Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

ဟောင်ကောင် ရဲလုပ်ရပ် သတင်း ထိမ်ချန်မှု သတင်းသမားတွေ ကန့်ကွက်

ဟောင်ကောင်ရဲတွေက လက်ထိပ်အခတ်ခံနေရတဲ့ ဆန္ဒပြသူ တဦးကို ရိုက်နှက်နေတဲ့ video ခွေဟာ တရုတ်နိုင်ငံရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ကွန်ပြူတာ အွန်လိုင်းမှာ အလျင်အမြန် ပျံ့နှံ့သွားချိန်မှာပဲ  အခုလို ရဲတွေရဲ့ မတရားတဲ့ အပြုအမူနဲ့ အကြမ်းဘက်မှုတွေနဲ့ ပါတ်သက်ပြီး သတင်းသမားတွေက ကန့်ကွက်လာကြပါတယ်။

ဒီသတင်းကို TVB သတင်းဌာနက ဖေါ်ပြရာမှာ မူရင်းမဟုတ်ပဲ  အရိုက်နှက်ခံရ တာကို မပြပဲ ပြောင်းပစ်တာနဲ့ ပါတ်သက်ပြီး လွန်ခဲ့တဲ့ ၂ ရက်က    TVB သတင်းဌာနက သတင်းသမား ၄၀ ကျော်က အိတ်ဖွင့်ပေးစာ တစောင်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။  ဆန္ဒပြသူကို ရဲက ကန်ကျောက် ရိုက်နှက်တဲ့ ပုံကို TVB စီမံခန့်ခွဲရေးက  ဖယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။

TVB ဝန်ထမ်း ၈၀ ကျော်ကလည်း  သတင်းသမားတွေကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာကိုထုတ်ပြန်ခဲ့ ပါတယ်။  ဟောင်ကောင် သတင်းသမားများ အဖွဲ့ အပါအဝင် ဟောင်ကောင်မှာရှိတဲ့ သတင်းသမဂ္ဂနဲ့ အဖွဲ့အစည်း ၇ ခုကလည်း TVB သတင်းဌာနကသတင်းထောက်တွေရဲ့ လုပ်ရပ်ကို အပြည့်အဝထောက်ခံကြောင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်ရဲကတော့ အခုလို လက်ထိပ်အခတ်ခံရသူကို ရိုက်နှက်ခဲ့ရာမှာ ပါဝင်သူ ရဲအရာရှိ ၅ ဦးကို ရာထူးက ချထားလိုက်သလို မှုခင်းစုံစမ်းရေးအဖွဲ့တခု ဖွဲ့လိုက်ကြောင်း ကြာသပတေးနေ့မှာပဲ ပြောကြားလိုက်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ