Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

ဖျာပုံခရိုင်တွင် ရဲတပ်ဖွဲ့က NLD ပါတီဝင်အင်အား စာရင်း တောင်း ယူမှု ကော်မရှင်အဆင့်ဆင့်သို့ တင်ပြကန့်ကွက်မည်

                                            
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အတွင်းရှိ မြို့နယ်များ၌ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ ညွှန်ကြား ချက်ဟုဆိုကာ ရပ်/ကျေး NLD ပါတီဝင် အင်အား စာရင်းများအား ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက တောင်း ယူစိစစ်မှုများ ပြုလုပ်နေခြင်းသည် လုပ်နည်းလုပ်ဟန်လွဲချော်နေပြီး နိုင်ငံရေး ပါတီ တစ်ရပ်၏ စည်းရုံးရေး လုပ်ငန်း စဉ်များကို အခွင့် အာဏာသုံး၍ ကန့်သတ် ထိန်းချုပ်လိုသည့် သဘော သက်ရောက်နေသည့် အတွက် သက်ဆိုင် ရာ ခရိုင်နှင့်မြို့ နယ်ကော်မရှင်အဖွဲ့ခွဲများသို့ တင် ပြကာ ဥပဒေနှင့်အညီ ကန့်ကွက်မှု များဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖျာပုံခရိုင် NLD ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိန်ဝင်း က အောက်တိုဘာ ၁၅ ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။


ဖျာပုံခရိုင်အတွင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က NLD ပါတီဝင်အင် အားစာရင်း များ တောင်းယူခဲ့သည့် မြို့နယ်များ မှာ ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် တို့ဖြစ်ပြီး အောက်တိုဘာ ၁၂ရက်တွင် ကျိုက်လတ်မြို့နယ် ဖောင်ရိုး ချောင်းကျေး ရွာ၊ လေးအိမ်တန်းကျေးရွာတို့၌ နီးစပ်ရာ ရုံးဒေါင့်ရဲတပ်ဖွဲ့စခန်းမှ NLD ပါတီဝင်အင်အား စာရင်း အား တောင်းယူခိုင်းသည်ဟုဆိုကာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက အဆိုပါကျေးရွာ NLD ပါတီ တာဝန် ရှိသူများထံ လာရောက်တောင်းခံခဲ့ခြင်းဖြစ်သည်။…

အောက်တိုဘာ(၁၃)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေးဒလုကျေး ရွာအုပ်စု ကုလားထိပ်ကျေးရွာ၌လည်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ကြေးနန်းစာအရဟုဆိုကာ ရဲတပ်ကြပ် တင်နိုင်ဝင်းအပါအ၀င် (၃)ဦးက သက်ဆိုင်ရာ NLD ပါတီ တာဝန်ရှိ သူထံသို့လာရောက်၍ အလုပ်အမှု ဆောင်စာရင်းနှင့် ပါတီဝင်အင်အား စာရင်းများကို တောင်းယူမှုများ ပြု လုပ်ခဲ့ကြောင်း သက်ဆိုင်ရာ NLD ပါတီတာဝန်ရှိသူများကဆိုသည်။

““ဖျာပုံနဲ့ ကျိုက်လတ်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူးကဆိုပြီး ရဲနဲ့ ရပ် ကျေးအုပ်ချုပ်ရေး မှူးတွေက ရပ်/ ကျေး NLD ပါတီ အလုပ်အမှု ဆောင်စာရင်း နဲ့ ပါတီဝင်အင်အား စာရင်းတွေလာတောင်းတာ။ ဒီ သတင်းခရိုင်ကို တင်ပြကြပါ လို့ ဒါပေးစရာမလိုဘူးလို့။ တရားဝင်ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက် ဒီကိစ္စက ရဲအရေးပိုင်တဲ့ ကိစ္စမဟုတ် ဘူးလေ။ အထွေထွေအုပ်ချုပ်ရေးကလည်း ဒီကိစ္စကိုဝင်ပြီး စွက်ဖက်စရာ အကြောင်းလည်းမရှိဘူး။ ဒီကိစ္စ ကော် မရှင် ကိစ္စ။ ဒါပေမဲ့ သူလည်း မေးပိုင်ခွင့်တောင်းယူကြည့် ရှုပိုင်ခွင့်အခွင့်အာဏာ မရှိဘူး။ ဒါဘယ်လို ဘောနဲ့ ကြံစည်လဲဆို တာမသိဘူး။ အတောင်းခံရတဲ့ ရပ်/ကျေးပါတီတွေကိုတော့ မြို့နယ်၊ ခရိုင်ပါတီအဆင့်ဆင့်ကို တင်ပြ ခိုင်းထားတယ်။ သက်ဆိုင်ရာ မြို့နယ်နဲ့ခရိုင်ကော်မရှင်ကိုလည်း စာပို့ပါလို့ညွှန်ကြားထားတယ်။ ဒီလို လုပ်တာ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်း””ဟု ဖျာပုံခရိုင် NLD ပါတီအတွင်းရေးမှူးဦးစိန်ဝင်းက ပြောသည်။

အဆိုပါ ရပ်/ကျေး NLD ပါတီ ၀င်အင်အားစာရင်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဟု ဆိုကာ တောင်းယူစိစစ်မှုများကို သက်ဆိုင်ရာမြို့နယ် NLD ပါတီမှနေ၍ ခရိုင်၊ တိုင်း၊ ဗဟို ပါတီအထက် အဆင့်ဆင့်သို့ တင်ပြ သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရွေး ကောက်ပွဲကော်မရှင် အဖွဲ့အစည်းများထံသို့လည်း စာရေးသားပေး ပို့ကာ ကန့်ကွက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်။

ထိုနည်းတူ ယခုရက်ပိုင်း အတွင်းကလည်း မြို့နယ် NLD ပါတီ အလုပ် အမှုေ ဆာင် အဖွဲ့ဝင်များဖြစ်သော ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတို့၏ နေရပ်လိပ်စာများနှင့် ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက် စာရင်းကောက် ယူမှုများရှိခဲ့ကြောင်း၊ ယင်းလုပ်ရပ် သည် ရဲလုပ်ငန်းနှင့် သက်ဆိုင်မှု မရှိဘဲ ကော်မရှင်အဖွဲ့ဖြင့်သာ သက် ဆိုင်ကြောင်းကို ““ဒါက နည်းမှန် လမ်းမှန် ဆိုရင် ရဲက လုပ်စရာမလိုဘူး။ ရဲနဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ အိမ်လိပ်စာတွေ အချက်အလက်တွေကို လာမေး သွားတာ။ အဓိက မြို့နယ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တို့ကိုပါ။ ဒါက ကော်မရှင်နဲ့ပဲ ဆိုင်တယ်။ နောက်တစ်စုံတစ်ခု ချက်ချင်းအကောင် အထည်ဖော်ဖို့ဆိုရင် ချက်ချင်းဆောင်ရွက်နိုင်ဖို့ အဆင် သင့်ပြင်ထားပုံရတယ်””ဟု ကျိုက်လတ်မြို့နယ် NLD ပါတီကော်မတီဝင် ဦးဝင်းနိုင်ကပြောသည်။

ယခုကဲ့သို့ ရပ်/ကျေး NLD ပါတီဝင် အင်အားစာရင်းများကို သက်ဆိုင်ရာရဲတပ်ဖွဲ့များ၏ ညွှန် ကြား ချက်ဖြင့် တောင်းယူ ကြည့်ရှု စိစစ်နေခြင်းများသည် လုပ်ထုံး လုပ်နည်းမမှန်ဘဲ ခြိမ်းခြောက်သည့် သဘောသက် ရောက်နေကြောင်းကို ““ရဲက တောင်းတာက သက်သက်မဲ့ ရပ်/ကျေးပါတီဝင်တွေကို ခြိမ်းခြောက် တာလား၊ အစွန်အဖျား ကျတဲ့ ရပ်/ကျေးတွေမှာ လိုက်ပြီး စပြီး ဒီလိုအင်အားစာရင်းတောင်း တာကို သုံးသပ်ရမယ်။ ဘယ်သူက နေ လုပ်ခိုင်းတာလဲ၊ ဘာတွေများ လုပ်ဖို့လဲ ဒါသိဖို့တော့လိုအပ်တယ်။ တကယ်တမ်းဆိုရင် ဒါကော်မရှင်ရဲ့ အလုပ်လည်း မဟုတ်ဘူး။ ရဲအလုပ်လည်း မဟုတ်ဘဲနဲ့ ရဲက ခြိမ်းခြောက်တဲ့ပုံစံနဲ့ လုပ်နေ တာတွေက ဘယ်လိုပုံစံနဲ့ လုပ်နေတာလဲ။ နောက်ကွယ်က ဘယ်သူကနေခိုင်း နေတာလဲဆိုတာ ဖော်ထုတ်ဖို့လို အပ်တယ်””ဟု NLD ပါတီခရိုင် အတွင်းရေးမှူးဦးစိန်ဝင်းက သုံးသပ် ပြောကြားသည်။

မြို့နယ်နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက တစ်ဆင့် ရပ်/ကျေး NLD ပါတီဝင် အင်အားစာရင်းများအား တောင်းခံ စိစစ်နေခြင်း၊ မြို့နယ် NLD ပါတီတာဝန်ရှိသူများ၏ ကိုယ်ရေးအချက်အလက်များကို သတင်းထောက်လှမ်း မှတ်တမ်းယူခြင်းတို့သည် NLD ပါတီ၏ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် စည်းရုံးရေး လုပ်ငန်းစဉ်များကို တစ်နည်း တစ် ဖုံထိန်းချုပ်ကန့်သတ်လိုသည့် သဘောသက်ရောက်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့် အမျှ အင်အားကြီး အတိုက်အခံပါတီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် ပါတီ၏ လွတ်လပ်စွာ စည်းရုံးခွင့်တို့ လျော့နည်း လာနိုင်ကြောင်း၊ ထို့ပြင် NLD ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အကြောက်တရားများဖြစ်ပေါ် လာနိုင်ကြောင်းတို့ကို နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်လျက်ရှိသည်။

  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ