Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

HIV/AIDS အတွက်ဆိုတဲ့ Sexy Dance Party နဲ့ မီဒီယာ

တချို့မီဒီယာတွေက သတင်းဓာတ်ပုံဆိုတာထက် Sexy Post အသားပေး ရိုက်ကူးဖော်ပြတာပါ။ ဒီတော့ အဲဒီ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ကုန်သလို ဒါဟာ သတင်းဓာတ်ပုံလား ဆိုပြီး မေးခွန်း ထုတ်စရာ တွေဖြစ်လာ . . .ဒီလိုပွဲမျိုးမှာ ဒီလိုတွေ ဖြစ်ကုန်ကြပြီလို့ သတင်းပေး ချင်တာလားဆိုတာ မသဲမကွဲတွေ တောင်ဖြစ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

မကြာခင်ရက်ပိုင်းအတွင်း HIV/AIDS ရောဂါပိုး ကူးစက်ခံရသူတွေအတွက် ရန်ပုံငွေဆိုပြီး အမျိုးသမီးသုံးဦးက ကပွဲ လုပ်သတဲ့ဗျာ။ ကပွဲလုပ်တာကလည်း မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ဆိုရှယ်ကျသူတွေ သွားတတ်ကြတဲ့ ကလပ်တဲ့။ ကတဲ့ ကကွက်တွေကို ကြည့်ပြန်တော့လည်း မောင်နှမသားချင်းတောင် မကြည့်ချင်စရာ ဖြစ်အောင် ပါပဲ။ (ကျွန်တော်ကိုယ်တိုင် ကြည့်တာမဟုတ်ပါ။ သူတို့ ကပွဲလုပ်တဲ့ အကြောင်းကို ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းတွေ အရ ပြောတာပါ)။

လူမှုကွန်ရက် Facebook ပေါ်မှာ Sexy မော်ဒယ်လ်လို့လူသိများတဲ့ အမျိုးသမီးသုံးဦးက Dance for Life Party ဆိုပြီး လုပ်ခဲ့တာပါ။ အဲဒီက ရတဲ့အကျိုးအမြတ် HIV/AIDS ရောဂါပိုး ကူးစက်ခံရသူတွေ အတွက် ထောက်ပံ့ ကြေး ရန်ပုံငွေတဲ့။ Dance for Life ဆိုတဲ့ ဒီနာမည်ဟာ အမေရိကန်နိုင်ငံ ချီကာဂိုအခြေစိုက် အကအဖွဲ့ရဲ့ နာ မည်ဖြစ်ပြီး သူတို့ကလည်း ကပြဖျော်ဖြေမှုကနေ ရလာတဲ့ ရန်ပုံငွေတွေကို HIV/AIDS ရောဂါ ကူးစက်ခံရ သူတွေအတွက် ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။

ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ အမျိုးသမီးတွေတန်မယ့် အမျိုးသားအများ စုမြူး ထူးပျော်ပါးရာ နိုက်ကလပ်တစ်ခုမှာ တိုင်ဖက်ကပြရဲတဲ့ သတ်္တိကတော့ မနည်းပါဘူး။ ဒီလိုမျိုး မီးရောင် တဖျတ်ဖျတ်နဲ့ လက်ကိုင် ဖုန်းကင်မရာတွေကြားမှာ အပြုံးမပျက် စည်းချက်နဲ့အညီ ကပြအသုံးတော်ခံရဲတာ ကို ချီးလည်းကျူးပါရဲ့။

သူတို့တွေ အဲဒီလိုလုပ်ပြတော့ မကြာသေးခင် အချိန်များက ဂျပန်နိုင်ငံက ပွန်းစတားတွေ ရင်သား အကိုင်ခံပြီးရ လာတဲ့ ရန်ပုံငွေကို HIV ရောဂါ ကာကွယ်တားဆီးရေးဌာနကို လှူဒါန်းတဲ့ သတင်းတွေကိုလည်းဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီထဲမှာ နာမည်ကျော် ပွန်းစတားဖြစ်တဲ့ ရီနာဆရီနာက Tokyo Sport မီဒီယာကို ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ မှတ်သားစရာလေးပါ။ သူပြောလိုက်တာက ““ကျွန်မရဲ့ ရင်သားတွေက ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းကို အထောက်အပံ့ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး””တဲ့။ သူတို့ HIV အတွက် ရင်သားအကိုင် ခံပြီး ရန်ပုံငွေလုပ်တဲ့ပွဲကို လူများအရှေ့မှာပဲ လုပ်ခဲ့တာပါ။

ဒီနေရာမှာ သူတို့ ရန်ပုံငွေ လုပ်ခဲ့တဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ကိုးကားလို့ မြန်မာပြည်ကမီဒီယာတချို့တောင် သတင်းလုပ် ရေးခဲ့ကြသေးတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခုက အမျိုးသမီးတစ်ယောက်ရဲ့အများ ရှေ့မှာ ကွယ်ဝှက်ထားရတဲ့ ကိုယ်အင်္ဂါတစ်ခုကို ထုတ်ပြပြီး မရင်းနှီးတဲ့အမျိုးသားတွေက ကိုင်တွယ်နေတဲ့ပုံတွေကို ကြည့်ရတဲ့ အခါ စိတ်ထဲမှာ ရိုင်းလိုက်တာ၊ အမြင်မတော်ဘူး စတဲ့စတဲ့ ခံစားမှုမျိုးတွေ မဖြစ်ခဲ့တာပါ။ နောက်ပြီး အဲဒီလို ရင်သား အကိုင်ခံ အမျိုးသမီးတွေကိုလည်း ဘယ်သူကမှ တစ်စုံတစ်ရာသော ခံစားမှုအတွက် အာသာ ငမ်းငမ်းဖုန်းနဲ့ ဓာတ်ပုံရိုက်တာတွေ မတွေ့ခဲ့ရပါဘူး။ တချို့ အမျိုးသား တွေဆိုရင် နောက်ဟယ် ပြောင်ဟယ် ပုံစံမျိုးနဲ့ပဲ ဂျပန်ပွန်းစတားတွေနဲ့ ဓာတ်ပုံရိုက်တာကိုတွေ့ရတော့ ထူးခြားချက်တစ်ခုလို့ပဲ ပြောရမှာပါ။

ဒါပေမဲ့ အခု ရန်ကုန်က ကလပ်တစ်ခုမှာ လုပ်ခဲ့တဲ့ HIV/AIDS အတွက် အကျိုး အမြတ်တွေထဲက လှူဒါန်းမယ် ဆိုတဲ့ Dance for Life ပွဲကတော့ ထူးခြား လို့နေပါတယ်။ ဂျပန်မှာ ပြုလုပ်တဲ့ပွဲနဲ့လား လားမှ မသက်ဆိုင်သ လိုပါပဲ။ ပွဲကို ဦးဆောင်သူအမျိုးသမီးတွေကလည်း မိမိတို့ရဲ့လူမှုရေးအတွက် လုပ်ဆောင်မယ့် ရန်ပုံ ငွေအတွက် ဆိုတာထက် မိမိအတွက် မိမိကပြ အသုံးတော်ခံနေသလို ဖြစ်နေပါတယ်။ ထို့အတူ အားပေးသူအများစုဖြစ်တဲ့ မဟာ ပုရိသ ဖိုသတ္တ၀ါတွေရဲ့ အားပေးမှုကလည်း HIV/AIDS လူနာတွေအတွက် ဆိုတာထက် ပိုလို့နေပါ တယ်။

““သူတို့ ဒီဟာကြီးကို ဘယ်လိုခံစားမှုမျိုးနဲ့ လုပ်တာလဲ မသိဘူး။ HIV/AIDS အတွက် လုပ်တယ်ဆိုတာ ကလည်း အရင်ကတည်းက သူတို့ပုံတွေက လိုင်းပေါ်မှာ Sexy Post တွေ ခဏခဏ တင်နေတော့ အဲဒီအတွက် လုပ်တယ်ဆိုတာကို မယုံဘူး။ သူတို့ဟာ သူတို့ ကချင်၊ ရွချင်လို့ လုပ်တယ်လို့ပဲ ထင်တယ်””လို့ အဲဒီပွဲနဲ့ပတ် သက်ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် HIV/AIDS ရောဂါ ကူးစက်ခံ ထားရသူတွေကို ကူညီပေးနေသူ လည်းဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းကတော့ ““အစ်မတော့ အဲဒီလိုလုပ်တဲ့ ကိစ္စကိုပဲ သိတယ်။ ဘာအတွက်ကို လုပ်တာ လဲဆိုတာကို သူတို့က ပိုပြီးသိမှာပေါ့၊ ဘာ့ကြောင့်လုပ်တာလဲ၊ ဘာ့အတွက်လုပ်တာလဲ ဆိုတာကို HIV နာမည် တပ်ပြီး တကယ်ကော ဟုတ်ရဲ့လား။ လောလောဆယ်တော့ ဘာမှမသိရသေးဘူး။ အစ်မလည်း အဲဒီဟာတွေ တွေ့တယ် Facebook မှာ။ HIV အတွက် လုပ်တယ်ဆိုတာ အခုမှ သိတာ။ တဖြည်းဖြည်းနဲ့ မြန်မာပြည် က ပြောရလို့ရှိရင် အားလုံးသိမှာပါ။ ပြောင်းလဲလာတာက အကောင်းဘက်ကို တော်တော်လေး နည်းပါတယ်။ အားလုံး ဘက်စုံဖွံ့ဖြိုးမယ် ဆိုရင်တော့ ပြောစရာသိပ်မရှိဘူး။ အစ်မတို့နိုင်ငံမှာ ဘာသွားတွေ့လဲဆိုတော့ တခြားဘက်မှာ မတိုးတက်ပေမယ့် အဲဒီဘက်မှာ အရမ်းကို တိုးတက်နေတာ သွားတွေ့ရတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် အရမ်းကို ပွင့်လင်းနေတယ်။ လူငယ်လေးတွေအတွက် စိုးရိမ်ဖို့ကောင်းတာပေါ့နော်။ Sex နဲ့ ပတ်သက်တဲ့ ကိစ္စ၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ လူငယ်တွေ အရမ်းကိုအား သန်သွားမယ်ဆိုရင် စိုးရိမ်ဖို့ကောင်းတာ ပေါ့နော်”” လို့ သုံးသပ်ထားပါတယ်။

ဒီနေရာမှာ ထူးထူးခြားခြား ပြောရ မယ်ဆိုရင် မီဒီယာတချို့လည်း ပါပါတယ်။ အဲဒီပွဲကိုသွားပြီး သတင်းယူရိုက် ကူး၊ ဖော်ပြတဲ့နေရာမှာ တချို့မီဒီယာတွေက သတင်းဓာတ်ပုံဆိုတာထက် Sexy Post အသားပေး ရိုက်ကူး ဖော်ပြတာပါ။ ဒီတော့ အဲဒီဓာတ်ပုံ တွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ကုန် သလို ဒါဟာ သတင်းဓာတ်ပုံလား ဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာ ကုန်ပါတယ်။ ပြည်သူကို ၀န်ဆောင်မှုပေးတယ် ဆိုတာ ဒါမျိုးလား၊ ဒါမှမဟုတ် ဒီလိုပွဲမျိုးမှာ ဒီလိုတွေဖြစ်ကုန်ကြပြီလို့ သတင်း ပေးချင်တာလားဆိုတာ မသဲမကွဲတွေ တောင်ဖြစ် ကုန်ပြီလို့ စာဖတ်ပရိသတ်တချို့ ကပြောလာပါပြီ။

မည်သို့ပင်ဖြစ်စေ HIV/AIDS အတွက် ကူညီမယ်လို့ ပြောထားတဲ့ Sexy Dance ပွဲကို တစ်လတစ်ခါ လုပ်မယ် လို့ သက်ဆိုင်သူတွေက ပြောဆိုထားပါပြီ။ ဒီတော့ ဒီပွဲမျိုးတွေကို တစ်လတစ်ခါ ပရိသတ်တွေ ကြည့်ကြရဦးမယ် ပေါ့။ ဒါပေသိ တကယ့်ကိုပဲ HIV/AIDS အတွက် ကူညီဖို့လုပ်တာလား၊ သို့တည်းမဟုတ် တခြားသော အကြောင်း အရာကြောင့် လုပ်တာလားဆိုတာ ဒီမောင်ကတော့ စောင့်ကြည့်နေပြီး ပြောသင့်ရင်ပြော၊ ဆိုသင့် ရင်ဆို၊ ရေးသင့်ရင် ရေးဦးမယ် ဆိုတာတော့ လူထုအကျိုး မျှော်နှိုးဆော် မောင်းထုလိုက်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ