မြန်မာနိုင်ငံတွင်
သစ်တောပြုန်းတီးမှုနှင့်အတူ သစ်တော ဧရိယာအတွင်း
စိုက်ပျိုးမြေချဲ့ထွင်လာခြင်းများကြောင့် လူနှင့် တောဆင်ရိုင်းတို့၏
စားကျက်လုသည့်ပြဿနာများ မှာ နောက် ဆက်တွဲအနေဖြင့် ပါဝင်လာခဲ့ရသည်။
ထိုကဲ့သို့ ပြဿနာများကြောင့် ဇောင်းလူနှင့် ထန်းတော
ကြီးတိုက်နယ်နှစ်ခု၊ပဲခူးချောင်းဖျားဒေသ ကျေးရွာ နှစ်ဆယ်
ကျော်တွင်တောဆင်ရိုင်းနှောင့် ယှက်ဖျက်ဆီးမှုများေ ကြာင့် နှစ်
စဉ်လူသေဆုံးမှုနှင့် လယ်ယာပျက်စီးမှုများ ပိုမိုဆိုးရွားလာလျက် ရှိသည်။
ထိုဒေသရှိ ဆင်နှင့်လူ၏ပဋိပက္ခမှာ ယခုမှ ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ဘဲ
လွန်ခဲ့သောဆယ့်ငါးနှစ်ကျော် ကာလအတွင်းမှစ၍ ၄င်းကျေးရွာအများစုတွင်
လူသေဆုံးသူဆယ် ဦးကျော်အထက် ရှိနေပြီး စိုက်ပျိုးမြေ ဝင်ရောက်ဖျက်ဆီးမှု
တစ်နှစ်လျှင် ဧက ၄ဝဝ ကျော်အထိ နစ်နာဆုံးရှုံးနေကြသည်။
ယမန်နှစ် စပါးပေါ်ချိန် တပို့တွဲလဆန်းတွင် ဆင်အနင်းခံ
ရမှုကြောင့်အသက်ဆုံးရှုံးခဲ့သူ အသက် ၇ဝ ကျော် ကရင်အဘိုး အိုဦးဒါးကေ၏
ဖြစ်ရပ်မှာ ပို၍ရင်နင့်ဖွယ် ရာကောင်းလှသည်။
ဆင်တို့၏ အစားအစာစားသုံးမှုနှုန်းမှာ အရပ်ရှစ်ပေအ ထက်ရှိ ဆင်ကြီးတစ်ကောင်သည်
ပျမ်းမျှအစာပေါင်ချိန် တစ် ထောင်ခန့်စားပြီး၊ ဆင်လတ်တစ်ကောင် သည်
ပေါင်ချိန်ရှစ်ရာ ကျော်ခန့်၊ ခုနစ်ပေအောက်ဆင်ငယ်တစ်ကောင်သည် ပေါင်
ချိန်ခုနစ်ရာခန့်စားကြောင်း ဆင်ဦးစီး မှတ်တမ်းများအရ သိရ သည်။
”တဲကိုဝင်တိုက်ပြီး အောက်က စပါးအိတ်ကို နှိုက်တာ။ သားအဖနှစ်ယောက်
ပြုတ်ကျတယ်။ အဘိုးကြီးက သမီးလေး ကုန်းအထကို ဝါးလုံးနဲ့ထိုးကြတော့ သမီးလေး
လွတ်သွားတယ်။ ဆင်ရိုင်းက ကလေးအဖေကို တစ်ချက်တည်း နင်းသတ်သွား တယ်” ဟု
ဇနီးဖြစ်သူ ဒေါ်အုန်းကြိုင်က ဝမ်းနည်းဟန်ဖြင့် ပြောသည်။
ထိုကဲ့သို့ ဆင်အန္တရာယ်ပြုခံရပြီး သေဆုံးခဲ့ခြင်းအား သစ်တောဦးစီးဌာနအပါအဝင်
နယ်မြေခံရဲစခန်းမှ စုစုပေါင်း ငွေတစ်သောင်းခွဲ ထောက်ပံ့သည်ကို အလောင်းသယ်
ပို့ပေး သူများကို ပေးခဲ့ရကြောင်း၊ ပဲခူးဆေးရုံသို့ တင်ပို့ရာတွင်လည်း
မီးသင်္ဂြိုဟ်စရိတ် ခုနစ်သောင်းတောင်းခံ၍ မပေးနိုင်ဘဲ သမီး
ဖြစ်သူကျွဲကျောင်းခနှစ်သောင်းကျပ် သာ တောင်းပန်ပြီး ပေးခဲ့ ရကြောင်း ၄င်းက
ဆိုသည်။
အထက်ပါ ဆင်ရိုင်း ဖျက်ဆီးနှောင့်ယှက်မှုကို သံ ပုံးတီးခြင်း၊ဗျောက်အိုးဖောက်
ခြင်း၊ ငရုတ်သီး အညှော်တိုက် ခြင်း စသည့် နည်းမျိုးစုံဖြင့်
ပြုလုပ်ရာတွင်လည်းကြောက် လန့်မှုမရှိဘဲ လူကိုပါအန္တရာယ် ပြုတတ်သည့်အတွက် သစ်
တောဦးစီးရုံးသို့ အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့ရာ ကူညီဖြေရှင်း
ပေးမှုမရှိခြင်း ကြောင့် ဒေသခံ အများ အပြား နစ်နာဆုံးရှုံးနေသည်ဟု ကမ်း
မြင့်ရွာသား ဦးအေးလွင်က ပြောသည်။
”အရင်က ဒီလောက် မဟုတ်သေးဘူး။ အခု သုံး လေးနှစ်လောက်မှာ ပိုဆိုးလာတယ်။
တစ်ခါလာရင် သုံး ကောင်မကဘူး။ စပါးမှည့်ချိန်တင် မဟုတ်တော့ဘူး။ အခု က တည်းက
ပျိုးခင်းတွေပါ ဝင်ဖျက်လာပြီ။ ဆင်ရိုင်းသဘောက လူများများနဲ့
အသံမျိုးစုံပေးပြီးခြောက်ရင် ကြောက်တယ်။ ဒီ ဆင်တွေက
အဲဒီလိုမဟုတ်တော့ဆင်ယဉ်တွေလား လို့ သံသယ ဖြစ်မိတယ်”ဟု ၄င်းက
မေးခွန်းထုတ်သည်။
အဆိုပါပဲခူးချောင်းဖျား တစ်လျှောက်တွင်ရှိသော ဇီး တော၊ တမာပင်၊ သရက်ကုန်း၊
ကူတောင်၊ ကမ်းမြင့်၊ ခါနာန်၊ နတ်စက်စသည့် ကျေးရွာနှစ်ဆယ်ကျော်မှ လူနှစ်ေ
သာင်းကျော် မှာတလိုင်းမသစ်တောကြိုးဝိုင်းနှင့် နီးကပ်မှုရှိနေသည့်အတွက်
ဆင်နှင့်လူစားကျက်မြေ လုသောအလားသဏ္ဌာန်မျိုး ကြုံတွေ့ နေကြရသည်။
တောဆင်ရိုင်း၏ စားကျက်နေရာများကို စိုက်ခင်းမြေ တိုးချဲ့လာကြပြီး
တစ်ဖက်တွင်လည်း လုပ်ငန်းရှင်များက စီး
ပွားဖြစ်ရော်ဘာခြံစိုက်ခင်းများကြောင့် ဆင်သွားလာရန် ဧရိ
ယာကျဉ်းမြောင်းလာပြီး လူနှင့်နီးကပ်သော နေရာများအတွင်း
ဝင်ရောက်နေခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ
ဦးမျိုးလွင်က ပြောသည်။
”တောဆင်ရိုင်းနဲ့ လူ ပဋိပက္ခတွေရှိတယ်။ တောဆင်ရိုင်း နေတဲ့ သစ်တောမြေနေရာကို
လူတွေကျူးကျော်လာတော့ ဒီ ပြဿနာ ပေါ်လာရတာ” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းမှာ ကောင်ရေ လေး ထောင်နှင့် ငါးထောင်ကြားသာ
သစ်တောကြိုးဝိုင်း အနှံ့အပြား ၌ နေထိုင်ကျက်စားနေကြသည်။ ထိုသို့ ဆင်နှင့်
လူ ပြဿနာ ဖြစ်ပွားပါက မြန်မာ့သစ်လုပ်ငန်းမှ ဆင်အဖွဲ့၏ အကူအညီဖြင့်
ကြိုးဝိုင်းအတွင်းသို့ မောင်းသွင်းပေးမှုများ ပြုလုပ်ပေးကြောင်း
သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာ နမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က
ပြောသည်။
၂ဝဝဝ ခုနှစ်အကျော်မှစ၍ လူနှင့်တောဆင်ရိုင်းပဋိပက္ခ ပြဿနာတွင်
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးများတွင်
အများဆုံးဖြစ်ပေါ်နေပြီး တိုက်ကြီးသစ်တောကြိုးဝိုင်းနှင့်
လှည်းကူးသစ်တောကြိုးဝိုင်း မှာ အဆိုးဆုံးဖြစ်သည်ဟု ညွှန်ကြားရေးမှူး
ဦးကျော်ကျော်လွင် က ဆိုသည်။
”ပြီးခဲ့တဲ့နှစ်က မေ့ဆေးသေနတ်နဲ့ပစ်ပြီး ခုနစ်ကောင် မောင်းထည့်ပေးဖူးတယ်။
ဆင်ရဲ့ နဂိုနေရာက လုံလောက် တယ်။ ကြိုးဝိုင်းကျူးကျော်
စိုက်ပျိုးမြေများလာတော့ ဆင်နဲ့လူ သူ့စည်းကိုယ့် စည်းမရှိတော့ဘူး” ဟု ၄င်းက
ဆိုသည်။
မေ့ဆေးသေနတ်ဖြင့် တောဆင်ရိုင်းများကို ဖမ်းဆီးသည့် နည်းစနစ်ကို
မြန်မာနိုင်ငံတွင် ၁၉၆၆-၁၉၆၇ တွင် ခုနှစ်က
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှအောင် နှင့်
သစ်လုပ်ငန်းအဖွဲ့ကပူးပေါင်းကာ စတင်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာပေါ်တွင်
ဆင်ရိုင်းများကို ကျုံးသွင်းဖမ်းဆီးခြင်း၊ မီလာ ရှိကာ
ကြိုးကွင်းစွပ်ဖမ်းခြင်း စသည့်စနစ်တို့ဖြင့် ဖမ်းဆီးကြ သည်။
၎င်း တောဆင်ရိုင်းများသည် ပြည်သူပိုင် ပစ္စည်းဖြစ်ကာ ၄င်းတို့ကို
သတ်ဖြတ်ပါက ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့်
အရေးယူခံရနိုင်သည်။
ဗြိတိသျှ ကိုလိုနီခေတ်က မော်လမြိုင်ဘက်တွင် မုန်ထပြီး
ဂေါ်ရင်ဂျီကူလီတစ်ဦးကို နင်းသတ်ခဲ့သောဆင်ကြီး တစ် ကောင်းအား ဒသမ ၄၄
ဝန်ချက်စတာ သေနတ်ဖြင့် ကိုယ်တိုင် ပစ်သတ်ခဲ့သည့်အကြောင်း ကမ္ဘာကျော်
အင်္ဂလိပ်စာရေးဆရာGeorge Orwell က Shooting an Elephant အမည်ဖြင့်
ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူး သည်။ ဂေါ်ရင်ဂျီကူလီတစ်ဦးကို နင်းသတ်ရုံဖြင့်
ဆင်ကိုသတ်မိသော ၄င်းကိုအခြားဥရောပသား များက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်ဟု
ဆိုသည်။
မြန်မာသမိုင်းတစ်လျှောက်တွင်လည်း ဆင်ဆိုသည်မှာ ထီးသုံး၊ နန်းသုံးဖြစ်ကာ
ဆင်ကိုအကြောင်းပြု၍ ကုန်းဘောင် ခေတ်တွင် မြန်မာနှင့်ထိုင်းတို့
စစ်ဖြစ်ခဲ့ရဖူးသည်။ ထို့နောက် ကိုလိုနီခေတ်တွင် မြန်မာ့ဆင်သည်
သစ်ထုတ်လုပ်ရေး လုပ် သားဆင်ဘဝသို့ ရောက်ခဲ့ရသည်။
ဆင်တို့၏ ဖျက်ဆီးမှုကြောင့် လယ်၊ ကိုင်း၊ အိမ်နှင့် လူ့အသက်များ
နစ်နာနေရသည့် တောင်သူများအတွက် ငွေ ကြေးထောက်ပံ့ကူညီပေးရန်
တိုင်းဒေသကြီးအစိုးရ အပါ အဝင် သမ္မတ ဦးသိန်းစိန်နှင့်
ပြည်သူ့လွှတ်တော်သို့ပါ စာပို့၍တင်ပြ တောင်းဆိုမည်ဖြစ်ကြောင်း
ဒေသခံတောင်သူများအကျိုး ဆောင်ရွက်နေသည့် ရေကြည်စမ်း လူမှုကွန် ရက်အဖွဲ့က ဆို
သည်။
”ဒီတလိုင်းမ သစ်တောဧရိယာထဲမှာ ဆည်တွေဆောက် တယ်။ တောဆင်
စားကျက်မြေပျောက်တော့ လူနဲ့နီးတဲ့ နေရာ လာပြီး လူ့အသက်အန္တရာယ်ကို
ခြိမ်းခြောက် လာပြီ” ဟု ၄င်း အဖွဲ့က ဝေဖန်မှုပြုသည်။
သစ်တောဦးစီးဌာနအနေဖြင့် တောဆင်ရိုင်းများနေထိုင် ကျက်စားနိုင်သော
ဧကနှစ်သိန်းလေးသောင်းကျော် ရှိသည့် မြောက်ဇာမဏီ ဆင်ဘေးမဲ့တောကို အကောင်
အထည်ဖော် လျက်ရှိရာ ဆင်များပျော်ရွှင်စေအောင် ထမဆိုင်းစိုက်ခင်း များ၊
တောငှက်ပျောပင်များ စိုက်ပျိုးပေးထားပြီး လာမည့် ၂ဝ၁၄ ခုနှစ်တွင်
မောင်းသွင်းရန် စီစဉ်ထား သည်။ ထိုသို့စီစဉ် ဆောင်ရွက်ပြီးပါက ထိုဒေသတွင်
လူနှင့်ဆင်ဖြစ်သော ပဋိပက္ခ များ လျော့နည်းသွားမည် ဖြစ်ကြောင်း
သစ်တောဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ကုန်းမြေ အကျယ်အဝန်းမှာ ၆၇၆ဝဝဝ စတုရန်းကီလိုမီတာရှိသည့်အနက်
သစ်တောဖုံးလွှမ်း ဧရိယာ မှာ ၅ဝရာခိုင်နှုန်းခန့် ရှိသေးကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ် မှတ် တမ်းများအရ ဆင်များကို ဘေးမဲ့ကာကွယ်ထားရှိသော ထိုသစ်တော ဧရိယာများ၏ ၄ ရာခိုင်နှုန်းခန့်သာ ရှိသည်။
မြန်မာနိုင်ငံတွင် ဆင် ၆ဝဝဝ ခန့် ပုံမှန်ထိန်းသိမ်းထားနိုင်ရန်အတွက်
နှစ်စဉ်ဆင်ရိုင်းကောင်ရေ ၁ဝဝ ခန့် ဖမ်းဆီး နေရပြီး ထိုနှုန်းအတိုင်း
ဆက်လက်ဖမ်းဆီးပါက နောင် ၃၁ နှစ်အကြာတွင် တောဆင်ရိုင်းများ မြန်မာနိုင်ငံမှ
ပျောက်ကွယ် သွားနိုင်ကြောင်းကို ၂ဝဝ၈ ခုနှစ်Leimgruber et al တို့၏
လေ့လာချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment