Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 31, 2014

သမ္မတနှင့်တွေ့ဆုံပြီးနောက် အနုပညာ လောကသားတို့ အသံ

ရုပ်ရှင်၊ ဂီတ၊ သဘင်လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ ပထမဆုံး အကြိမ် တွေ့ဆုံပြီးနောက် အနုပညာရှင်များ၏ ရင်ဖွင့်စကားသံကို ဖော်ပြပေး လိုက်ပါသည်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌလူမင်း
======================
ကိုယ်တို့ဘက်က အခက်အခဲ လိုအပ်ချက်တွေ တင်ပြရမှာက ကိုယ်တို့တာဝန်ပေါ့။ ပံ့ပိုးကူညီမှု အပိုင်းကတော့ သမ္မတကိုယ်တိုင် ပံ့ပိုးကူညီမှဖြစ်မယ်။ရုပ်ရှင်လောက ကိုမကြည့်ပေးလို့မရဘူး။ကြည့်ပေး ရမယ်။ ဘာလို့လဲဆိုတော့ ကိုယ် တို့အနုပညာလောကသားတွေက သရုပ်ဆောင်ကအစ ထုတ်လုပ်သူ တွေ၊ရုံပိုင်ရှင်တွေအဆုံး နိုင်ငံတော် အခွန်တာဝန်တွေကိုကျေကျေပွန်ပွန် ထမ်းဆောင်နေကြတဲ့ နိုင်ငံသား တွေပါ။ကိုယ်တို့ထမ်းဆောင်နေတဲ့ နိုင်ငံတော်ဘဏ္ဍာငွေထဲကို ဝင်သွား တဲ့အခွန်တော်တွေသည် ဒီလောက ကိုပြန်လည်စောင့်ရှောက်ပေးရမယ့် တာဝန်နဲ့ဝတ္တရားလဲ နိုင်ငံတော်မှာ ရှိလိမ့်မယ်လို့ထင်တယ်။

သဘင်အစည်းအရုံး အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့စန်း
====================
သဘင် လောကသားတွေ ကောင်းစားဖို့၊ သဘင်လောကကြီး မြင့်မားဖို့၊ သဘင်လောကသားတွေ စည်းကမ်းရှိဖို့က နိုင်ငံတော်က မပံ့ပိုးရင်ဘာမှလုပ်လို့မရဘူး။အမေ တို့အာဏာကို မကြောက်ဖူးလေ။ နိုင်ငံတော်က ပြဋ္ဌာန်းထားတာနဲ့ အမေတို့ပူးပေါင်းမှသဘင်လောက ကိုကိုင်လို့ရမယ်။ သဘင်လောက က သားသမီးများက ခေတ်ပညာ တတ်မရှိတဲ့အတွက်ပညာရေးဖောင်
ဒေးရှင်းအကြောင်းပြောမယ်။ ပွဲမိန့် တည်ထောင်ခွင့် ဥပဒေပါတော့ ဒီကိစ္စနိုင်ငံတော်ကို တင်ပြမယ်။

သရုပ်ဆောင်နေတိုး
==============
သမ္မတကြီးသိအောင် လောက အကြောင်း တိုက်ရိုက်ပြောခွင့်ရ တော့ သမ္မတကြီးပံ့ပိုးကူညီရမှာ တွေကို မြင်သွားတော့ ကျွန်တော် တို့အတွက်ရော အနုပညာလောက သားတွေအတွက် ထိရောက်မှုပိုရှိ တယ်လို့ မြင်ပါတယ်။ သမ္မတကြီး ပြောသွားသလို လောလောဆယ် လုပ်လို့ရတဲ့ အတိုင်းအတာနဲ့စ မှာပေါ့။ သမ္မတကြီး ပြောသွားတဲ့ အပေါ် ကျေနပ်မှုရှိပါတယ်။

ဦးဝင်းနိုင်(အနုပညာ)
===============
သမ္မတကြီးပြောသွားတဲ့ အနု ပညာလောကနဲ့ အစောကြီးတွေ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စကားတစ် ခွန်းကို ကြားလိုက်ရပါတယ်။ ဖြစ် ပျက်နေတဲ့အကြောင်းအရာကိုသူကြို မသိထားဘူးလို့ဆိုတဲ့ အဓိပ္ပာယ် ကို ဆောင်တယ်လို့ယူဆပါတယ်။ ရင်ထဲမှာအောင်းနေတဲ့ အဖွဲ့အစည်း သုံးခုရဲ့ စကားလုံးလေးတွေထုတ် ခွင့်ရလို့ ကျေနပ်မှုရှိတယ်လို့ပြော လို့ရပါတယ်။

အဆိုတော်စည်သူလွင်
=================
ကိုယ်ကဂီတဘက်ကပေမယ့် အားလုံးက အနုပညာသမားတွေ၊ အတူတူပါပဲ။ အနုပညာလောက ကြီးအတွက် အကျိုးအမြတ်ရှိမယ် ဆိုရင် ဘယ်သူမဆိုပြောဆိုဆွေး နွေး နိုင်ပေမယ့် ကျွန်တော်ကတော့ ဝင်ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် က လူငယ်တစ်ယောက်ဖြစ်တော့ ကျွန်တော့်ထက် တတ်သိနားလည် တဲ့သူတွေရှိပါတယ်။သူတို့ဆွေးနွေး ပါလိမ့်မယ်။ အနုပညာ အရည် အသွေးကောင်းလာရင်ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ပါ တယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အနုပညာအရည်အသွေး ကျွန်တော် တို့နိုင်ငံက မညံ့ပါဘူး။ ဒါပေမယ့် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်တွေကအများကြီး စကားပြောနေပါတယ်။အဲဒါလေး တွေရလာရင် အားလုံးနဲ့ရင်ပေါင် တန်းနိုင်ပါတယ်။ အခွင့်အရေး တစ်ရပ်လို့ မြင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ