Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 31, 2014

ယောက္ခမ အိမ်များတွင် အိမ်သာမရှိ၍ လပ်ထက်စ အိန္ဒိယ အမျိုးသမီးများ နေအိမ်ပြန်



အသစ်စက်စက် အိမ်ထောင်ရှင် အမျိုးသမီး ခြောက်ဦးတို့သည် အိန္ဒိယနိုင်ငံ ဥတ္တရာ ပရာဒေရှ့်ပြည်နယ် ကူရှင်နဂါခရိုင် ရှိ ယောက္ခမများနှင့် ဆွေမျိုးများ၏ နေအိမ်များတွင် အိမ်သာ မရှိသောကြောင့် ၎င်းတို့၏ မိဘများ နေအိမ်သို့ ပြန်လာခဲ့ကြသည်ဟု သြဂုတ် ၁၈ ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။


အမျိုးသမီးများသည် လွန်ခဲ့သော နှစ်လ ကတည်းက ခါရှီယာရွာရှိ ၎င်းတို့၏ ယောက္ခမများ အိမ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ပရဟိတသမား အာရှာပါဗင်းက ပြောကြားသည်။

နီလန်း၊ ကလာဝါတီ၊ ရှကီနာ၊ နီရန်ဂျန်၊ ဂူတီရနှင့် စီတ တို့သည် လင်ယောင်္ကျားနှင့် လင်ယောင်္ကျားဘက်မှ တော်စပ်သော ဆွေမျိုးများ၏ နေအိမ်တွင် အိမ်သာ မရှိကြောင်း သိရှိခဲ့ကြ ပြီးနောက် ၎င်းတို့၏ လင်ယောင်္ကျားများနှင့် ဆွေမျိုးများကို မကျေနပ်ကြောင်း တိုင်ကြားထားပြီး အိမ်သာများ မဆောက်လုပ်မချင်း ပြန်မည် မဟုတ်ကြောင်းကိုလည်း ပြောကြားထားသည်ဟု ပါဗင်းက ဆိုသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး တရားဝင် သတင်း အချက်အလက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယင်း အမျိုးသမီးများ၏ ယောက္ခမ အိမ်များနှင့် ဆွေမျိုးများ အိမ်တွင် အိမ်သာများ ဆောက်လုပ်မည်ဟု ကျန်းမာရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Sulabh International တည်ထောင်သူ ဘန်ဒက်ခ်ျဝါ ပတ်တက်ခ်က ပြောကြားသည်။ အမျိုးသမီးများ၏ အပြုအမူသည် ရဲတင်းပြီး ထူးခြားကြောင်း ပတ်တက်ခ် က သတ်မှတ်ခဲ့သည်။

"ဒီအဖြစ်အပျက် မျိုးတွေ တိုးပွားလာတာက အမျိုးသမီးတွေ အိမ်သာနဲ့ ပတ်သက်ပြီး စဉ်းစားပုံ ပြောင်းလဲသွားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပဲ၊ အခုအားလုံးက အိမ်သာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာကြပြီ"ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်သာများကို Sulabh Internationalအဖွဲ့ မှ အချိန် နှောင့်နှေးခြင်း မရှိဘဲ အခမဲ့ ဆောက်လုပ်ပေးသွားမည် ဖြစ်သောကြောင့် အမျိုးသမီးများ ၎င်းတို့ နေအိမ်သို့ ပြန်လာ နိုင်မည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ