Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 8, 2014

ကျောက်ဆည်မြို့၏ ရိုးရာဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ



ကျောက်ဆည် အောက်တိုဘာ ၈
အနော်ရထာမင်းကြီး၏ ကျေးဇူးကို စောင့်သိသောအားဖြင့်    နှစ်စဉ် ကျင်းပမြဲဖြစ်သော ကျောက်ဆည်မြို့၏ ရိုးရာ ဆင်လှူ ပွဲတော်ကို အောက်တို ဘာ ၈ ရက်တွင် စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။ ဆင်လှူပွဲတော် ဖွင့်ပွဲအခမ်း အနားကို နံနက် ၈ နာရီ တွင် ရွှေသာလျောင်းတောင်ခြေဆင် ပြိုင်ကွင်းဗဟိုမဏ္ဍပ်၌ကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်း၊  မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးသန်း စိုး မြင့်၊  ကျောက်ဆည်အသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌဗိုလ်မှူးကြီးမျိုးမြင့်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယခုနှစ် ဆင်လှူပွဲတော်တွင် ဆင် အဖွဲ့ပေါင်း ၇၅ ဖွဲ့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့်အပြင် မြို့မဈေး  ကြီးကို   သုံးပတ်ပတ်ကာဧည့်ခံကပြ ဖျော်ဖြေခဲ့ကြပြီး ဆင်ပြိုင်ပွဲတွင်လည်း ဆင်အမျိုးအစား   သုံးမျိုးဖြစ်သည့် ကလေး ဆင်အဖွဲ့ ကိုးဖွဲ့၊ ရိုးရာဆင် အဖွဲ့ ၁၂ ဖွဲ့၊   ဘော်ကြယ်ဆင်အဖွဲ့ လေးဖွဲ့ စုစုပေါင်း ၂၅ ဖွဲ့က ဆင် ၂၅  စီးဖြင့် ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။
ဆင်လှူပွဲတော်နှင့်ဆင်အကအလှပြိုင်ပွဲသို့ အနယ်နယ် အရပ်ရပ်မှ ဆင်ပွဲလာပရိသတ်များနှင့် နိုင်ငံခြားခရီးသွား ဧည့်သည် များနှင့်စည်ကားလှပမှုကို  ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးက “ကျွန်တော်တို့ဆင်ပွဲက မြန်မာနိုင်ငံ တစ်နိုင်ငံတည်း ကျော်ကြားတာမဟုတ်ပါဘူး။ ကမ္ဘာမှာပါ ကျော်ကြားတာ၊ နှစ်စဉ် နိုင်ငံခြားခရီးသွားဧည့်သည်တွေလာ တယ်။ ဒီနှစ်ဆိုရင် နိုင်ငံခြားခရီးသွားဧည့်သည် ၅၀ လောက်လာတယ်၊   သူတို့လည်းဆင်ပြိုင်ပွဲ ကိုကြည့် ပြီး ပျော်နေတာတွေ့ရတယ်၊ ဒီနှစ်က တခြားဒေသတွေစိုးရိမ်စရာတွေ ဖြစ်နေတာတွေကြောင့် ဆင်ပွဲမစည်ကားမှာစိုးရိမ်ခဲ့သေးတယ်၊   ဒါပေမယ့်  အရင်နှစ်တွေ ကထက်တောင် စည်ကားတယ်လို့  ကျွန်တော်ကတော့ထင်တယ်” ဟု ပြောကြားခဲ့သလို သန်လျင်ကျောက်တန်းမှ  လာ ရောက်သည့်  ဆင်ပွဲလာအမျိုးသမီးပရိသတ်တစ်ဦးကလည်း“ ကျောက်ဆည်ဆင်ပွဲကို   နာမည်ကြီးနေတော့  လာချင် တာကြာပြီ၊  ဒီနှစ်တော့ အရောက်ကိုလာတာ၊ လာရ တာ ဝေးတော့ ကားခကုန်ပေမယ့်ဒီကိုရောက်တော့ ဆင်ပြိုင်ပွဲကို မြင်ရ တာနဲ့တင်တန်တယ်။    ပျော်စရာလည်းကောင်းတယ်။ စည်လည်းတအားစည်တယ်” ဟု ရင်းတွင်းပီတိစကားများကို ကြားခဲ့ရသည်။
ယခုနှစ် ဆင်ပြိုင်ပွဲတွင် ဆုကြေးများကိုရိုးရာဆင်အဖွဲ့ဆုရရှိသောဆင်များကို ပထမရှစ်သိန်း၊ ဒုတိယခြောက် သိန်း၊ တတိယဆုကိုလေးသိန်း၊  ဘော်ကြယ် ဆင်အမျိုး အစားမှ ဆုရရှိသောပထမဆုဆင်အဖွဲ့ကို ခုနစ်သိန်း၊ ဒုတိယဆုကို ငါးသိန်း၊ တတိယဆုကိုသုံးသိန်းနှင့်ကလေး ဆင်ပြိုင်ပွဲ အမျိုးအစားတွင် ပထမဆုကို ငါးသိန်း၊ ဒုတိယဆုကို သုံးသိန်း၊ တတိယဆုကို  တစ်သိန်းချီးမြှင့်ခဲ့ သည်။ ထို့အပြင် နှစ်သုံးဆယ်အထက် နှစ်စဉ်မပျက်ပါဝင် လှည့်လည်ကြသော သက်ကြီး ဆင်များကို “ဇွဲဆု”၊   ပြိုင်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဒိုး၊ နှဲ၊ လင်းကွင်း၊ မောင်း၊    ဝါးလက်ခုပ်စသည်တို့ဖြင့်   ရှေးရိုးရာအတိုင်း ရိုးရိုးအက၊    အရိုင်အကများဖြင့် မြို့မဈေးကိုသုံးပတ်ပြည့် အောင်   လှည့်လည် ကပြသော   ဆင်အဖွဲ့များကိုလည်း ရှေးရိုးရာဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။   


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ