သူများက သမ္မတထံစာ ရေးသားတင်ပြခဲ့ပြီးနောက် ယခုကဲ့ သို့ မြေကွက်သစ်ဖော်ထုတ် ရောင်းချမှုအား ဖျက်သိမ်း လိုက် ခြင်းဖြစ်သည်။ …““ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စော မူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကန်ကြီးထောင့်မြို့နယ်မှ ဦးကျော်ဝင်းရယ်၊ အန်ကယ်ရယ်၊ မြို့နယ်စည်ပင်ယာသာယာ အဖွဲ့ ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်မြေစာရင်း ဦးစီးမှူးရယ်ပါတဲ့ စက်တင်ဘာ ၇ရက်နေ့မှာ လုပ်တဲ့ အစည်း အဝေးမှာ ဒီမြေကို နဂို အတိုင်းမြို့မြေနေရာလပ်အဖြစ်မြေပုံမှာတင်ပြီး မြို့မြေအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မြို့နယ် အုပ်ချုပ်ရေးမှူးက မြေကွက်ဖော်ပြီး ရောင်းခဲ့တာ ကိုလည်း ရောင်း မှားဝယ်မှား အဖြစ်သတ်မှတ် လိုက်ပါ တယ်။ ၀ယ်ထားမိတဲ့လူတွေကိုလည်း ပိုက်ဆံ ပြန်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ကန်ကြီးထောင့် မြို့နယ် မဲဆန္ဒနယ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ မြေနေရာမှာ နေရာအကွက်အကွင်းကောင်းပြီး တန်ကြေးမြင့် သည့် မြေနေရာဖြစ်ကာ မြို့စတင် တည် ဆောက်စဉ်ကတည်း ကအိုးအိမ်ဦးစီးဌာ နများ၏ မြေပုံအရ မြေကွက်လပ်အဖြစ်ထား ရှိ သောနေရာ ဖြစ် သည်။ သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်မြေစာရင်းနှင့် ညှိနှိုင်းကာ ငွေကြေးချမ်းသာသူ လူတစ်စုအား အကွက်ဖော်ထုတ် ရောင်းချနေကြောင်း၊အဆိုပါဖော်ထုတ်ရောင်း ချနေသည့် မြေကွက်များအပေါ် တည့် တည့်တွင် ၁၁ကေဗွီအေ မဟာ ဓာတ်အားလိုင်းသွယ်တန်းထားရှိ သဖြင့် အန္တရာယ်များစွာရှိပြီး လျှပ်စစ် ဥပဒေ နှင့် လည်း မညီညွတ်သည့်အတွက် စက်တင်ဘာလ (၁၉)ရက် တွင် နိုင်ငံတော်သမ္မတကြီးထံသို့ စာရေးတင်ပြ တိုင်ကြားထား ခဲ့ကြောင်း၊ ယခုကဲ့သို့ နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည့်အတွက်များစွာ ၀မ်းသာကြောင်း လက်မှတ်ရေးထိုး တိုင်ကြားသူထဲများတွင် ပါဝင်သော ကန်ကြီးထောင့်မြို့နေ ဦးတင်မြင့်က ပြော သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ