Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

အိမ်မဲမြို့မော်တော်ဆိပ်ရွှေ့ပြောင်းမှုကြောင့် ခရီးသွားများဒုက္ခရောက်နေ

အောက်တိုဘာ ၁ ရက်၊ (အိမ်မဲ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့ ကမ်းနားလမ်း မှာရှိတဲ့ မော်တော်ဆိပ်ကို အာဏာပိုင် တွေက ဈေးနဲ့ဝေးတဲ့ နေရာကို ရွှေ့ပြောင်း ပစ်ခဲ့တဲ့ အတွက် နေ့စဉ်နဲ့ အမျှ အိမ်မဲမြို့ကို လာရောက်ကြတဲ့ ခရီးသည်တွေ အခက်အခဲဖြစ် ဒုက္ခရောက် နေကြတယ်လို့ သစ်ထူးလွင်က သတင်း ရရှိပါတယ်။

အိမ်မဲမြို့မ ဈေးကြီးနဲ့ ကမ်းနားလမ်းပျံကျဈေးအနီးမှာတည်ရှိတဲ့ မော်တော်ဆိပ်ကို ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီးတော့ ဈေးတွေနဲ့ဝေးရာ ကမ်းနားလမ်းက ဘုရားကြီးတန်ဆောင်းအနီးကို ရွှေ့ပြောင်းပစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မော်တော်တွေဆိပ်ကပ်ရာနေရာမှာ ခရီးသည်များအတက်အဆင်းပြုလုပ်နိုင်တဲ့ ဆိပ်ခံတံတား မရှိတာကြောင့် အိမ်မဲမြို့အနီးတ၀ိုက်က လာရောက်ကြတဲ့ ခရီးသည်တွေမှာ မော်တော်ပေါ်အတက်အဆင်း အခက်အခဲများစွာဖြစ်နေတယ်လို့ အိမ်မဲမြို့မှာ ဈေးလာဝယ်တဲ့ ခရီးသည်တဦးက ပြောပါတယ်။

“ဆိပ်ခံမရှိတော့ မော်တော်ပေါ်အတက်အဆင်း လုပ်ရတာ မလွယ်ဘူး။ အသက်ကြီးတဲ့လူတွေ၊ ကလေးအမေတွေ၊ အိမ်မဲမှာ ဆေးခန်းလာပြတဲ့လူနာတွေအတွက် ပိုဆိုးတာပေါ့။ ဟိုတရက်ကပဲ အမျိုးသမီးတဦး မော်တော်ပ်ါကပြုတ်ကျတာ လက်ကျိုးသွားတယ်။ ကလေးတယောက်က ပုလင်းကွဲစူးလို့ ၃ ချက် ချုပ်လိုက်ရတယ်။ အဲ့လို ဒုက္ခတွေကြုံနေရပါတယ်။ ဒါ့အပြင် မော်တော်ဆိပ်နဲ့ ဈေးနဲ့ကဝေးတော့ ဆိုက်ကားခ၊ ဆိုင်ကယ်ခတွေ အပိုကုန်ရတယ်။ ခါတိုင်းဆိုရင် မော်တော်ဆိပ်က ဈေးနားမှာဆိုတော့ အရမ်း အဆင်ပြေတယ်။ ခုလိုဒုက္ခတွေလည်း မရှိဘူး။ ဒါကြောင့် အဒေါ်တို့ခရီးသည်တွေအနေနဲ့ မော်တော်ဆိပ်ကို ဈေးနားမှာပဲ ထားစေချင်ပါတယ်”လို့ ခရီးသွားအမျိုးသမီးကြီးက သစ်ထူးလွင်ကို ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပဲ ၈ လသားအရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူဟာ မော်တော်ပေါ်အတက်မှာ ရေထဲပြုတ်ကျလို့ အနီးနားကလူတွေ ၀ိုင်းဝန်းဆယ်ယူခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အခုလို မော်တော်ဆိပ်တွေ ရွှေ့ပြောင်းရတဲ့အကြောင်းရင်းကတော့ ၁၉၉၂ ခုနှစ်က မြို့သန့်ရှင်းသာယာ လှပရေး စီမံချက်အရ ကမ်းနားလမ်းမှာ အိမ်ဖျက်ပေးခဲ့ရတဲ့ အိမ်ပိုင်ရှင် ၈၄ ဦးကို မူလမြေနေရာတွေ ပြန်ပေးဖို့အတွက်  ပြည်ထောင်စုလွှတ်တော်က အကြံပြုချက် ပေးပို့ထားခဲ့ရာမှာ အိမ်မဲမြို့ အာဏာပိုင်တွေက အဲဒီအကြံပြုချက်ကို အကောင်အထည်ဖော်ဖို့ ကမ်းနားလမ်းမှာရှိတဲ့ ပျံကျဈေးနဲ့ မော်တော်ဆိပ်တွေကို စတင်ရှင်းလင်းတာဖြစ်တယ်လို့ အိမ်မဲမြို့ခံတွေက ပြောပါတယ်။

ကမ်းနားလမ်းမှာ အိမ်ဖျက်ပေးခဲ့ရတာဟာ အိမ်ရှင် ၈၄ မဟုတ်ဘဲ ၃၈၅ ဦးဖြစ်တာကြောင့် ပြည်ထောင်စု လွှတ်တော်ရဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အကြံပြုချက်မှာပါတဲ့ အချက်အလက်တွေ မှားယွင်းနေကြောင်း အိမ်မဲမြို့ခံ ရှေ့နေတဦးက ဝေဖန်ထောက်ပြပါတယ်။

“၁၉၉၂ မှာ အိမ်ဖျက်ပေးခဲ့ရတဲ့အိမ်ရှင်က ၈၄ ဦးမဟုတ်ပါ။ ၃၈၅ ဦးဖြစ်ပါတယ်။ မယုံရင် တာဝန်ရှိသူများ အိမ်မဲမြို့မှာ လာမေးကြည့်ပါ။ အိမ်ဖျက်ခံရသူတွေက ပြောပြပါလိမ့်မယ်။ အဲဒီအိမ်တွေ ဖျက်ခဲ့ရတုန်းက ကျနော်ကိုယ်တိုင် ကိုယ့်အိမ်ကိုယ်ဖျက်ယူပြီး ကွက်သစ်ထဲမှာ အစားပြန်ပေးတဲ့မြေကွက်မှာ ပြောင်းရွှေ့ နေခဲ့ရတာပါ”

“ကော်မရှင်အကြံပြုချက်အတိုင်း မူလအိမ်ရှင် ၈၄ ဦးကို ကမ်းနားလမ်းမှာ အိမ်တွေပြန်ဆောက်ဖို့ မြေပြန်ပေးမယ်ဆိုရင် တခြားအိမ်ရှင် ၃၀၀ လောက်ကလည်း အိမ်တွေပြန်ဝင်ဆောက်ကြပါမယ်။ အိမ်ဖျက်ခံရသူတွေကို နေရာအစားပြန်ပေးဖို့ လယ်တွေအသိမ်းခံထားရတဲ့ လယ်သမားတွေကလည်း သူတို့လယ်တွေကို ပြန်တောင်းကြပါမယ်။ အဲဒီအခါကျတော့ နှစ်ပေါင်း ၂၀ လောက် အထိုင်ကျနေတဲ့ အိမ်မဲမြို့အခြေအနေက ပိုဆိုးပြီး ပြဿနာတွေတပုံကြီးနဲ့ အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်။ အိမ်ရှင်အချင်းချင်း၊ အိမ်ရှင်နဲ့ လယ်သမား၊ လယ်သမားနဲ့ အစိုးရ စသဖြင့် ရှင်းလို့မရတဲ့ပြဿနာတွေ တက်ကုန်ပါလိမ့်မယ်”လို့ ရှေ့နေကြီးက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် မြေယာကော်မရှင်ရဲ့အကြံပြုချက်အရ အိမ်မဲမြို့အာဏာပိုင်တွေက ကမ်းနားလမ်း ရှင်းလင်းရေးဆောင်ရွက်ရာမှာ မော်တော်ဆိပ်ကို ပြောင်းရွှေ့ပစ်ခဲ့ပြီး ကမ်းနားလမ်းကပျံကျဈေးကိုလည်း အိမ်မဲမြို့ပြင်က စာချွန်ကံရပ်ကွက်ကို စက်တင်ဘာလကုန်မှာအပြီးဖျက်သိမ်းရွှေ့ပြောင်းဖို့  ဈေးသည်တွေကို ပြောဆိုထားကြောင်း သိရပါတယ်။

စာချွန်ကံရပ်ကွက်မှာ ဆိုင်ခန်းပေါင်း ၁၉၈ ခန်းပါတဲ့ ပျံကျဈေးသစ်တခုကို အစိုးရတာဝန်ရှိသူတွေက တည်ဆောက်ပေးထားကြောင်း သိရပါတယ်။

“ကျမတို့ကိုရွှေ့ပြောင်းခိုင်းတဲ့ စာချွန်ကံရပ်ကွက်ဆိုတာက မြို့ပြင်မှာရှိတာ။ ဘယ်လိုမှ ဈေးရောင်းလို့ အဆင်ပြေတဲ့နေရာ မဟုတ်ဘူး။ ဈေးသည်တွေအတွက် အဆင်မပြေသလို၊ ခရီးသည်တွေအတွက်လည်း အဆင်မပြေဘူး၊ မော်တော်သမားအတွက်လည်း အဆင်မပြေဘူး။ ဈေးမော်တော်တွေကို အမှီပြု ရောင်းချရတဲ့ ဈေးမကြီးအတွက်လည်း အဆင်မပြေဘူး”လို့ အိမ်မဲမြို့က ပျံကျဈေးသည်တဦးက ပြောပါတယ်။

လက်ရှိမှာ ဖျက်သိမ်းပြောင်းရွှေ့ရမယ့် ပျံကျဈေးမှာ ဈေးသည် ၁၅၀ ကျော် ဈေးရောင်းချနေတာ ဖြစ်ပြီး နေရာသစ်မှာ ဈေးရောင်းဈေးဝယ်အဆင်မပြေခဲ့ရင် သူတို့မိသားစု စားဝတ်နေရေး ခက်ခဲကြပ်တည်းကြမှာကို ဈေးသည်တွေ စိုးရိမ်နေကြပါတယ်။

“မူလမြေပိုင်ရှင်ဆိုတဲ့သူတွေကို ပြန်ပေးဖို့သက်သက်နဲ့တော့ ကမ်းနားလမ်းက ပျံကျဈေးနဲ့ မော်တော်ဆိပ်ကို ရွှေ့ပြောင်းတာတွေ မလုပ်သင့်ဘူးထင်ပါတယ်။ ဘာလို့ဆိုတော့ မြေပိုင်ရှင်တွေထဲမှာ ဒီမြေကိုမရလို့ မိသားစုတွေ ဒုက္ခရောက်ပြီး ဘ၀ပျက်နိုင်တဲ့သူမပါဝင်ပါဘူး။ ဈေးသည်တွေက ဒီကနေ ပြောင်းရပြီး ဈေးသစ်မှာ အရောင်းအ၀ယ်အဆင်မပြေရင် ဘ၀ပျက်နိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့် ကမ်းနားလမ်းက နိုင်ငံတော် စီမံချက်နဲ့ လုပ်ဆောင်ထားတဲ့မြေတွေကို အများပြည်သူအကျိုးစီးပွားအတွက် မော်တော်ဆိပ်အဖြစ်နဲ့ ထားပြီး ပျံကျဈေးကိုလည်း သပ်သပ်ရပ်ရပ်နဲ့ တည်ဆောက်ပေးခဲ့ရင် အားလုံးအတွက် အဆင်ပြေနိုင်ပါတယ်”လို့ အိမ်မဲမြို့ခံတဦးက ပြောပါတယ်။

ကမ်းနားလမ်းမှာ နှစ်ပေါင်း ၂၀ ကျော် ဈေးရောင်းချခဲ့တဲ့ ပျံကျဈေးသည်တွေကတော့ လက်ရှိနေရာမှာပဲ ဈေးသစ်တခုကို သပ်သပ်ရပ်ရပ်နဲ့ တည်ဆောက်ပေးစေလိုပြီး အစိုးရအနေနဲ့ ဆောက်ပေးခဲ့မယ်ဆိုရင် ဈေးဆောက်မယ့်ကုန်ကျငွေတွေ ၀ိုင်းဝန်းထည့်ဝင်ပေးကြမယ်လို့ ပြောဆိုကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ