“ဘုရား” ဆိုသည့် ဝေါဟာရအား ဗုဒ္ဓဘာသာဝင် မဟုတ်သူများက “ဘုရားသခင်” ဟု ရည်ညွှန်းသုံးစွဲခြင်းကိုခွင့်
မပြုဆိုသည့် အမိန့်တစ်ရပ် အရ သမ္မာကျမ်း စာအသင်းမှ သမ္မာကျမ်းစာအုပ် ( ၃၀၀
)ကျော်ကို တရုတ်အာဏာပိုင်များက သိမ်းဆည်းလိုက်သည်ဟု အရာရှိအချို့ထံမှ BBC က
သိရသည်။ထို့ပြင် သမ္မာကျမ်းစာ အသင်းမှ အဖွဲ့ဝင် ၂ ဦးလည်း ခေတ္တ
အထိန်းသိမ်းခံခဲ့ရသေးကြောင်း ကိုလည်း ၄င်းတို့က ရိုက်တာ သတင်းဌာန
နှင့်တွေ့ဆုံစဉ်ပြောပြခဲ့သည်။
“ဘုရား” ဟူသည့် ဝေါဟာရသည် ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်သုံးရမှာ ဖြစ်ကာ ထိုသို့မဟုတ်က
လူ့အဖွဲ့အစည်း တည်ငြိမ်မှု ပျက်ပြားသွားစေနိုင်ေ ကြာင်း အယူခံတရားရုံးက
ပြောဆိုခဲ့သည် ။
တရုတ် ဘာသာစကားတွင် ဘာသာတရားအားလုံး၌
မိမိတို့ ကိုးကွယ်ရာ ဘုရားရှင်အသီးသီးအား “ဘုရား” ဟုသာ သုံးစွဲကြပြီး
ယင်းဝေါဟာရမှာ လွန်ခဲ့သော ရာ စုနှစ်များစွာကတည်းက “အင်္ဂလိပ်” ဘာသာစကားမှ
“တရုတ်” ဘာသာစကားသို့ ပြောင်းလဲလာခဲ့ခြင်းဖြစ်၍ တရားရုံးဆုံးဖြတ်ချက်သည်
မိမိတို့၏ အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်များက
စောဒက တက်ကြသည်။
ခရစ်ယာန်ဘာသာဝင်တို့၏ “ဘုရားသခင်” အား တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော ကက်သိုလစ်သတင်းစာ “The Herald” ၌ “ဘုရား” ဟု
သုံးစွဲခွင့်ပေးသည့် ၂၀၀၉ ခုနှစ်က ဆုံးဖြတ်ချက်ကို အောက်တိုဘာလတွင်
တရားရုံးမှ ပြန်လည်ချေဖျက်ခဲ့သည်။
ယခုကဲ့သို့ သမ္မာကျမ်းစာများကို
သိမ်းဆည်းခြင်းမှာ ထောက်ပံ့ကြေးများ ဖြတ်တောက်လိုက်ခြင်းကြောင့်
တက်ရိပ်ပြလာသည့် သကြားဈေး ၊ ဓာတ်ဆီဈေး ၊ လျှပ်စစ်ဓာတ် အားခ များအတွက် တရုတ် ဆင်းရဲသားများ၏ မကျေနပ်မှုများကို နိုင်ငံရေးပရိယာယ် တစ်ရပ်
အဖြစ်လမ်းလွှဲခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
No comments:
Post a Comment