ယနေ့(အောက်တိုဘာ ၁၇ရက်) နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ
၄၀၉ အတွက် ထောင်ဒဏ် ၃နှစ် နှင့် အစိုးရကို အကြည်အငြိုပျက်စေမှု ပုဒ်မ ၁၂၄(က)
အတွက် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် ၁သိန်း သီးခြားစီ ကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပုဒ်မ ၁၂၄(က)အတွက် ချမှတ်သည့် ငွေဒဏ် ၁သိန်းအား မထမ်းဆောင်ပါက ထောင်ဒဏ် ၁နှစ် ထပ်တိုး ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
လွန်ခဲ့သော ဇွန်လ ၁၉ ရက်က သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ငွေကျပ်သိန်း
၁၀၀ အလွဲသုံးစားမှုဖြင့် (စ.စ.စ)က အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ပြုလုပ်သည့်
၂၇ကြိမ်မြောက် ရုံချိန်း၌ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment