Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

နည်းဥပဒေ ဆောလျင်စွာထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်

26 November 2014 19:04(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေကို နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေတွေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို အချိန်နဲ့တပြေးညီ ဆောလျင်စွာ ထုတ်ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆို တင်သွင်းလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆို တင်သွင်းလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုမယ့် ဥပဒေများထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေတွေဟာ ထိရောက်မှုရှိမှ တကယ်ပဲ ပြည်သူတွေရဲ့ ဘ၀တွေအပေါ်မှာ ထိရောက်မှု ရှိမှသာ ကျမတို့ဟာ ပြည်သူ့အကျိုးပြုနိုင်တယ်လို့ ဆိုနိုင်မှာပါ။ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို (၈-၁၀-၂၀၁၃) ခုနှစ် ကတည်းက ကျမတို့ ပြဋ္ဌာန်းပြီးသားပါ။ ဒါပေမယ့် ဒီဥပဒေဟာလည်း နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ထွက်မလာသေးတာကြောင့် ထိရောက်မှု မရှိနိုင်ပါဘူး။ မရှိတဲ့အတွက်ကြောင့် ကျမတို့တောင်သူလယ်သမားများဟာ အခုထက်ထိ ကြွေးတွင်းထဲ နစ်နေတဲ့ဒုက္ခ၊ နည်းပညာများ မဆောင်နိုင်တဲ့ဒုက္ခ၊ ဈေးကွက်မှာ မယှဉ်နိုင်တဲ့ဒုက္ခ၊ အဘက်ဘက်မှာ အကျပ်အတည်းတွေ ရှိလွန်းလို့ ကိုယ့်အိမ်ကိုယ့်ယာပစ်ပြီးတော့ တခြားမှာသွားပြီးတော့ အလုပ်လုပ်ရတဲ့ ဒုက္ခတွေနဲ့ အများကြီး ရင်ဆိုင်နေကြရပါတယ်” လို့ ဆွေးနွေးတင်ပြသွားပါတယ်။

အခုလို နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေ မထွက်နိုင်သေးတဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်မှုဟာ ကျဆင်းသွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုပါတယ်။

“ပြဋ္ဌာန်းပြီးသား ဥပဒေတွေအတွက်တောင်မှ နည်းဥပဒေတွ စည်းမျဉ်းစည်းကမ်း ဥပဒေတွေဟာ မထွက်နိုင်သေးဘူးဆိုရင် နောင်ကျမတို့ ပြဋ္ဌာန်းမယ့် ဥပဒေတွေအတွက် နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်တော့မှ ထွက်နိုင်မလဲဆိုတာ ကျမတို့ စဉ်းစားစရာဖြစ်ပါတယ်။ အရှေ့က လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ပြဋ္ဌာန်းသွား၊ ပြဋ္ဌာန်းသွား အနောက်ကနေ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မှီအောင်လို့ မလိုက်နိုင်ရင် ဥပဒေတွေ ပြဋ္ဌာန်းချက်တွေဟာ လုပ်ပြချက်တွေလိုပဲ ဖြစ်လာပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာလည်း ကျဆင်းလာပါလိမ့်မယ်။ ဥပဒေတွေသာ ပြဋ္ဌာန်းတယ်ဆိုတယ် မိမိတို့ရဲ့ ဘ၀တွေဟာ ဘာမှ မထူးခြားလာဘူး ဘယ်လိုမှ မတိုးတက်လာဘူးဆိုပြီး ပြည်သူတွေဟာ မြင်လာရင် ကျမတို့နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရော အုပ်ချုပ်ရေးမဏ္ဍိုင်ရော ပြည်သူရဲ့ မျက်စိထဲမှာ ပြည်သူရဲ့ အမြင်မှာ သိက္ခာကျပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးပါတီအမတ် သူရဦးအောင်ကိုက ထောက်ခံဆွေးနွေးခဲ့သလို ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း ဒီအဆိုမှန်ကန်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် အရေးကြီးအဆိုကို ကန့်ကွက်သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ကျင်းပခဲ့ပြီး လွှတ်တော်အရပ်ရပ်ထဲ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက်လွှတ်တော်အထိ  ဥပဒေပေါင်း ၁၂၀ ကျော် အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီထဲ တိုင်းပြည်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းလောက် ပမာဏရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေ ထွက်ပေါ်မလာသေးတာလည်း ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ