လူဦးရေ သန်း ၅ဝနဲ့ ၆ဝကြားမှာရှိတဲ့ မြန်မာနိုင်ငံ ဟာ ၂ဝဝ၈ ခုနှစ်မှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးစတင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာ ဒုတိယ အကြိမ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲ ဟာ ဒေသတွင်း နိုင်ငံများသာမက ကမ္ဘာကပါ စိတ်ဝင်တစားစောင့် ကြည့်ရမယ့် ရွေးကောက်ပွဲဖြစ်နေပါတယ်။ အထူးသဖြင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူ တွေအတွက် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြဋ္ဌာန်းစာအုပ် အသစ်တစ်ခုဖြစ်လာမှာမို့ပါ။
၂ဝ၁၅ ရွေးကောက်ပွဲပြီးတာနဲ့ မြန်မာ လွှတ်တော်တွေကနေ အခြေခံဥပဒေ ပြောင်းလဲရေးတွေကို အချိန်ကိုက်တက် သုတ်ရိုက် ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် ၂ဝ၁၅အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အင်မတန် အရေးကြီးနေပါတယ်။
ဆွဲဆောင်မှု(၁)
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြားမှာ မဟာဗျူဟာကျစွာ တည်ရှိနေပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ကြီးနှစ်ခု ကြားထဲမှာတည်ရှိနေတာပါ။ ဒီဈေးကွက် ကြီးနှစ်ခုနဲ့ အာဆီယံဒေသကိုချိတ်ဆက် ပေးမယ့်အဓိကနိုင်ငံကလည်းပထဝီအနေ အထားအရ မြန်မာနိုင်ငံဖြစ်နေပါတယ်။
ဆွဲဆောင်မှု(၂)
မြန်မာနိုင်ငံမှာ မထုတ်လုပ်ရသေး တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့များစွာပိုင်ဆိုင်ေ နပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးဖို့ စောင့်ကြိုနေတဲ့ အခြားသောသဘာဝအရင်းအမြစ်တွေ လည်း ကိန်းအောင်းနေ ပါတယ်။ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံလို သူတွေကလည်း မြန်မာနိုင်ငံကို မျက်စောင်းထိုးနေကြပါတယ်။
ဆွဲဆောင်မှု(၃)
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေအ တွက် မြန်မာနိုင်ငံ ကလုပ်သားတွေ ရဲ့လုပ်အားခလစာဟာ အင်မတန်ဈေးချို နေ ပါတယ်။အသစ်အဆန်း တစ်ခုလို့ ပြောရလောက်အောင်အထိ ဈေးချိုနေတာက တခြားနိုင်ငံမှာတည်ဆောက်လို့ရနိုင် တဲ့စက်ရုံတွေကို မြန်မာနိုင်ငံမှာ တည်ဆောက်ချင်လာအောင်အထိ ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဆွဲဆောင်မှု(၄)
မြန်မာနိုင်ငံဟာ နိုင်ငံဧရိယာနဲ့ယှဉ်ရင် အင်မတန်ရှည်လျားတဲ့ကမ်းရိုးတန်းဒေသကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြိုနေတဲ့ရေကြောင်းကုန်သွယ်မှု ကွန်ရက်တစ်ခုကလည်း အစပျိုးနေပါပြီ။ဒေသတွင်းကုန် သွယ်မှုသာမက အာရှဒေသကိုအာဖရိက၊ဥရောပနဲ့ အရှေ့အလယ်ပိုင်းကိုချိတ်ဆက်ပေးမယ့် ရေကြောင်းကုန်သွယ်မှုမှာမြန်မာကမ်းရိုးတန်းဟာ လမ်းဆုံလမ်းခွတစ်ခု ဖြစ်လာနိုင်ခြေရှိနေပါတယ်။
ဆွဲဆောင်မှု(၅)
နှစ်ပေါင်းများစွာ ခေတ်နောက်ကျခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကြောင့် ဈေးကွက်အသစ်တွေဖြစ် ပေါ်နေပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသစ်မဟုတ်တော့ပေမယ့်မြန်မာနိုင်ငံမှာ အခုမှဖြစ်ပေါ်လာမယ့် ဈေးကွက် အသစ်တွေပါ။စားသုံးကုန်အသစ် အဆန်းတွေကအစ မိုဘိုင်းလ်ဖုန်းအသစ်အဆန်း တွေအထိမြန်မာဈေး ကွက်အတွင်း ခေတ်စားလာပါလိမ့်မယ်။
ဆွဲဆောင်မှု(၆)
မြန်မာနိုင်ငံဟာ ကြီးကျယ်ခမ်းနား တဲ့အလှတရားကိုလည်း ပိုင်ဆိုင်ထားပါ တယ်။ ဗုဒ္ဓဘာသာကိုအခြေခံတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အလှတရားတွေဟာ သဘာဝအလှတရားတွေ နဲ့ ပေါင်းစပ်ပြီး တဲ့နောက် နိုင်ငံတကာ ခရီးသွားဧည့်သည် တွေအတွက် စိတ်ဝင်စားဖွယ်ရာ ဒေသ တစ်ခုဖြစ်နေပါတယ်။
ဆွဲဆောင်မှု(၇)
အထက်ပါဆွဲဆောင်မှုတွေကို ဥာဏ် နဲ့ယှဉ်ပြီး၊ ဥပဒေနဲ့ယှဉ်ပြီး အသုံးချလိုသူ စွန့်ဦးတီထွင်မှုလုပ်ငန်း ဖန်တီးလိုသူတွေ အတွက် မြန်မာနိုင်ငံ ဟာမြေသြဇာကောင်း တဲ့ နယ်ပယ်သစ်တစ်ခုဖြစ်နေပါတယ်။
ဆွဲဆောင်မှု(၈)
မြန်မာနိုင်ငံဟာ အင်မတန်ကြီးမား တဲ့ စိုက်ပျိုးရေးနဲ့ ရေအရင်းမြစ်တွေကို လည်း ပိုင်ဆိုင်ထားပါတယ်။ ၁၉၆ဝ နဲ့ ၁၉၆၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ကမ္ဘာ့အဆင့်တစ်နေရာ မှာရှိခဲ့ပြီး လက်ရှိအချိန်မှာ လည်း မြန်မာ နိုင်ငံရဲ့လူဦးရေ ၇ဝ ရာခိုင်နှုန်းဟာ ကျေးလက်ဒေ သမှာရှိနေတုန်းပါပဲ။
အခက်အခဲများ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုဖော်ဆောင်နေတာဖြစ်ပြီး အဲဒီ နှစ်ခုစလုံးဟာ အပြန်အလှန်ဆက်နွှယ် ပတ်သက်နေပါတယ်။
Forbes မဂ္ဂဇင်းရဲ့ မြန်မာနိုင်ငံရဲ့အခက်အခဲတွေနဲ့ပတ်သက် ပြီး လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ Milken Institute Global Conference 2014 ကို ကိုးကားထားပါတယ်။ အဲဒီ ညီလာခံရဲ့ဆွေးနွေးပွဲအစီအစဉ်တစ်ခုမှာ မြန်မာနိုင်ငံ က ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ MPC က ဒေါက်တာမင်းဇော်ဦးတို့တက်ေ ရာက် ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေက ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် စဉ်းစားစရာတချို့ ဖြစ်စေခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာတိုင်းရင်းသား ၁၃၅ မျိုးရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ရှိပါတယ်။ အဲဒီ ၁၆ ဖွဲ့ထဲ မှာ ၁၄ ဖွဲ့က ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးထားပြီး နှစ်ဖွဲ့ပဲလက်မှတ်ရေးထိုးဖို့ ကျန်ပါတယ်။ အရင်တုန်းက ဒေသ ၁ဝ ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အခုချိန်မှာ တော့ နေရာနှစ်ခုမှာပဲ ပစ်ခတ်မှုတွေရှိနေ တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြထား ပါတယ်။ အလုံးစုံမငြိမ်းချမ်းနိုင်သေးတဲ့ ဒီနိုင်ငံရေးအခြေအနေဟာ အထက်ကဆွဲ ဆောင်မှု ရှစ်ခုအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
အထူးသဖြင့်ဆွဲဆောင် မှု(၁)၊ ဆွဲဆောင်မှု(၂)နဲ့ ဆွဲဆောင်မှု (၆) တို့အပေါ် ရိုက်ခတ်မှုရှိပါတယ်။ ဈေးကွက်စီးပွားရေးနှင့်အခြေခံဥပဒေ ဒီမိုကရေစီဆန်တဲ့ ဈေးကွက်စီးပွား ရေးစနစ်အောင်မြင်စွာအကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အဓိကစောင့်ကြည့်နေတဲ့အထဲ မှာ မြန်မာ နိုင်ငံရဲ့အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု လည်းပါပါတယ်။ လက်ရှိလွှတ်တော် သက်တမ်းအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် မြေယာပြဿနာလို ဖြေရှင်းရခက်တဲ့ အခြေအနေတွေအတွက် အတည်ပြုပေးဖို့ ဥပဒေတွေလိုအပ်နေတုန်းပါပဲ ။မြေယာ ပြဿနာဟာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကိုနှောင့်နှေးစေပါတယ်။
ဒါ့အပြင်အလုပ်ရှင်နဲ့အလုပ်သမားပြဿနာ တွေရှိနေပါတယ်။ Milken Institute Global Conference 2014 မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ဦးကိုကိုကြီးရဲ့စကားတချို့ကို ပြန်လည် ကောက်နု တ်ဖော်ပြရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့နိုင်ငံရေးပါဝါတွေဟာ ဒီမိုကရေစီနဲ့ဈေးကွက် စီးပွားရေးစနစ်ဆီ ကို မရောက်သေးဘူးဆိုတဲ့သဘော၊ ဒီမို ကရေစီ၊ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဆို တဲ့ အခြေအနေသုံးရပ်ဟာ ခွဲခြားလို့မရ ဘူးဆိုတဲ့သဘော၊ မီဒီယာလွတ်လပ်ခွင့် အပြောင်းအလဲကို သဘောတူလက်ခံပေ မယ့် ရုပ်သံမီဒီယာကို အစိုးရကချုပ်ကိုင် ထားတယ်ဆိုတဲ့သဘောတွေကို တွေ့ရပါ တယ်။
ဒါ့အပြင် တက်ကြွလှုပ်ရှားသူ တစ်ဦးနဲ့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ကို အသိအမှတ်ပြုပေမယ့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာချုပ်တော်တော်များများဟာ ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ ဘယ်လို စာချုပ်တယ်၊ အကျိုးအမြတ်ကိုဘယ်လို ခွဲဝေတယ်ဆိုတာတွေကို မသိရှိရကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော် တို့အနေနဲ့ လူတစ်စုအကျိုးရှိဖို့မဟုတ်ဘဲနဲ့ အားလုံးအကျိုးရှိဖို့ ရည်ရွယ်တဲ့ဈေးကွက် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ဖို့အသင့်ရှိနေကြောင်း လည်း ဦးကိုကိုကြီးက ပြောသွားခဲ့ပါ တယ်။
မြန်မာ့သတင်းစကား ဆွေးနွေးပွဲမှာ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးခြေလှမ်းတွေကို ရှင်း ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင် လဲရေးဟာ အပေါ်ယံအားဖြင့် မြင်နိုင်ဖို့ ခဲယဉ်းတယ်လို့လည်း ဦးဆက်အောင်က ပြော ပါတယ် ။ နောက်ပြီးပြုပြင်ပြောင်းလဲရေး ဟာ အများပြောသလို အောက်ခြေလူ တန်းစားအပေါ်အကြိုသက်ရောက် ဖို့ဆိုရင် အားကောင်းပြီး စဉ်ဆက်မပြတ် တိုးတက် လိုတဲ့နိုင်ငံရေးသဘောထားရှိဖို့လိုကြောင်း နဲ့ ပြည်သူလူထုရဲ့ တာဝန်သိစိတ်လည်း လိုတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အစိုးရ အဖွဲ့အနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးဖြစ်စဉ် ဖော်ဆောင်မှုတွေကိုဆက်ထိန်းသွားဖို့လိုသလိုတိုးတက်မှုနဲ့ ကွဲပြားခြားနားတဲ့ ဖော်ဆောင်မှုတွေကို ဆက်ထိန်းထား နိုင်ဖို့လည်းလိုပါတယ်။သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊လူမှုဘဝဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊စီးပွား ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖွံ့ဖြိုးတိုးတက်ရေး တို့နဲ့စပ်လျဉ်းတဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုတစ်ပြိုင်တည်း ရင်ဆိုင်ဖြေရှင်းနေ ရတဲ့နေရာမှာ အဲဒါတွေကိုစီမံခန့်ခွဲဖို့ စိန်ခေါ်မှုတွေရှိနေတယ် လို့ လည်းပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကိုတစ်ဆင့်ပြီးတစ်ဆင့် ရင့်ကျက်တည်ငြိမ်းတိုးတက်လာဖို့အတွက် အချိန်ယူဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းနဲ့ အရေးကြီးဆုံးပေးချင်တဲ့ သတင်း စကားကေ တာ့ မြန်မာနိုင်ငံဟာ အခွင့်အလမ်းသာစေ မယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလော ကကို ဖန်တီးပေးနိုင်ဖို့ ကြိုးစားနေတယ် ဆိုတဲ့အကြောင်းကိုလည်း ဦးဆက်အောင် က ပြောသွားခဲ့ပါတယ်။ ''ကျွန်တော်ဟာ ပညာရှင်တစ် ယောက်ဖြစ်ပေမယ့် နိုင်ငံရေးသမား တစ် ယောက်တော့မဟုတ်ပါဘူး''လို့ဆွေးနွေး ပွဲမှာ ဒေါက်တာဆက်အောင်က ပြောသွား ခဲ့ပေမယ့် နိုင်ငံရေးနဲစီးပွားရေး ဆိုတာက အသွင်ကူးပြောင်းရေးဖြစ်စဉ်တိုင်းမှာမှန်ကူ ကွက်သဖွယ်ရောယှက်ပြီး အလင်းပြန် နေပါတယ်။
No comments:
Post a Comment