Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 27, 2014

ရေုံးဘေးမှာတဲထိုးလို့နေတော့မယ် (ပေးစာ)

27 November 2014 09:30(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
အသက်(၁၈)နှစ်ပြည့်ခဲ့လေပြီ။ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ် လျှောက်ထားရန် ပဲခူတိုင်းဒေသကြီး၊ ကဝမြို့နယ် လဝကရုံးသို့ သွားရောက်ခဲ့သည်။လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားခဲ့သည်။

ပထမအခေါက်………

အချိန်ကမနက် (၁၀)နာရီ (၅)မိနစ်။ ရုံးထဲသို့ ဝင်သွားလိုက်တော့ စားပွဲတိုင်းမှာ ထိုင်နေတဲ့သူတွေက သာမန်အဝတ်အစားတွေနဲ့။ ယူနီဖောင်းဝတ်ထားတဲ့လူဆိုလို့ တစ်ယောက်တောင်မရှိ။အဲဒါနဲ့ပဲ ရုံးတံခါးဝ ဝင်ဝင်ချင်းစားပွဲမှာ ထိုင်နေတဲ့လူကို အသက်ပြည့်လျှောက်ထားမယ့်အကြောင်း ပြောပြလိုက်တယ်။အဲဒီလူက ဘယ်သူလဲ၊ ဘာရာထူးလဲ၊ ဘာတာဝန်ထမ်းဆောင်နေလဲ ကျွန်တော်မသိ။ သူက ဖြည့်စရာ စာရွက်တွေထုတ်လာတယ်ဗျ။ သူက ကျွန်တော့်ကိုမေးပြီး စာရွက်တွေထဲမှာ ဖြည့်တယ်။ဖေဖေ့ရဲ့မှတ်ပုံတင်နံပါတ်ကို အစိမ်းရောင်နဲ့ အပေါ်ကနေသားထားလိုက်တယ်။ဖြည့်ပြီးတော့ ဦးစီးမှူးမလာသေးလို့ ခဏစောင့်ဖို့ သူကပြောတယ်ဗျ။ရုံးရှေ့ကို လှမ်းကြည့်လိုက်တော့ လူတွေအများကြီးစောင့်နေကြတာတွေ့ရော။အဲဒီအချိန်က (၁၀)တန်းကျောင်းသားတွေ form တင်တဲ့အချိန်ဆိုတော့ အများစုကကျောင်းသားတွေ ဖြစ်မယ်ထင်တယ်။အဲဒါနဲ့ ကျွန်တော်လည်းစောင့်နေတာပေါ့ဗျာ။ (၁၁)နာရီထိုးခါနီးတော့ ဆိုင်ကယ်စီးပြီးလူတစ်ယောက်ဝင်လာတယ်။ သာမာန်အရပ်ဝတ်နဲ့ဆိုတော့ ကျွန်တော့်လိုပဲတစ်ခုခုလာလုပ်တဲ့လူ ထင်တာပေါ့။ဘေးကလူပြောတော့မှ ဦးစီးမှူးမှန်းသိရတော့တယ်။ အဲဒါနဲ့ဦးစီးမှူးရုံးခန်းဝမှာ တန်းစီပြီး စောင့်နေကြတာပေါ့။ ၁၀ မိနစ်လောက်ကြာတော့ ကျွန်တော့်အလှည့်ရောက်ရော။ အခန်းထဲ ကျွန်တော်ဝင်သွားတော့ သူ့စားပွဲပေါ်က စာရွက်ထပ်တွေကြားလှန်လှော ရှာဖွေနေတာ။ သူမအားသေးလို့ဖြစ်မှာပါဆိုပြီး မတ်တပ်ရပ်စောင့်ရင်း အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ ဦးစီးမှူးအရာရှိဝတ်တဲ့ ယူနီဖောင်းဝတ်စုံကို ချိတ်ထားတာတွေ့တယ်။ဖုန်တွေတောင် တက်နေတယ်ထင်ပါ့။သူအားလောက်ပြီထင်တော့မှ ခုဏကဖြည့်ထားတဲ့ စာရွက်တွေနဲ့ လိုအပ်တဲ့စာရွက်တွေကို သူ့ကိုပေးလိုက်တယ်။သူက စာရွက်တွေကိုကြည့်ရင်း ဖေဖေ့မှတ်ပုံတင်နံပါတ်ကို သားထားတာလည်းတွေ့ရော အဲဒီစာမျက်နှာပေါ်မှာ တစ်ခုခုရေးလိုက်တယ်။ပြီးတော့ စာရွက်ကို ကျွန်တော်ဆီပြန်ထိုးပေးလိုက်တယ်။ ကျွန်တော်က ဘာဆက်လုပ်ရမှာလဲမေးတော့ ရှေ့မှာမေးပါတဲ့။အဲဒါနဲ့ ရှေ့ကိုပြန်ထွက်လာပြီး ရုံးတံခါးဝကလူကိုသွားမေးတာပေါ့။ဖေဖေ့မှတ်ပုံတင်ကတ်က ကမာရွတ်ရုံးက ထုတ်ပေးတဲ့မှတ်ပုံတင်ဖြစ်နေလို့ လိုအပ်တဲ့ပုံစံသွားယူပြီးမှ ပြန်လာခဲ့ပါတဲ့။အဲဒါနဲ့ ဦးစီးမှူးပေးလိုက်တဲ့ အိတ်ပိတ်စာတစ်ဆောင်ယူလာပြီးအိမ်ကိုပြန်လာခဲ့ပါတော့တယ်။

ဒုတိယအခေါက်………

ကျွန်တော်လည်းကမာရွတ်လဝကရုံးကို စာအိတ်လေးနဲ့အတူသွားတာပေါ့။အချိန်က (၉)နာရီခွဲ။ ရုံးထဲလည်းရောက်ရော ကဝမြို့နယ်လဝကရုံးကမြင်ကွင်းနဲ့ မတူ၊အားလုံးက ယူနီဖောင်းဝတ်စုံတွေနဲ့။ အဲဒီမှာ ကျွန်တော်တွေးမိတာက လဝကရုံးချင်း အတူတူ၊ ဝန်ထမ်းတွေချင်းအတူတူ ဘာလို့ယူနီဖောင်းဝတ်စုံ ဝတ်တာ မဝတ်တာ ကွာနေတာလဲပေါ့။ပြီးတော့ ကမာရွတ်ရုံးကဦးစီးမှူးက အစောကြီးရောက်ပြီး ကဝရုံးကဦးစီးမှူးက ဘာလို့ (၁၁)နာရီထိုးခါနီးမှ ရောက်တာလဲပေါ့။ ဒီလိုနဲ့ပဲ လိုအပ်တဲ့ပုံစံကို ကမာရွတ်ရုံးက ယူလာလိုက်ပါတယ်။ကျွန်တော်လည်း ကဝမြို့နယ်လဝကရုံးကို ပြန်သွားတာပေါ့။ဟိုရောက်တော့ ရုံးတံခါးဝကလူကို ပေးလိုက်ပါတယ်။ သူကစာအိတ်ကို ဖောက်ပြီး ကမာရွတ်ရုံးကပေးလိုက်တဲ့ပုံစံကို ကျွန်တော်အရင်တစ်ခေါက်ကဖြည့်ထားတဲ့စာရွက်တွေနဲ့ တွဲချိတ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်လည်းစာရွက်တွေကိုင်ပြီး ဦးစီးမှူးရုံးခန်းထဲဝင်သွားတယ်။သူကျွန်တော့်စာရွက်တွေကိုစစ်ပြီး လက်မှတ်တွေ ထိုးပါတယ်။ပြီးတော့ ထုံးစံအတိုင်း ရှေ့မှာမေးပါတဲ့။ကျွန်တော် ရုံးတံခါးဝကလူဆီပြန်သွားရတာပေါ့။ "နောက် (၂၈)ရက်ကြာရင် မှတ်ပုံတင်ကတ်ကို မင်းကိုယ်တိုင်လာယူပါ။ (၁၁)နာရီလောက်မှလာခဲ့။ ဦးစီးမှူးက အဲအချိန်မှရောက်တာ" တဲ့။ ကျွန်တော်လည်း အိမ်ကိုပြန်လာခဲ့ပါတော့တယ်။

တတိယအခေါက်………

(၂၈)ရက်ပြည့်တဲ့နေ့ ကျွန်တော် ကဝမြို့နယ် လဝကရုံးကို တတိယအကြိမ် သွားပြန်ပါတယ်။ကျွန်တော် ရုံးတံခါးဝကလူကိုတွေ့တာနဲ့ မှတ်ပုံတင်ကတ်လာယူတဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒီလူက ဦးစီးမှူး မရှိ၊ တိုင်းရုံးအစည်းအဝေးသွားတဲ့အကြောင်း၊ မနက်ဖြန်(နောက်တစ်နေ့)မှ လာယူလို့ ရမယ့် အကြောင်းပြောပါတယ်။"ဒါနဲ့ မင်းဟာက(၂၈)ရက် ပြည့်ပြီလား"လို့ ထပ်မေးပါတယ်။ ကျွန်တော်လည်း (၂၈)ရက် ပြည့်တဲ့အကြောင်း ပြန်ပြောပြီး အိမ်ပြန်လာခဲ့ပါတယ်။

အခုလို တတိယအကြိမ်သွားပြီးတဲ့နောက် ကျွန်တော့်မှာ မေးစရာတွေနဲ့ အကြံပြုစရာတွေ ရှိလာပါတယ်။
၁။  ။
မေးမြန်းချက်

ကဝမြို့နယ်လဝကရုံးက အရာရှိဝန်ထမ်းတွေဟာ စည်းကမ်းချက်တွေထဲမှာ ယူနီဖောင်းမဝတ်ခိုင်းလို့ မဝတ်တာလား၊ ဝတ်ခိုင်းပါလျှက်နဲ့ မဝတ်တာလား။

အကြံပြုချက်

ဘယ်လိုပဲဖြစ်ဖြစ် ယူနီဖောင်းဝတ်စုံနဲ့ဆိုရင် ဘယ်သူက အရာရှိဝန်ထမ်း၊ ဘယ်သူက အရပ်သားဆိုတာ ခွဲလို့ရတာပေါ့။

၂။   ။
မေးမြန်းချက်

စည်းကမ်းအရ ကဝမြို့နယ်လဝကရုံးက ဦးစီးမှူးရဲ့ ရုံးတက်ချိန်ဟာ (၁၁)နာရီလား၊ တမင်တကာ နောက်ကျမှ ရုံးတက်တာလား။

အကြံပြုချက်

ဘယ်လိုပဲဖြစ်ဖြစ် ရုံးကိုလာတဲ့ပြည်သူတွေဟာ ဦးစီးမှူးကို မစောင့်ရရင် သူတို့ရဲ့အချိန်တွေကို ရုံးရှေ့မှာမြေမြှုပ်စရာ မလိုတော့ဘူးပေါ့။

၃။  ။
မေးမြန်းချက်

လောကကြီးမှာ ဦးစီးမှူးတစ်ယောက်တည်း အလုပ်လုပ်နေတာလား၊ ကျန်တဲ့သူတွေရော အလုပ်လုပ်နေရတာလား။ ဦးစီးမှူးခရီးသွားလို့ပဲ ဖြစ်ဖြစ်၊ အစည်းအဝေးသွားလို့ပဲ ဖြစ်ဖြစ်၊ သူ့ရဲ့တာဝန်ပျက်ကွက်မှုကြောင့် အခြားသူတွေရဲ့ အချိန်တွေ၊ ငွေတွေ၊ အလုပ်တွေ လောင်ကျွမ်းခံရတော့မှာလား။

အကြံပြုချက်

ချိန်းဆိုထားတဲ့ရက်ကို ရအောင်မလုပ်ပေးနိုင်ရင် မချိန်းဆိုခြင်း၊ ချိန်းဆိုပြီးပါက မိမိတာဝန်ပျက်ကွက်ဖို့ရှိခဲ့သော် အခြားဝန်ထမ်းတစ်ဦးအား တာဝန်လွှဲပေးခြင်းဖြင့် အခြားသူတွေရဲ့အချိန်တွေ၊ ငွေတွေ၊ အလုပ်တွေ မလောင်ကျွမ်းအောင် တားဆီးနိုင်ပါလိမ့်မယ်။

ကျွန်တော် အခုနေတဲ့နေရာကနေ ကဝမြို့နယ် လဝကရုံးကိုသွားရင် ကားခနဲ့တင် (၆၀၀၀)ကျပ်တိတိကုန်ကျပါတယ်။ အခုသွားခဲ့တာ (၃)ခေါက်ဆိုတော့ ခရီးစရိတ်တင်(၁၈၀၀၀)ရှိသွားပါပြီ။
တရားဝင်ကြေငြာထားတာတော့ (၂၈)ရက်အတွင်း (၃)ကျပ်နဲ့ အသက်ပြည့်လျှောက်ထားနိုင်ပါတယ်။ကျွန်တော်ဟာ ဝင်ငွေမရှိတဲ့ကျောင်းသားတစ်ယောက်ပါ။
ရုံးတံခါးဝကလူပြောတဲ့ မနက်ဖြန်သွားပြီးရင်ရော နောက်ထပ် ဘယ်နှစ်ကြိမ် ထပ်သွားရဦးမှာလဲတွေးနေမိတော့သည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ