Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 27, 2014

ကျေးရွာအတွင်းမှ အစိုးရတပ်မတော် ဆုတ်ခွာပေးရန် စစ်ပြေးရှောင်များက သမ္မတထံ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖာဆောင်ကျေးရွာအတွင်း တပ်စွဲ ထားသည့် မြန်မာ့တပ်မတော်အား ဆုတ်ခွာပေးရန် စစ်ပြေးရှောင်ဒေသခံများက သမ္မတဦးသိန်းစိန် ထံ ယမန်နေ့က စာရေးသားပေးပို့ တောင်းဆိုကြောင်း သိရှိရပါသည်။



သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား လွန်ခဲ့သည့် ဂျွန်လနှောင်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တာ့ဖောင်ဆောင်ရွာသူရွာသားများ အိုးအိမ်စွန့်ခွာကာ ဝမ့်ဝပ်ဘုန်းကြီး ကျောင်း၌ ယနေ့တိုင် ခိုလှုံနေကြရကြောင်း၊ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၉၁ ဦးရှိကြောင်း ဆို၏။

“ရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တော့ မြန်မာစစ်တပ်က ရွာသူရွာသားတွေ ရဲ့ နေအိမ်ခြံဝင်းတွေမှာ ဝင်ရောက်နေရာယူတယ်။ ရွာထဲမှာလည်း ခံတုတ်ကျင်းတွေ တူးထား တယ်။ ဒါကြောင့် ရွာသူရွာသားတွေ ရပ်ရွာမှာပြန်နေဖို့ ခက်ခဲနေတယ်” ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF မှ နန်းခေါန်လိတ်က ပြောပါသည်။

တဖက်၌လည်း ဂျွန်လ ၂၆ ရက်မှ ယနေ့တိုင် မြန်မာ့တပ်မတော် တပ်ရင်းများမှ ရွာလမ်းမပေါ် စည်းရိုးခတ် လမ်းပိတ်ကာ ရွာသူရွာသားများအား တင်းကြပ်စွာ စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း သိရှိရသည်။

“တိုက်ပွဲတွေဖြစ်နေတာကတကြောင်း ရွာထဲမှာ မြန်မာစစ်တပ်က စခန်းချထားတဲ့အတွက်က တ ကြောင်း ရွာသူရွာသားတွေလည်း ရွာမပြန်ရဲဘူး။ သီးနှံတွေလည်း ရင့်မှည့်ပြီ။ ယူချိန်တန်ပြီ။ သွား မယူရဲဘူး။ အဓိက မြေပဲပေါ့။ ခုဆိုရင် သီးနှံတွေ အမှည့်လွန်ပြီး ပျက်စီးကုန်တယ်။ ပျိုးနှုတ်ချိန် ဘယ်သူမှလယ်ထဲမဆင်းရဲကြဘူး။ ပြောင်းခင်းတွေကို ခတ်ထားတဲ့ ခြံစည်းရိုးတွေ မြန်မာစစ်တပ်က ဖျက်ပစ်တယ်။ ပျက်စီး သွားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်ဖို့လည်း မြန်မာစစ်တပ်က ခွင့်မပြုတော့ ကျွဲ၊ နွားတွေ ပြောင်းခင်း ထဲဝင်ရောက် စားသောက်ကုန်တယ်” ဟု နန်းခေါန်လိတ် က ဆက်ပြော ပါသည်။

လက်ရှိ၌ စိုက်ခင်းဧက စုစုပေါင်း ၄၂၂.၅ ဧက ပျက်စီးဆုံးရှုံးကြောင်း၊ လယ် ၄၃.၅ ဧကမှာ ပျိုးသက် ရင့်၍ စိုက်ပျိုးချိန်ကုန်လွန်ကာ မြေပဲ၊ ပြောင်း ဧက ၃၇၉ ပျက်စီးကြောင်း၊ အစိုးရတပ်မတော်က ရွာသူရွာသားများ မွေးမြူထားသည့် ကြက်၊ ဝက်များကိုလည်း ယူငင်စားသောက်ကြောင်း ဆို၏။

ထို့ကြောင့် တာ့ဖာဆောင်ကျေးရွာအတွင်း နေအိမ်ခြံဝင်းများ၌ ဝင်ရောက်နေရာယူထားသည့် အစိုးရ တပ်မတော်စစ်ကြောင်းအား ဆုတ်ခွာပေးရန်၊ ပျက်စီးသွားသည့် ခြံဝင်း၊ အသုံးအဆောင်ပစ္စည်းများ၊ လယ်ယာသီးနှံများကို နိုင်ငံတော်မှ ပြန်လည်ထူထောင်ပေးရန် ရွာသားများ၏တောင်းဆိုချက်ကို SHRF မှ သမ္မတထံ လက်ဆင့်ကမ်းပေးပို့ခဲ့ခြင်းဖြစ်ပါသည်။

လွန်ခဲ့သည့် ဂျူလိုင်လ ၈ ရက်နေ့၌လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်သံရုံး၌ သျှမ်းလူမှု အဖွဲ့အစည်းများက ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ