Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

Kim Jong-un နေအိမ်အကျယ်ချုပ် ခံရနိုင်

မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင် ​Kim ​Jong-un ​ကို ​လူရှေ့သူရှေ့မှာ ​မတွေ့ရတာ ​တစ်လကျော် ​ကြာသွားပြီးတဲ့နောက် ​နေအိမ်အကျယ်ချုပ် ​ခံထားရတာ ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အသက် ​၃၁ ​နှစ်အရွယ် ​Kim ​Jong-un ​ကို ​စက်တင်ဘာလ ​၃ ​ရက် ​နေ့ ​မှာ ​နောက်ဆုံး ​တွေ့ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဇူလိုင်လ ​တုန်းကတော့ ​ခြေထောက်နာနေတဲ့ ​ပုံစံမျိုးနဲ့ ​မြောက်ကိုရီးယားနိုင်ငံ ​တည်ထောင်သူ ​အဖိုးဖြစ်သူကို ​ဂုဏ်ပြုတဲ့ ​အခမ်းအနားကို ​တက်ရောက်ခဲ့တဲ့အတွက် ​ကျန်းမာရေး ​ဆိုးဝါး ​နေတာ ​ဖြစ်မယ် ​လို့လည်း ​သုံးသပ် ​နေကြပါတယ်။

အရင်တစ်လ ​နှောင်းပိုင်းမှာတော့ ​Kim ​Jong-un ​အနေနဲ့ ​မသက်မသာ ​မှုတွေနဲ့ ​ကြုံနေရတယ်လို့ ​မြောက်ကိုရီးယားသတင်းမှာ ​ဖော်ပြထားပေမယ့် ​ဘာအသေးစိတ်မှ ​ထည့်မထားပါဘူး။

နယ်သာလန်တက္ကသိုလ်က ​ကိုရီးယားအရေးကျွမ်းကျင်သူ ​ပါမောက္ခ ​Remco ​Breuker ​ကတော့ ​မြောက်ကိုရီးယားမှာ ​ခေါင်းဆောင် ​အပြောင်းအလဲ ​ဖြစ်ပြီး ​Kim ​Jong-un ​ကို ​နေအိမ်အကျယ်ချုပ်ထားလိုက်ကြတာ ​ဖြစ်နိုင်တယ်လို့ ​ပြောဆိုထားပါတယ်။

ကိုရီးယားမှာ ​ခေါင်းဆောင် ​အပြောင်းအလဲ ​ဖြစ်နေပါစေ ​စနစ်ကတော့ ​ပြောင်းလဲမှာ ​မဟုတ်ဘူးလို့လည်း ​ပြောပါတယ်။

Kim ​Jong-un ​ကို ​ကိုရီးယားခေါင်းဆောင်အဖြစ်လို့သာ ​ပြောဆိုနေကြပေမယ့် ​အမှန်တကယ်ကတော့ ​တိုင်းပြည်ကို ​အုပ်ချုပ် ​ချယ်လှယ်နေတာက ​Kim ​Jong-un ​မဟုတ်ပဲ ​ကွယ်လွန်သူ ​Kim ​Jong-un ​ဖခင်ရဲ့ ​လုပ်ဖော်ကိုင်ဖက် ​လူဟောင်းတွေသာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

ဒါပေမဲ့ ​မြောက်ကိုရီးယားခေါင်းဆောင် ​ဘာကြောင့် ​လူရှေ့သူရှေ့ကနေ ​ပျောက်သွားသလဲ ​ဆိုတာကတော့ ​ဘယ်သူမှ ​မသိကြသေးပါဘူး။



Kim Jong-un


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ