Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

Kim Jong Un ရက် ၄၀ ကျော်မှာ ပထမဆုံး လူထုရှေ့မှောက်ထွက်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ရက်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အများပြည်သူ မြင်ကွင်းကို ထွက်လာခဲ့ပါတယ်။

လူနေရပ်ကွက်တခုနဲ့ သိပ္ပံဌာနတခုကို ကွင်းဆင်းသွားရောက်ပြီး ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရပိုင် သတင်းဌာန KCNA ကကြေညာပါတယ်။ အခုလို Kim Jong Un အပြင်ကို ထွက်လာခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ အာဏာ ဆက်လက်ချုပ်ကိုင်ထားမှုတွေအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေတာတွေကို အဆုံးသပ်သွားစေပါတယ်။

Kim Jong Un ရဲ့သတင်းကို အင်္ဂါနေ့မှာ ကြေညာသွားတာဖြစ်ပေမယ့် သူသွားရောက်တဲ့ခဲ့တာ ဘယ်နေ့ကလဲဆိုတာတော့ ပြောမသွားပါဘူး။

သူ့ရဲ့ဖခင်ဖြစ်တဲ့ Kim Jong Ii ရဲ့ အရိုက်အရာကို ၂၀၁၁ ခုနှစ်က ဆက်ခံခဲ့တဲ့ Kim Jong Un ကို နောက်ဆုံးအဖြစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက သူ အနှစ်သက်ဆုံးဖြစ်တဲ့ Moranbong အမည်ရှိ Pop တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂီတအဖွဲ့ဟာ အမျိုးသမီးငယ် ၅ ယောက် ပါဝင်သီဆိုတာဖြစ်ပြီး အားလုံးကို Kim Jong Un ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ နှောင်းပိုင်း မြောက်ကိုရီးယား လွှတ်တော် ခေါ်ယူကျင်းပရာမှာ Kim Jong Un မတက်ရောက်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်လကျော်က Kim Jong Un ဟာ သူ့ရဲ့အဖိုး တိုင်းပြည်ကိုတည်ထောင်ခဲ့သူ Kim Ii Sung ကွယ်လွန်တဲ့ နှစ် ၂၀ ပြည့်အခမ်းအနားကို အားနည်းပြီး ထော့နဲ့ထော့နဲ့ပုံစံနဲ့ တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူဘာကြောင့် အများပြည်သူ မြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်နေရသလဲဆိုတာလည်း အင်္ဂါနေ့ သတင်းမှာ ပြောသွားခြင်း မရှိပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ