Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

ချစ်သူသို့အလွမ်း

လွမ်းလွန်းလို့ သေလောက်အောင် နာကျဉ်ရရင်တောင်
ကောင်မလေးရယ် ငါ နင့်ကို သတိရကြောင်းတော့ မပြောပရစေနဲ့တော့
နာကျဉ်မှု့တွေကို ပိုခံနိုင်ရည်ရှိလာဖို့ပဲ ကြိုးစားပါမယ်
ဒီလူမိုက်ဟာ နင့်ကိုလွမ်းမိတိုင်း တုန်လှုပ်နေရပါတယ်

ပိုနာကျဉ်ဖို့ဖြစ်ခဲ့ရင်တောင် ပိုဝေးကွာဖို့ဖြစ်ခဲ့ရင်တောင်

ဒီကောင်းကင်ကြီးအောက် တစ်နေရာရာမှာတော့
နင်ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ပဲ
ငါ့အချစ်တွေကို ဆက်ရှင်သန်ထားချင်တာပါ
အလွမ်းတွေမီးတောက်ရတဲ့ မနေ့တွေကထက်စာရင်
ဒီနေ့ ငါပိုအဆင်ပြေလာပါပြီ
မနက်ဖြန်လည်း ဒီတိုင်းပဲဖြစ်နေဖို့တော့ မျှော်လင့်တာပါပဲလေ
အချိန်သည်သာ အကောင်းဆုံးဆေးဆရာဖြစ်စေမှာပါ

နာကျင်ရရင်တောင် စူးစူးနစ်နစ် ချစ်တဲ့ချစ်ခြင်းကသာ
ငါ့အတွက်တော့ အလှပဆုံး ဖြစ်ခဲ့တယ်
သိပ်နာကျဉ်တဲ့အချိန်တွေ ရောက်လာရင်တော့
ကို့နူတ်ခမ်းကို ခပ်တင်းတင်းစေ့ထားမိမှာပေါ့ကွယ်

နင်ဟာ ငါပိုင်ဆိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းတဲ့ဝိညာဉ် မဟုတ်ရင်တောင်
ဒီကောင်းကင်အောက်မှာ နင်နဲ့ပြန်ဆုံတွေ့ခွင့်မရတော့ရင်တောင်
အနည်းဆုံးတော့ ငါတို့အမှတ်တရတွေရှိခဲ့ဖူးတယ်ဆိုတာနဲ့တင်
ခံစားဖို့ရာ ထိုက်တန်ပါတယ် ။ ။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ