Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

Ferguson ဆူပူမှုကြောင့် အရံတပ် ၃ ဆတိုးချ

26 November 2014 10:00(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
လက်နက်ကိုင် ဆောင်ထားခြင်းမရှိတဲ့ ဆယ်ကျော်သက် လူမည်း Michael Brown ကို ပစ်သတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားမစွဲဖို့ ကြားနာ စစ်ဆေးတဲ့ ဂျူရီလူကြီး အဖွဲ့က ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့ ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့တွေ အချိန်မီ မချနိုင်ခဲ့ဘူးလို့ မြို့တော်ဝန်က ပြောဆိုလိုက်ပါတယ်။

ဒေသတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထပ်မံ ဆုံးရှုံးပျက်စီးမှု မဖြစ်ပွားအောင် ကာကွယ်ပေးဖို့အတွက် နောက်ထပ် အရံတပ်တွေ ပိုမို စေလွှတ်ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို တောင်းခံခဲ့တယ်လို့ မြို့တော်ဝန် James Knowles က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Nixon ကလည်း အင်အား ၃ ဆနီးပါးရှိတဲ့ အရံတပ်တွေ Ferguson ကို ထပ်မံ စေလွှတ်ဖို့ အမိန့်ပေးခဲ့ပြီး၊ နောက်တနေ့ညမှာ အရေးအခင်း ထပ်မဖြစ်အောင် အကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

တနင်္လာနေ့ညကတော့ St. Louis ဆင်ခြေဖုံးမှာ အကြမ်းဖက်မှုတွေ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူပေါင်း ၆၁ ယောက်ကို ရဲက ဖမ်းဆီးထားပါတယ်။ ဂျူရီလူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေကြသူတွေကို အေးအေးချမ်းချမ်းနေကြဖို့ Michael Brown ရဲ့ မိသားစုက မေတ္တာရပ်ခံနေပါတယ်။

Brown ရဲ့ မိဘနှစ်ပါးစလုံးဟာ သူတို့ရဲ့ ရှေ့နေတွေနဲ့ ပြည်သူလူထု အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Al Sharpton နဲ့ အတူ Ferguson ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ရဲအရာရှိ Darren Wilson ကို တရားမစွဲဖို့ ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ ရှေ့နေ Benjamin Crump က ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စအပေါ် အကြောင်းပြုပြီး မနေ့ညက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို မိသားစုအနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်လို့ သူကပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ