Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

အသေခံဗုံးဖောက်တဲ့ အမျိုးသမီးတွေကြောင့် လူ ၄၅ ဦးကျော်သေဆုံး

26 November 2014 09:53(+0630)
နိုင်ဂျီးရီးယားနိုင်ငံမှာ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​အမျိုး သမီးနှစ်ဦးက ​ဈေးမှာ ​ဗုံးဖောက်ခွဲ ခဲ့တာကြောင့် ​အနည်းဆုံး ​လူ ​၄၅ ​ယောက်လောက် ​သေဆုံး ခဲ့ရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​Maiduguri ​မြို့ ​ဈေးမှာ ​ဆယ်ကျော်သက်အရွယ် ​အမျိုးသမီး နှစ်ယောက်က ​အသေခံ ​ဗုံးဖောက်ခွဲ ခဲ့တာလို့ ​မျက်မြင် သက်သေတွေက ​ပြောပါတယ်။

အမျိုးသမီး တစ်ယောက်က ​ဈေးထဲမှာ ​ရပ်ထားတဲ့ ​လံခြား ​ဆိုက်ကားနားကို ​လာပြီး ​ဗိုက်ဖော်ခွဲခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီ ​ဗုံးကြောင့် ​သေဆုံးသူတွေ၊ ​ဒဏ်ရာရသူတွေ ​ရှိနေလို့ ​ကူညီနေကြတုန်း ​နောက် ​၁၀ ​မိနစ်အကြာမှာ ​နောက်ဗုံးတစ်လုံး ​ပေါက်ကွဲခဲ့ပါတယ်။

ဒုတိယဗုံးကိုတော့ ​ကလေးပိုး ​ဟန်ဆောင်ထားတဲ့ ​အမျိုးသမီးက ​ဖောက်ခွဲခဲ့တာပါ။

အဲဒီအမျိုးသမီးဟာ ​ဗုံးကို ​မွတ်စလင်အမျိုးသမီးတွေ ​ဝတ်ဆင်တဲ့ ​ခေါင်းပေါင်းနဲ့ ​ဝတ်ရုံ ​အောက်မှာ ​ဖွက်လာပြီး ​နောက်ကျောမှာ ​ကလေးပိုးထားတဲ့ ​ပုံစံမျိုးနဲ့ ​ဗုံးကို ​ချည်နှောင်ထားတာ ​ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘိုကိုဟာရမ်အဖွဲ့ရဲ့ ​လက်ချက်ဖြစ်မယ်လို့ ​ယူဆနေကြပေမယ့် ​ဘိုကိုဟာရမ်အဖွဲ့က ​တုန့်ပြန်ပြောဆိုထားတာတွေ ​မရှိသေးပါဘူး။

Maiduguri ​မြို့မှာ ​ဘော်နိုပြည်နယ်မှာ ​တည်ရှိပြီး ​အဲဒီ ​ပြည်နယ်ဟာ ​ဘိုကိုဟာရမ်အဖွဲ့ ​ကျင်လည်ကြီးစိုးရာ ​ပြည်နယ်ဖြစ်ပါတယ်။

Maiduguri ​မြို့မှာလည်း ​ဘိုကိုဟာရမ်အဖွဲ့က ​အကြိမ်ပေါင်း ​ဒါဇင်နဲ့ချီ ​အကြမ်းဖက်မှုတွေ ​ပြုလုပ်ခဲ့ဖူးပါတယ်။

ဘိုကိုဟာရမ် ​အဖွဲ့အစည်းကိုလည်း ​Maiduguri ​မှာပဲ ​တည်ထောင်ခဲ့တာဖြစ်ပြီး ​လွန်ခဲ့တဲ့ ​၁၀ ​နှစ်က ​တည်ထောင်လာတာ ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​သမားတွေဟာ ​အမျိုးသားတွေသာ ​ဖြစ်ပေမယ့် ​အခုအခါမှာတော့ ​အမျိုးသမီးတွေကို ​ပိုသုံးလာတာကို ​တွေ့ရတယ်လို့လည်း ​သိရပါတယ်။

ဘော်နိုပြည်နယ်အတွင်းက ​ကျေးရွာနဲ့ ​မြို့ပေါင်း ​၂၄ ​မြို့လောက်ကိုလည်း ​ဘိုကိုဟာရမ်အဖွဲ့က ​သိမ်းပိုက်ထားတာ ​ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ