Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 29, 2014

အစိုးရဝန်ထမ်း အယောင်ဆောင်ကာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်း လိမ်ရောင်းသူအား ဖမ်းဆီးရမိ

ရန်ကုန်မြို့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တိုက်ခန်းများကို အရစ်ကျဝယ် ယူရရှိထားသည့်အစိုးရဝန်ထမ်း အယောင် ဆောင်၍ ငွေကျပ်သိန်း ၂ဝဝ ခန့် လိမ် လည်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။၂ဝ၁၃ ခုနှစ် မတ်လခန့်က ကြည့် မြင်တိုင်မြို့နယ်နေ ဒေါ်သက်နွယ်လှထံသို့ တာမွေမြို့နယ်ဒဂုံလွင်လမ်းနေ ဥာဏ် မြင့်ဇော်ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်းသတင်းပေးဌာန အဖွဲ့ဝင် ၁၄ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်း(ပါရမီ) တိုက် ခန်းများကို အရစ်ကျ ဝယ်ယူရ ရှိထားသည့် အစိုးရဝန်ထမ်းများက ပြန်ရောင်းမည်ဖြစ်ကြောင်း ပြောဆိုကာ စာရွက်စာတမ်းများ ပြသ ရောင်းချခဲ့သဖြင့် ဒေါ်သက်နွယ်လှမှ တိုက်ခန်း ၂ ခန်းအတွက် ကျပ်သိန်း ၅ဝ ပေးအပ်ခဲ့သည်။

ထို့အပြင် ဥာဏ်မြင့်ဇော်က ထပ်မံ ၍ အင်းစိန်မြို့နယ်နေ ဒေါ်မိမိငယ်ထံမှ ငွေကျပ် ၂၇ သိန်းအားလည်းကောင်း၊ အင်းစိန်မြို့နယ်နေ မအယ်လ်ဘောမ်ဘုံ ထံမှ ငွေကျပ် ၂၁ သိန်းခွဲအားလည်း ကောင်း၊ လှိုင်မြို့နယ်နေ ဒေါ်နော်က ပေါ်ထူးထံမှ ငွေကျပ် ၂၁ သိန်းအား လည်းကောင်း၊ အလုံမြို့နယ်နေ ဒေါ်ဖြူ ဝင်းညွန့်ထံမှ ငွေကျပ် သိန်း ၂ဝ အား လည်းကောင်း၊ ဗဟန်းမြို့နယ်နေ ဒေါ် တင်ဝေနှင်းထံမှ ငွေကျပ် ၄၅ သိန်းအား လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်နေ ဒေါ်ခင်မမထံမှ ငွေကျပ် ၂၉၅ဝဝဝ အား လည်းကောင်း၊ ကြည့်မြင်တိုင်မြို့ နယ်နေ ဒေါ်နော်ဂျူဒစ်ဖေထံမှငွေကျပ် ၂၆၅ဝဝဝ အားလည်းကောင်း လိမ်လည်ရယူခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လိမ်လည်ခံရသူများထဲမှ ကြည့် မြင်တိုင်မြို့နယ်နေ ဒေါ်သက်နွယ်လှမှာ ၎င်းအား ဥာဏ်မြင့်ဇော်ပေးခဲ့သော စာရွက်စာတမ်းများတွင် နိုင်ငံတော်တံဆိပ်ကို အတုပြုလုပ်ထားခြင်း၊ ငွေသွင်းစာအုပ် များနှင့်တိုက်ခန်းပိုင်ဆိုင်မှု စာရွက်စာ တမ်းများမှာ မမှန်မကန် ပြု လုပ်ထားခြင်း များဖြစ်ကြောင်းကို သိရသဖြင့် ဥာဏ်မြင့်ဇော်အား စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်ရဲစခန်းမှ (ပ) ၇၇၄/၂ဝ၁၃ ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ဥာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲမှုခင်းအ ကူဌာနစုမှ တပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်နေသည့်နေရာများ အား စုံစမ်းရှာဖွေရာ ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရန်ကင်းမြို့နယ် ကလေး ဆေးရုံရှေ့ လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ