Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 27, 2014

“သစ္စာရဲ့ အခြားတစ်ဖက်……” ဝတ္ထု

ကိုယ့်အဖြစ်ကို ကြည့်ရင်း “သစ္စာရှိခြင်းရဲ့ ရလဒ်က ဒါလား”လို့ မေးမိတော့ သစ္စာတရားက ပြန်ဖြေတယ်…..”သစ္စာဖောက်သူရဲ့ နိဂုံးကိုလည်း ခဏစောင့်ကြည့်လိုက်ပါဦး”တဲ့…..။
ချစ်သူ(၂)ယောက်မှာ အသစ်တွေ့သွားသူက နှုတ်ဆက်စကား တစ်ခွန်းတစ်လေမှ မပြောဘဲ အဆက်အသွယ်တွေဖြတ် သစ်စိမ်းချိုး
ချိုးရက်ရင် ထိုသူက အနိုင်ရသူလို့ ဘယ်သူပြောလဲ…..?
သူ့လိပ်ပြာ သူမလုံလို့  …..တစ်ဖက်လူရဲ့ သစ္စာအရှိန်အ၀ါတွေကို ရင်မဆိုင်ဝံ့လို့ လမ်းခွဲစကား တစ်ခွန်းတလေတောင် မပြောရဲဘဲ……တိတ်တိတ်ပုန်းချစ်သူနဲ့ မျက်နှာပြောင်တိုင်
အသိုင်းအ၀ိုင်းကန့်သတ်ပြီးတော့သာ သူ ပျော်နေရတာ…..သူဟာ  ဒီပွဲမှာ အောင်နိုင်သူလား…..? “ကိုယ်သစ္စာဖောက်မိသွားပါတယ်…”လို့ပဲဖြစ်စေ…… “သူ့ကို မင်းထက် ပိုချစ်မိသွားတယ်လို့ပဲဖြစ်စေ…..”စတဲ့ ၀န်ခံမှုတစ်ခုခုကိုတောင် ဖြောင့်ချက်မပေးပါဘဲ ရှောင်ဖယ်နေတဲ့ သူ့ကို အခန့်သင့်လို့ လမ်းမှာ တွေ့ရင်တောင် 
“အဲဒီ့လူက သစ္စာမရှိတဲ့လူ”လို့ လက်ငြိုးငေါက်ငေါက်ထိုးပြီး ပြောမိမှာ မဟုတ်တော့သေချာပါတယ်……။(သူ့ရဲ့ သစ္စာမဲ့မှုတွေ ကူးစက်ကုန်မှာ သေရတာထက် ကြောက်တာကို)
လူဆိုတာ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပဲ…….အနေနီးစပ်မှုထဲ မလူးသာ မလွင့်သာ နေသားကျမိသွားတော့ရော ဘာဖြစ်သေးလဲ…….
ယိုင်နဲ့လွယ်လွန်းတဲ့ စိတ်ဓါတ်ကိုတော့ လမ်းခွဲလိုခြင်းရဲ့ အဓိကနေရာမှာထားပြီး လမ်းခွဲစကားတော့ ဆိုသင့်တယ် မဟုတ်ဘူးလား…..။ ” ငါမင်းအပေါ်မှာ သစ္စာဖောက်မိသွားပါတယ်” ဆိုတဲ့ ရိုးရှင်းတဲ့ စကားကိုတောင်
ပြောထွက်ဖို့ ၀န်လေးနေတဲ့သူက ဖောက်ပြန်မိခြင်း အကြောင်းအရင်းကို ခဲရာခဲဆစ် ပင်ပန်းကြီးစွာ ရှာဖွေနေပုံရတယ်……..။ ပုရိသတစ်ယောက်ဖြစ်ပြီး ကတိတစ်ခုကို နိုင်အောင်မထိန်းနိုင်ပါဘဲ……ယောင်္ကျားပီသချင်နေပုံရတယ်……။
လှေနံနှစ်ဖက်နင်းတယ်ဆိုတဲ့ စွပ်စွဲမှုမျိုးကို ငြင်းပယ်ချပြီး….ငါးရံ့နှစ်ကောင် ပြိုင်တူဖမ်းတာပါလို့ ပြန်ဖြေချင်ပုံရတယ်……။ ဘယ်လောက်ပဲ လုံလောက်မယ်ထင်ရတဲ့ ဆင်ခြင်မျိုးတွေနဲ့ သူ့သိက္ခာကို သူ အဖက်ဆယ်နေပါစေ….. ကိုယ့်ကို တကယ်ချစ်တဲ့
မိန်းမတစ်ယောက်အပေါ် သစ္စာဖောက်မိခြင်းအတွက် အနည်းဆုံးတော့ လူတချို့ရဲ့ အထင်သေးခြင်းကို ခံခဲ့ရတယ်…..။
အခုထိလည်း သူ့ကို လူတချို့ အထင်သေးနေကြတုန်းပဲ…… .ရှေ့ဆက်ပြီးတော့ရော….. သစ္စာတရားကို
သိတတ်နားလည်သူတွေရဲ့ အမြင်မှာ သူဟာ အထင်ကြီးစရာ နတ္ထိဖြစ်နေလိမ့်မယ်……။

၎ နှစ်တာ တွဲလက်တွေအတွက် မျှော်လင့်ချက်တွေ…….အိပ်မက်တွေ…….ပြီးတော့ ယုံကြည်ချက်တွေ……အဲ့ဒီ့အရာတွေ များစွာ စွန်းထင်းပြန့်ကျဲနေဆဲဖြစ်တဲ့ နေရာတချို့ကို ရောက်တိုင်း…….
“ဒီနေရာမှာပဲ ငါ မတည်နိုင်တဲ့ ကတိတွေပေးခဲ့ဖူးတယ်”လို့……သူ ပြန်မတွေးမိဘူးဆိုရင် အဲဒီ့နေ့ဟာ
နွေခေါင်ခေါင်ဖြစ်နေစေဦး မိုးကြိုးပစ်ချလိမ့်မယ်….
(မှတ်ဥာဏ်ကောင်းလွန်းတဲ့သူဟာ……အတိတ်တစ်ခုကို တမင် မေ့ထားရင်း သတိတော့ရနေမိမှာပဲ)….။
ကိုယ့်ကိုကိုယ် ယောက်ျားကောင်းတစ်ယောက်လို…….စံပြတစ်ယောက်လို အမြဲပြုမှုနေထိုင်တတ်တဲ့သူဟာ…..
အခု မိန်းမတစ်ယောက်ကို လမ်းခွဲစကားပြောဖို့ သတ္တိမရှိဘဲ…..တခြားမိန်းကလေးတစ်ယောက်ကို သူများချစ်သူ ခိုးတဲ့သူအဖြစ်
လူအများအမြင်မှာ အထင်ခံနေစေတယ်……။ သူ သိပ်မြတ်နိုးရပါတယ်ဆိုတဲ့ သူမကို အလိမ်ခံနေရတဲ့ ဘ၀အဖြစ်နဲ့ သနားစရာအကြည့်တွေ ခံယူနေစေတယ်……။ နောက်တစ်ခု……ခိုးစားတာ လူမိမှာ စိုးထိတ်တဲ့ အသွင်နဲ့ နေရာတချို့ကို
ရှောင်ပတ်……..သူတို့တွေ ပင်ပန်းနေကြတယ်…..။သူ့ခံယူချက်နဲ့သူ …..အတ္တတွေအလံလွှင့်ထူပြီး ထိုသူမဟာ အားလုံးထက် သာလွန်ပါတယ်လို့ ပြောပေမယ့်……သူတို့ထက် နိမ့်ကျသူတစ်ဦးလို့ ယူဆထားတဲ့ တစ်စုံတစ်ယောက်ကို
မျက်နှာချင်းဆိုင်ဖို့ မ၀ံ့မရဲဖြစ်နေကြတယ်…..။
“အနေဝေးလို့ သွေးအေးတယ်ဆိုတာ တကယ်တော့ အပိုတွေပါကွာ ” ဆိုတဲ့ သီချင်းစာသားကို အကြိမ်ကြိမ်ရေရွတ်ပြလျှက် သံယောဇဉ်တွေ သက္ကရာဇ်တွေ မြဲစေခဲ့တဲ့ သူဟာ……..ရုန်းရင်းနဲ့ မလွတ်နိုင်ခဲ့တာပဲလား……တမင်တကာ
ရစ်ပတ်နှောင်ဖွဲ့ခံခဲ့တာပဲလား….. ဒါမှမဟုတ် ယောက်ျားဖြစ်ပါလျှက် ခဏတာ အထီးကျန်ရခြင်းကို
ခံနိုင်ရည်မရှိနိုင်တော့တာပဲလား…….မသိနိုင်လောက်အောင်ပဲ အနီးနားက အပြုံးကို သူ့ရဲ့ အဝေးက ချစ်သူမိန်းကလေးရဲ့ လွမ်းဆွတ်သံတွေထက် ပိုမိုကြီးမြတ်စွာ ခုံမင်ယစ်မူးပြီး အချစ်ကြူးတတ်သွားပါတယ်…..။
ကျွန်မသိပ်ချစ်ခဲ့ဖူးတဲ့ သူက………..
သစ္စာဆိုတာကို ဘယ်လိုမြဲမြံအောင် ထားရမယ်ဆိုတာကို ကျေကျေညက်ညက် သိရှိထားတဲ့ သူပါ……
ဒါပေမယ့်
စောင့်ထိန်းဖို့အတွက်တော့ သူဟာ စိတ်ဓါတ်မရင့်ကျက်သေးတဲ့ လူတစ်ယောက်ပေါ့……။
သူက သစ္စာစူးတယ်ဆိုတာကိုလည်း ထဲထဲဝင်ဝင် နားလည်ပါသေးတယ်……
ဒါပေမယ့်…..လုပ်သင့်၏ မလုပ်သင့်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ဆိုတဲ့ ဆင်ခြင်တုံတရားတွေကို
 စိတ်ရဲ့သာယာလိုမှုနောက်ကျောမှာ ထားရစ်ခဲ့တဲ့ လူတစ်ယောက်ပေါ့……။
ထိုသို့သော လူဟာ သစ္စာရဲ့ အခြားတစ်ဖက်မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ရွှင်မှု အကြီးကြီးတွေကို ရာသက်ပန်
ဖန်တီးရရှိနေမယ်ဆိုတာ…….ကျွန်မအတွက် ဟာသသိပ်ဆန်လွန်းနေသလိုပါပဲ……။
ကိုယ့်လုပ်ရပ်တိုင်းကို ဂုဏ်ယူစရာအဖြစ် ပြောတတ်တဲ့သူဟာ…..ကိုယ့်ကို
သိပ်ချစ်လွန်းတဲ့ မိန်းမတစ်ယောက်အပေါ် သစ္စာဖောက်ခဲ့တဲ့ဖြစ်စဉ်အား……
ဝမ်းသာအားရပြောချင်ပြောနေပါလိမ့်မယ်…..။
(သူ လမ်းမခွဲရဲလို့ အဆက်အသွယ်ဖြတ်ထားခဲ့တာကိုလည်း…..စကားလုံးလှလှလေးတွေနဲ့ မုသားကြွယ်ကြွယ်
ပြောချင်ပြောနေလိမ့်မယ်….)
ဒါပေမယ့် ကျွန်မ သိပ်သိချင်ပါတယ်…..
ဘယ်လိုလူမျိုးကများ သူ့လုပ်ရပ်ကို အားကျ အထင်ကြီးပြီး လိုက်လံကျင့်သုံးမလဲဆိုတာ………..။
သူဟာ သစ္စာတရားရဲ့ အခြားတစ်ဖက်မှာ အချိန်မည်မျှ ကြာကြာ နေစိမ့်နိုင်ပါ့မလဲ…..?
တူညီသော တန်ပြန်ခြင်းတစ်ခုကို သူ….သစ္စာတရားရဲ့ အခြားတစ်ဖက်မှာ ကြိုဆိုနေလိမ့်မယ်…..။
သစ္စာတရားရဲ့ အဖြေလိုပဲပေါ့….သစ္စာဖောက်သူရဲ့ နိဂုံးကို ကျွန်မ စောင့်ကြည့်ချင်ပါသေးရဲ့………………။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ