Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

မြန်မာ့ပြည် တန်ဆာ ခေါင်းပုံဖြတ် မခံရရေး ယူအဲန် အမျိုးသမီးများ စင်္ကာပူ၌ ဆွေးနွေး

အောက်တိုဘာလ ၁၇ ရက် ၂၀၁၄

စင်ကာပူနိုင်ငံတွင် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်က ကျင်းပသော Asian Women Parliamentarian Conference 2014 တွင် မြန်မာနိုင်ငံ အမျိုးသမီးများ အခွင့်အရေး အပါအဝင် ပြည့်တန်ဆာ လုပ်ငန်း ခေါင်းပုံဖြတ် မခံရရေး အတွက် ဆွေးနွေးကြသည်။

စင်ကာပူနိုင်ငံရှိ ယူအဲန်အမျိုးသမီးအဖွဲ့က ကမကထပြုကျင်းပခဲ့သော Women Policy and political leadership ဆွေးနွေးပွဲတွင် မြန်မာ့ပြည့်တန်ဆာ လုပ်ငန်းသည် တရားမဝင်လုပ်ငန်းဖြစ် နေသေးသည်ဖြစ်ရာ လိင်လုပ်သားများသည် လုပ်ငန်းရှင်များ၏ ခေါင်းပုံဖြတ်မှု ခံနေရသည့် အကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့သည်။

တဖက်တွင်လည်း ဒေသခံအာဏာပိုင်များက ၎င်းလုပ်ငန်းအပေါ် ငွေညှစ်လာဘ်စားသောကြောင့် နိုင်ငံတော်မှ ရသင့် ရထိုက်သော ဝင်ငွေများ ဆုံးရှုံးရကြောင်း ထို့အတွက် မည်သို့ထွက်ပေါက်ရှာမည်ကို ဆွေးနွေး ကြောင်း ကြားသိရပါသည်။

“အာရှထဲက တခြားသော နိုင်ငံတွေမှာကော ပြည့်တန်ဆာလုပ်ငန်းအတွက် ဥပဒေရှိပါလားပေါ့။ ရှိတယ် ဆိုရင် ဘယ်လိုဥပဒေတွေရှိသလဲ။ အဲဒီလုပ်ငန်းကို ဥပဒေနဲ့တရားဝင်ခွင့်ပြုထားတာ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိပါသလဲ စတာတွေ ဆွေးနွေးမေးမြန်းကြည့်ပါတယ်။” - ဟု တက်ရောက်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းဝါနုက သျှမ်းသံတော် ဆင့်သို့ပြောပြ သည်။

“ထိုင်းနိုင်ငံမှာလဲ ဒီကိစ္စတားမြစ်ထားတယ်။ လက်တွေ့မှာ ဒီလုပ်ငန်းအပေါ် ဘယ်သူမှ မဟန့်တားနိုင် ဘူး။ ဒီတော့ တရားမဝင်လုပ်ငန်းကို အားပေးတဲ့သူတွေကဘဲ ရိုက်စားသွားတယ်။ အာဏာပိုင်တွေလဲ လာဘ်ပေး လာဘ်ယူနဲ့ ချစားမှုတွေ ပိုများလာတယ်။ ကျနော်တို့နိုင်ငံလဲ ဒီအတိုင်းဖြစ်လာမှာဘဲ။ အခု တောင်မှ တအားများနေပြီ” - ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား စိုင်းဝမ်း က ပြောသည်။

မြန်မာနိုင်ငံပြည့်တန်ဆာလုပ်ငန်းနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် မစန္ဒာမင်းက “ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခေတ် ကာလနှင့်လိုက်လျောညီထွေမှု မရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်ရှိမရှိ” ဟု ယမန်နှစ်က ပြည်သူ့လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့ဖူးပါသည်။

စင်္ကာပူ၌ ကျင်းပလျက်ရှိသည့် အစည်းအဝေးတွင်- အာရှနိုင်ငံရှိ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီး များ အုပ်ချုပ်မှုပိုင်းနှင့်တရားစီရင်မှုပိုင်း တွင်ပါဝင် မှုအားနည်းနေခြင်း၊ အမျိုးသမီးများအတွက် ဥပဒေနှင့် ရပိုင်ခွင့် စသည်တို့ကို ဆွေးနွေးပွဲပထမနေ့တွင် ဆွေးနွေးခဲ့ပါသည်။ အောက်တိုဘာ ၁၇ ရက် ယနေ့ ဆွေးနွေးပွဲတွင်မူ အမျိုးသမီးများ မီဒီယာပိုင်းတွင်ပါဝင်မှု စသည်တို့ပါဝင်သည်ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၄ ဦးတက်ရောက် သည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါ နိုင်ငံ၊ မွန်ဂိုးရီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံ တို့မှ အမျိုးသမီးများလည်းတက်ရောက်ပါသည်။

တက်ရောက်သည့်မြန်မာနိုင်ငံသားလေးဦးမှာ ကွန်ဟိန်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု၊ ကရင်အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန့်ဆေးဟွား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ် ဖြူဖြူသင်း နှင့် ဒေါ်စုစုလွင် တို့ ဖြစ်ပါသည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ