Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 27, 2014

IS တို့ သိမ်းပိုက်ထားသည့် မြို့ကို လေကြောင်းဖြင့် တိုက်ခိုက်၍ အရပ်သား ၃၆ ဦး သေဆုံး

27 November 2014 13:47(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
ရတ်ကာ၊ နိုဝင်ဘာ ၂၆

အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (IS) စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ရတ်ကာမြို့ကို အစိုးရတပ်ဖွဲ့မှ လေကြောင်းဖြင့် တိုက်ခိုက်ရာ အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း BBC တွင် ဖော်ပြပါရှိသည်။

မြို့၏ စက်မှုဇုံများ တည်ရှိရာဒေသတွင် အများဆုံး သေကျေခဲ့ရခြင်း ဖြစ်ကြောင်း ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။

အခြား ဆန့်ကျင် လှုပ်ရှားသူများ ကွန်ရက်တစ်ခုကမူ သေဆုံးသူ ဦးရေမှာ ၈၀ ကျော်သည်ဟု ဆိုခဲ့သည်။

ဆီးရီးယားအစိုးရနျင့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း လေကြောင်းတပ်ဖွဲ့သည် IS တို့ အခိုင်အမာ တပ်စွဲထားသည့် ရတ်ကာမြို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
ထိခိုက်ဆုံးရှုံး သေကျေမှုများကို အရပ်သားတို့သာ အဓိက ခံစားနေရသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ယင်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လူဦးရေထူထပ်သော ရတ်ကာပြတိုက်အနီးမှ ဈေးနယ်နိမိတ်နှင့် စက်မှုဇုံများအနီးကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။

“ပထမတစ်ကြိမ်တိုက်ခိုက်ခံလိုက် ရတော့ ဒဏ်ရာရသူတွေကို တခြားလူတွေက ကယ်ဆယ်ဖို့ လုပ်ကတယ်၊ အဲဒီအချိန်မှာပဲ ဒုတိယအကြိမ်တိုက်ခိုက်ခံခဲ့ရတယ်” ဟု အဆိုပါအဖွဲ့မှ ညွှန်ကြားရေးမှူး ရာမီအက်ဘ်ဒယ်ရာမန်က AFP သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများက ရတ်ကာမြို့ကို ၉ ကြိမ်တိုင်တိုင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကာ ၈၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ပါဝင်သည်ဟု ဆိုသည်။ ဒဏ်ရာရသူလည်း တစ်ရာနီးပါး ရှိကြောင်း သိရသည်။

IS တို့ကို လိုလားသည့် အွန်လိုင်းမီဒီယာ Amaq မှ လွှင့်တင်ထားသော ဗီဒီယိုတွင်မူ မီးသတ်သမားများက မီးလောင်နေသည့် ကားများအား မီးငြိမ်းသတ်နေကြပြီး ကျန်းမာရေးဝန်ထမ်းများက လူသေလောင်းများကို လူနာတင်ယာဉ်များပေါ်သို့ တင်ဆောင်နေကြသည်။

စက်တင်ဘာ ၆ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၅၃ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၃၁ ဦးမှာ အရပ်သားများဖြစ်သည်။

အနောက်အုပ်စု၏ အထောက်အပံ့များ ရထားသော သူပုန်များနှင့် အခြား အစ္စလာမ္မစ် စစ်သွေးကြွများသည် ရတ်ကာမြို့ကို ယမန်နှစ် မတ်လကစ၍ တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီတွင် IS ၎င်းတို့အား ဖယ်ရှား၍ တစ်ဖန် ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ