Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

DKBA ဗျူးဟာမှူးကို ဖမ်းဝရမ်းထုတ်

DKBA ဗျူးဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။

ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲတုန်းက အစိုးရ စစ်တပ်ဆီက သိမ်းယူထားတဲ့ သေနတ်ရှည် ၆ လက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက ကော့ကရိတ် အခြေစိုက် စကခ ၁၂ က တဆင့် DKBAက အစိုးရကို ပြန်ပေးလိုက်ပေမယ့် DKBA ရဲ့ လက်နက် တွေကိုတော့ ပြန်ပေးခြင်း မရှိပဲ DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကိုပါ အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာလို့ DKBA ဖက်ကပြောပါတယ်။

သူတို့ဘက်က ငြိမ်းချမ်းရေး လိုချင်တဲ့အတွက် သေနတ်တွေ ပြန်အပ်ခဲ့ကြောင်း၊ အဲဒါကို အခုလို ဖမ်းဝရမ်း ထုတ်မယ် ဆိုရင်တော့ လက်ခံမှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ် စောကျော်သက်က ပြောပါတယ်။

တချိန်တည်းမှာ ရန်ကုန်မြို့ NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေတဲ့ DKBA ဗိုလ်မှူးကြီး ဆန်းအောင် အဖွဲ့ မွန်ပြည်နယ် ဆက်ဆံရေးရုံးမှာ အပ်နှံသွားတဲ့ သေနတ်တို နှစ်လက်ကိုလည်း စစ်တပ်က သိမ်းဆည်း သွားတယ်လို့ DKBA ဘက်က ပြောပါတယ်။


ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ