ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို သတိပေးသည့်အနေဖြင့် ပစ်ခတ်ဟု အစိုးရတုံ့ပြန်

21 November 2014 10:58(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)
အစိုးရ တပ်ဘက်က ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို ပြန်ပြီး သတိပေးတဲ့ အနေနဲ့ ပစ်ခတ်တာ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ တာဝန်ရှိ သူတွေက ပြန်လည်တုံ့ပြန် ရှင်းလင်း ပြောကြား လိုက်ပါ တယ်။

ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို မြန်မာ စစ်တပ်ဘက်က ပစ်ခတ်ခဲ့လို့ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ပါဝင်တဲ့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့က မနေ့က မြစ်ကြီးနားမြို့မှာ သတင်းစာရှင်းလင်း ပြောဆိုလိုက်တာပါ။

တပ်မတော်က ရိက္ခာပို့တာနဲ့ တပ်စခန်းလဲလှယ်ဖို့ သွားရောက်တဲ့အခါက ပစ်ခတ်မှုခံခဲ့ရတဲ့အတွက် တပ်မတော်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မှူးကြီး သန်းအောင်က ပြောပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ တပ်စခန်းဖြစ်တဲ့ ခါးရာဘွန်းတပ်စခန်းကနေ လက်နက်ကြီးနဲ့ သတိပေး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“စစ်ပွဲတပွဲ ဆင်နွှဲတဲ့နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ်ဆိုတာ ရှိပါတယ်။ လက်နက်ကြီးနဲ့ လက်နက်ငယ်ဆိုတာကလည်း အမျိုးအစားပေါ် မူတည်ပြီး ကန့်သတ်ချက်တွေ ရှိပါတယ်။ အခု ပစ်လိုက်တဲ့ဟာက လက်နက်ကြီး အမျိုးအစားဝင် လက်နက်တခုပဲ ဖြစ်ပါတယ်။ ၂ မိုင်လောက်ပဲ ရှိမယ့်အနေအထား ရှိပါတယ်။ အဲဒီတပ်စခန်း ပစ်တဲ့နေရာမှာတော့ လက်လှမ်းမီရာ တန်ပြန်ပြီးတော့ အနေအထား မဟုတ်ပါဘူး။ ပြန်ပြီးတော့ သတိပေး ပစ်ခတ်တဲ့အနေအထား ဖြစ်ပါတယ်။”

အခုလိုပစ်ခတ်မှု ဖြစ်ခဲ့တာဟာ စစ်သဘောအရ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ ဒီထက်မက ကြီးကျယ်တဲ့ တိုက်ပွဲတွေ အများကြီးရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှောင့်ယှက်မယ့် အနေအထားမဟုတ်လို့ ပေါင်းစပ်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကေအိုင်အေဘက်ကတော့ အခု တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်ပြီး  ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုကော်မတီ က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ယုံကြည်မှုအပေါ်မှာ အများကြီးမူတည်နေသလို ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ ဒီတိုက်ခိုက်မှုဟာ ၂ ဖက်ယုံကြည်မှုကို ပျက်ယွင်းသွား စေတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ   တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဗိုလ်လောင်း ၁၀ ဦးနဲ့ အေဘီအက်စ်ဒီအက်ဖ်  ကျောင်းသားတပ်မတော်က ဗိုလ်လောင်း ၂ ဦးလည်း ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။


ဗိုလ်မှူးကြီး သန်းအောင် ရှင်းလင်းပြောကြားနေစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ