Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

မော်ရိုကို တောင်ပိုင်းတွင် မထင်မှတ်ဘဲ ရုတ်တရက် ရေလွှမ်းမိုး

25 November 2014 13:58(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
ဂူလ်မင်၊ နိုဝင်ဘာ ၂၅

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မထင်မှတ်ဘဲ ရုတ်တရက် ရေလွှမ်းမိုးခဲ့၍ ယမန်နေ့က မော်ရိုကိုနိုင်ငံ တောင်ပိုင်းတွင် သေဆုံးသူ ၃၂ ဦးအထိ ရှိသွားပြီ ဖြစ်ကာ ၆ ဦးမှာ ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များ က ဆိုကြောင်း BBC တွင် ဖော်ပြပါရှိသည်။

တမ်ဆော့မြစ်အတွင်းမှ ရုတ်တရက် စီးဝင်လာသည့် ရေများကြောင့် သေဆုံးခဲ့ရသူများတွင် အသက် ၉ နှစ်အရွယ် မိန်းကလေး တစ်ဦးလည်းပါဝင်ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

ရွှံ့အုတ်ဖြင့် တည်ဆောက်ထားသည့် အိမ်ပေါင်း ၁၀၀ ခန့် ပျက်စီးသွားပြီး အမျိုးသား လမ်းမကြီး ၆ ခု အပါအ၀င် လမ်းပေါင်း ၁၀၀ ကျော်တို့တွင် ရေများ ဖုံးလွှမ်းနေသည်ဟု အာဏာပိုင်များက ဆိုသည်။

ကမ္ဘာ့လှည့်ခရီးသည်များ အလည်အပတ်များသည့် မော်ရိုကိုနိုင်ငံတွင် ရုတ်တရက် ရေလွှမ်းမိုးမှုမှာ အဖြစ်များသည်။

မာရပ်ကတ်ရှ် ရှေးဟောင်းမြို့ဝန်းကျင်တွင် ရေလွှမ်းမိုးမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတို့၏ ဘတ်စ်ကားများ တိမ်းမှောက်ခဲ့ရသည်။

အသက်အန္တရာယ်တွင်း ကျရောက်နေသူ ၂၀၀ ၀န်းကျင်ခန့်ကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးရပြီး ၎င်းတို့ထဲမှ ၄၀ ဦးခန့်ကို စစ်တပ်နှင့် တော်ဝင်အစောင့်အကြပ် ဟယ်လီကယ်ပတာများက ကယ်ခဲ့ရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ AFP က ဖော်ပြထားသည်။

ကယ်ဆယ်ရေးယာဉ် အစီး ၁၃၀ ၊ မော်တော် ၃၃၅ စီးတို့ဖြင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။
တောင်ပိုင်း မြို့တော် ဂူလ်မင်တွင်လည်း ရေစီးနှင့် မျောပါသွား၍ ၂၄ ဦး သေဆုံးခဲ့ရသည်။

ကားအတွင်း ပိတ်မိနေ၍ သေဆုံးခဲ့သူများလည်း ရှိသည်ဟု မိသားစုဝင်များက ဆိုကြောင်း AP သတင်းဌာက ဆိုသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ