Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ် ဖို့ စစ်တမ်းကောက်ယူမည်

အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်နိုင်ဖို့ အတွက် ပြည်နယ်နဲ့တိုင်း ၁၅ခုရှိ မြို့နယ်ပေါင်း ၁၀၈ ခုက လူနေမှု စရိတ်တွေကို လာမယ့် နိုဝင်ဘာလမှာ စစ်တမ်း ကောက်ယူ သွားဖို့ ဒီနေ့ နေပြည်တော်၊ အလုပ် သမား ၀န်ကြီး ဌာနရုံးမှာ ၀န်ကြီးတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပူးပေါင်း ပြုလုပ်တဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ စစ်တမ်းမှာ မြို့နယ်အသီးသီးက ကုန်ဈေးနှုန်း၊ ခရီးစရိတ်တွေနဲ့ အိမ်ထောင်စုတွေရဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းဖေါ်ပြမှာ ဖြစ်တယ်လို့ မနေ့က အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင်က ပြောပါတယ်။

"အနိမ့်ဆုံး လုပ်ခလစာ ထွက်လာဖို့က လူနေမှုစရိတ်ပေါ့ အခြေခံကုန်ကျစရိတ်ထွက်ဖို့လိုအပ်တယ် အခြေခံကုန်ကျစရိတ်ဟာ မြို့အသီးသီးကဈေးတွေကနေပြီးတော့မှ ကုန်ဈေးနှုန်း သွားလာစရိတ် အဲ့ဒါတွေလဲ ကားဂိတ်ကနေကောက်ရမှာပေါ့ဗျာ ပြီးတော့ ကျန်းမာရေးစရိတ်တို့ ကျောင်းသားအရွယ် ကျောင်းစရိတ်တို့ အဲ့ဒါတွေကလည်း သူနဲ့သက်ဆိုင်တဲ့ အသီးသီးနေရာကနေ ကောက်ပြီးတော့မှ လူတစ်ယောက်ဟာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာမျိုးကို စံနမူနာကောက်ရမှာပေါ့"

အဲဒီစစ်တမ်းကို အလုပ်သမား၊အလုပ်အကိုင်နဲ့ လူမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေအပြင် ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းက တာဝန်ရှိသူတွေ ပူးပေါင်းကောက်ယူ ကြမှာဖြစ်ပါတယ်။

အဲဒီနောက် စစ်တမ်းကရရှိလာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်ဖို့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ