Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

အုပ်စုဖွဲ့ ဓါးကိုင်ဆောင်ပြီး ဓမ္မာရုံအတွင်း ၀င်ရောက် ဖျက်ဆီး ရမ်းကား

အုပ်စုဖွဲ့ ဓါးကိုင်ဆောင်ပြီး ဓမ္မာရုံအတွင်း ၀င်ရောက် ဖျက်ဆီး ရမ်းကားသူများအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

၂၈.၁၁.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၀)ရပ်ကွက်၊ ဓမ္မာရုံရှေ့တွင် လူ(၅)ဦးခန့်မှ ဓါးရှည်များ ကိုင်ဆောင်၍ ဓမ္မာရုံ၏ ၀င်ပေါက်သစ်သား တံခါးမကြီးအား ဖျက်ဆီး ၀င်ရောက်နေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ သွားရောက်ခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေသူများ ဖြစ်သည့် ကျော်ကြီး(ခ)ကျော်မင်းထွန်း၊ (၃၃)နှစ်၊ ၀တုတ်(ခ)မျိုးမင်းလတ်၊ (၂၇)နှစ်၊ သန်လျင်မြို့နယ် နေသူများ ဖြစ်သည့် ကျော်မြင့်၊ (၅၀)နှစ်၊ ငြိမ်းချမ်း၊ (၂၃)နှစ်နှင့် အောင်မြိုင်၊ (၃၆)နှစ်တို့(၅)ဦးအား ဓမ္မာရုံအတွင်းသို့ ၀င်ရောက်ကျူးကျော်နေသည်ကိုတွေ့ရှိ ရပြီး ၎င်းတို့(၅)ဦးကို ငှက်ကြီးတောင်ဓါးရှည်(၄)ချောင်း၊ ဓါးမြှောင်(၂)ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ ဓမ္မာရုံအတွင်း ၀င်ရောက်ခဲ့ခြင်းမှာ ကျူးကျော် မြေရောင်း ချသူများထံမှ မိုက်ကြေးခွဲပိုက်ဆံ တောင်းခံရန် လာရောက် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ဖျက်ဆီးခဲ့သဖြင့် ဓမ္မာရုံတံခါးမကြီး တန်ဖိုး(၃၀၀၀)ကျပ်ခန့် ပျက်စီးသွားခဲ့ ပါသည်။

ထိုသို့ကျူးလွန်ခဲ့ကြသူ ကျော်ကြီး(ခ)ကျော်မင်းထွန်း၊ ၀တုတ်(ခ)မျိုးမင်းလတ်၊ ကျော်မြင့်၊ ငြိမ်းချမ်းနှင့် အောင်မြိုင်တို့(၅)ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်းတွင် (ပ)၅၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၅၂/၂၉၅-က/၄၂၇ ဖြင့်လည်းကောင်း၊ လက်နက်ဥပဒေပုဒ်မ-၁၉(င) အမှု(၅)မှုတို့ဖြင့် လည်းကောင်း အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ