Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

မုန်းဒေသမှာ အမျိုးသမီးတဦး အသတ်ခံရ

၂၀၁၄ ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက် (၇)နာရီခန့် ပဲခူးတိုင်းဒေသကြီး  ကျောက်ကြီးမြို့နယ်  မုန်းနယ်မြေရဲစခန်း၌ ဒုရဲအုပ် တိုးဝေကျော် တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ်  မုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက်(၁၇)မိုင်ခန့်အကွာ   တောဘုအုပ်စု ဇီးကုန်းကျေးရွာ၏ အရှေ့ဘက် (၆)ဖါလုံခန့်အကွာ ၌လူသတ်မှု့ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  မုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှူး ခင်စိုးလွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မင်း  တာဝန်မှူးဒုရဲအုပ်တိုးဝေကျော် နယ်ထိန်းတပ်ကြပ်ဝင်းနိုင် နှင့်ရဲတပ်ဖွဲ့ဝင်များ  အခင်းဖြစ်ရာနေရာသို့ချက်ခြင်း သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ မုန်းဒေသ  တောဘုအုပ်စု ဆင်ဆိပ်ကြီးကျေးရွာနေ  မစန္ဒာဝင်း(၂၃)နှစ်(ဘ)ဦးဝင်လှိုင်မှာ အောက်တိုဘာ (၁၂)ရက်နေ့ည (၉)နာရီခန့်တွင် ၎င်းနေထိုင်ရာအိမ်နှင့် ကပ်လျက် ကိုဝင်းကို၏ နေအိမ်မှာ ပေါ်တေဘယ် ဖြင့် ဗီဒီယိုကြည့်နေရာမှ အိမ်အောက်ဆင်းသွားကြောင်း  မိဘများမှ အရင်ကလဲ ဗီဒီယိုသွားကြည့်ပြီး ပြန်လာအိပ်သည်ဖြစ်ရာ မိဘများလည်း အိပ်ပျော်နေခဲ့ပြီး  မနက်မိုးလင်း အိပ်ယာနိုးချိန် သမီးဖြစ်သူ ပြန်လာအိပ်ခြင်း မရှိသည်ကိုသိရှိကာ  ယောက်ကျားနောက် လိုက်ပြေးသည်ထင်ကြောင်း သမီးဖြစ်သူတွင် ချစ်သူရည်းစား ရှိသည် မရှိသည်ကိုလည်း မသိရှိကြောင်း ယခု ပြန်မလာသဖြင့် စုံစမ်းနေစဉ်  (၁၃)ရက်နေ့မနက်(၇)နာရီခန့်  ဆင်ဆိပ်ကြီးကျေးရွာနှင့် (၂)မိုင်ခန့်အကွာ  ဇီးကုန်းကျေးရွာ၏ အရှေ့ဘက်(၆)ဖါလုံခန့်အကွာ ဇီးကုန်းရွာနေ ကိုမျိုး၏ တောင်ယာခင်းအတွင်း သေဆုံးနေကြောင်း ဦးတင့်လွင်(ဆင်ဆိပ်ကျေးရွာ)နေသူမှ လာရောက် သတင်းပေးသဖြင့်  မုန်းနယ်မြေရဲစခန်းသို့ဖုန်းဆက် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး  အခင်းဖြစ်စဉ်နေရာအား သွားရောက်စစ်ဆေးခဲ့ရာ  မစန္ဒာဝင်းမှာ ပက်လက်အနေအထားဖြင့်  လည်ပင်းညိုမဲ ဒဏ်ရာဖြင့် သေဆုံးနေပြီး  အလောင်း၏ ဘေးပတ်လည်၌ ရုန်းရင်းဆန်ခတ် ဖြစ်ထားကာ မြက်များ ကြေမွနေကြောင်း  ၎င်း ဝတ်ထားသော ငွေဒါးတံဆိပ် အဖြူရောင်ဖိနပ် တစ်ရံ နှင့် ခရမ်းရောင်ဘီးတစ်ချောင်း သုံးထောင့်ထိုး ဓါတ်မီးတစ်လက်တို့တွေ့ရှိရပြီး ဝတ်ထားသော ထမီမှာလည်းအောက်သို့ လျှောကျ ကာ ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း မြင်တွေ့ရသဖြင့် အခင်းဖြစ်စဉ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း  မှတ်တမ်းဓါတ်ပုံရိုက်ခြင်း  သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း  စသည့်ရဲလုပ်ငန်းအပြည့်အစုံဆောင်ရွက်ကာ အလောင်းရဲဆေးစာဖြင့်  မုန်းတိုက်နယ်ဆေးရုံသို့ ပိုဆောင်၍ဆေးစစ်ချက်များရယူခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍ သေဆုံးသူ မစန္ဒာဝင်း၏ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်မှ သမီးဖြစ်သူအား သတ်ခဲ့သည့်တရားခံအားဖေါ်ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ  မုန်းနယ်မြေရဲစခန်းမှ  (ပ')၆၃/၂၀၁၄ ပြစ်မှု့ပုဒ်မ  ၃၀၂  ဖြင့် အမှု့ဖွင့်  ကာ   စခန်းမှူးရဲအုပ်ခင်စိုးလွင် မှ   လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန်အတွက်  စုံစမ်းစစ်ဆေး နေကြောင်းသတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ