Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 27, 2014

သုညနဲ့ဆောက်ခဲ့တဲ့အိမ်

နိဂုံးဆိုတာ
ရက်လွန်ကြောင်းသတ်မှတ်ခံထားရတဲ့
နွေရာသီတစ်ခုပဲဖြစ်တယ်။
အကြွေစေ့လေးကိုမြှောက်ပြီး
နင်ကခေါင်းနဲ့ပန်းကိုယူ
ငါကကံကြမ္မာကိုယူမိခဲ့သလိုမျိုး

နိဂုံးဟာ
ခပ်တည်တည်နိုင်လွန်းလှတယ်ကွယ်။
နာရီရဲ့ရင်ဘတ်ကိုချိန်ရွယ်ထားတဲ့
လက်တံလေးရဲ့မောင်းခလုတ်ကို
ဖြုတ်လိုက်သလိုမျိုးပေါ့
မနက်(၉)နာရီတွေတွေ့တိုင်း
(၁)မိနစ်စီ ငြိမ်သက်ဝမ်းနည်းကြမယ်
အပြည်ပြည်ဆိုင်ရာဆိုတာ
ငါတို့မြတ်မြတ်နိုးနိုးမုန်းခဲ့ဖူးတဲ့
နေရာလေးအဖြစ်။
မှန်တစ်ချပ်စာအပြင်
ဘာကိုမှအိပ်မက်ပိုမမက်ခဲ့လိုက်ဘူး
ဖိနပ်လှလှလေးတွေကနေ
လေယာဉ်ပျံတွေအထိ
လက်ညှိုးထိပ်ကလေးကနေ
ရွာရိုးကိုးပေါက်အထိ
ခဏလေးကြာဖူးခဲ့တယ်ဆိုရုံပေါ့
မျက်ဝန်းမလေးရယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ