Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

စစ်ဘေးဒုက္ခသည်တွေ ကူညီရေး ရန်ပုံငွေဖြေဖျော်ပွဲ မြစ်ကြီးနားမှာ စတင်ကျင်းပ

ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး စစ်ဘေး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေဖျော်ဖြေပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းမှာ ဒီနေ့ကစပြီး ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒုက္ခသည်တွေ အတွက် အကူအညီတွေပေးနိုင်ဖို့ စီစဉ်တာဖြစ်တယ်လို့ လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီရဲ့ အတွင်းရေးမှူး ဦးလာမာလေးက ပြောပါတယ်။

"စစ်ရှောင် သွေးချင်းညီအစ်ကိုတွေအတွက် စာနာထောက်ထားတဲ့အနေနဲ့ ဒီလိုရန်ပုံငွေရှာပြီး ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ၊ ဝန်ကြီးဖြစ်မှ ဝန်ကြီးချုပ်ဖြစ်မှဆိုတာထက်၊ အာဏာရပါတီဖြစ်မှဆိုတာထက် တတ်နိုင်သလောက် ပြည်သူတွေကို ဘယ်လိုပုံစံလက်တွေ့မှာ ဘယ်လိုပုံစံအကျိုးပြုပေးနိုင်မလဲ၊ ပြည်သူတွေကို ကူညီပေးနိုင်မလဲဆိုတာ တိုင်းတဲ့ပေးတံနဲ့ ကြိုးစားပြီးဆောင်ရွက်တာဖြစ်ပါတယ်"

ကချင်ပြည်နယ်အခြေစိုက် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီတို့ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ ရန်ကုန်မြို့က ဟာသသရုပ်ဆောင်တွေ၊ ကချင်ပြည်နယ်က ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ဂီတအဖွဲ့တွေလည်း ပါဝင်ကြမယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ရှမ်း၊ ဂျိန်းဖော၊ ရဝမ်၊ လီဆူ စတဲ့ ဒေသခံတစ်သိန်းဝန်းကျင်လောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ