Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

ပဟေဠိဆန်ဆန် ပျောက်ဆုံးနေသည့် ကင်ဂျုံအန် အကြောင်းကို တောင်ကိုရီးယား ဖွင့်ချ

ဆိုးလ် ၊ ၂၉-၁၀-၂၀၁၄

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နိုင်ငံရေး ဇာတ်ခုံ မှ ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည့် ရက်သတ္တ ခြောက်ပတ်ကြာ ကာလအတွင်း နိုင်ငံတကာတွင် ဂယက်ရိုက် သွားခဲ့ရာ ယမန်နေ့တွင် တောင် ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က ကင်မ်ဂျုံအန် လူမြင်ကွင်းမှ ပျောက်ဆုံး နေရသည့် အကြောင်းရင်း ကို ဖွင့်ချခဲ့ကြောင်း သိရသည်။

ကင်ဂျုံအန် ၏ ညာခြေ မျက်စိတွင် အကျိတ် ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလ အတွင်း နိုင်ငံခြား ဆရာဝန် တစ်ဦးက ခွဲစိတ် ကုသပေးခဲ့ ရကြောင်း၊ သို့သော် ယင်း အကျိတ်သည် အမြစ်ပြတ် ပျောက် သွားနိုင်ဖွယ် မရှိဘဲ ကင်ဂျုံအန် ၏ ကိုယ် အလေးချိန် အလွန်အကျွံ တိုးလာခြင်း၊ ဆေးလိပ် သောက်ခြင်း နှင့် အလုပ်များခြင်း တို့ကြောင့် ယင်း အကျိတ်မျိုး ထပ်မံ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

ကင်ဂျုံအန် ကို စက်တင်ဘာ ၃ ရက် အထိသာ တွေ့မြင်ခဲ့ရပြီး ကြားကာလတွင် ရုတ်တရက် ပျောက်ခြင်းမလှ ပျောက်နေခဲ့ ရာမှ အောက်တိုဘာ ၁၄ ရက်တွင် လူထုမြင်ကွင်း ထဲသို့ ပြန်ပေါ် လာခြင်းဖြစ်ပြီး ကိုယ်အလေးချိန်ကို ပြန်လည် ထိန်းထား နိုင်ဖွယ်ရှိကာ တပြုံးပြုံး နှင့် မြင်တွေ့ ရကြောင်း သိရသည်။

ကင်ဂျုံအန် မိသားစုသည် မြောက်ကိုရီးယား ကို ၁၉၄၈ ခုနှစ်မှ စတင် အုပ်ချုပ် နေခဲ့ခြင်း ဖြစ်လေရာ ကင်ဂျုံအန် ရုတ်တရက် ပျောက်ကွယ် သွားခြင်း က မြောက်ကိုရီးယား နှင့်အတူ ကမ္ဘာ တစ်ဝန်းအတွက် ဂယက်ရိုက်ဖွယ် ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။ ကင်ဂျုံအန် ပျောက်ကွယ် သွားရခြင်းမှာ အာဏာ အသိမ်းခံရခြင်း ကြောင့် ဖြစ်သည် ဟု ထင်ကြေးများ ထွက်ပေါ် ခဲ့သေးသည်။

ကင်ဂျုံအန် သည် သဘောထား တင်းမာသူ ဖြစ်ပြီး ၄င်း၏ အာဏာကို ထိပါး လာနိုင်ဖွယ် ရှိသူများကို ပြင်းပြင်း ထန်ထန် နှိပ်စက် သတ်ဖြတ်လေ့ ရှိသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ က မြောက်ကိုရီးယား တွင် ကင်ဂျုံအန် ပြီးလျှင် အာဏာ အရှိဆုံး ဖြစ်သော ဦးရီးတော်ကို ကွပ်မျက် ခဲ့သည်။ တစ်ဖန် တောင်ကိုရီးယား တွင် ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာရှ အားကစား ပွဲတော် ပိတ်ပွဲသို့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ် ရောက်ရှိ တက်ရောက် ခဲ့ရာ ကင်ဂျုံအန် နှင့်ပတ်သက်၍ သံသယ ပိုရှိလာရာမှ ယခု တောင်ကိုရီးယား က ကင်ဂျုံအန် အနေဖြင့် လူထု ရှေ့မှောက် လမ်းထွက် လျှောက်ပြခြင်း မရှိသည်မှာ ခြေထောက်တွင် ခွဲစိတ်ကုသမှု ခံယူနေခဲ့ ရခြင်းကြောင့် ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည် ဟု သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ