
-Joker အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မင်းသား Heath Ledger ဟာ ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ ခြောက်ပတ်ကြာ တစ်ယောက်တည်း ပုန်းအောင်းနေခဲ့ပါတယ်။
-အဲဒီခြောက်ပတ်ကြာ ဧကစာရီကျင့်နေတဲ့အချိန်မှာ Ledger ဟာ Joker ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားကို နားလည်အောင်ကြိုးစားခဲ့ပါတယ်။
-Joker ဇာတ်ကောင်ရဲ့ စရိုက်ကို အတတ်နိုင်ဆုံး လေ့ကျင့်နေခဲ့ပါတယ်။ စကားပြောသံကအစ ပြောင်းလဲယူပါတယ်။ ရယ်တဲ့အသံကိုလည်း အထူးလေ့ကျင့်ခဲ့ပါတယ်။
-Joker ဇာတ်ကောင်ဟာ ဒါရိုက်တာ့စိတ်ကူးမဟုတ်ပါဘူး။ Ledger ရဲ့စိတ်ကူးပါ။ အဲဒီဇာတ်ကောင်ရဲ့ ပုံပန်းသွင်ပြင်ကိုလည်း Ledger စိတ်ကြိုက်ဖန်တီးထားတာပါ။ Punk Rocker ကြီး Sid Vicious ရဲ့ ပုံစံစရိုက်ရယ် A Clockwork Orange (1971) ဇာတ်ကားထဲက Malcolm McDowell ရဲ့ဇာတ်ကောင် Alex De Large ရဲ့ စိတ္တဇအမူအရာတွေကို ပေါင်းစပ်ပြီးဖန်တီးထားတာပါ။
-အင်တာဗျူးတစ်ခုမှာ Ledger က သူသရုပ်ဆောင်ဖူးသမျှထဲမှာ Joker ဇာတ်ကောင်ကို အကြိုက်ဆုံးပါပဲလို့ ဖြေခဲ့ပါတယ်။
-Harvey အတွက်ကျင်းပပေးတဲ့ Bruce Wayne ရဲ့ ပါတီပွဲကို Joker လာဖျက်ဆီးတဲ့အခန်းရိုက်တော့ ဓာတ်လှေကားထဲကနေ Joker တက်လာမယ်။ Alfred အဖြစ်သရုပ်ဆောင်သူ Michael Caine နဲ့တွေ့ပြီး စကားပြောရမယ်။ အဲသလို စီစဉ်ထားတာပါ။ ဒါပေမယ့် Michael Caine အဖို့ Heath Ledger ကို Joker ပုံစံ မိတ်ကပ်တွေနဲ့ ဒါဟာ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ ကြောင်ပြီး ကြက်သေသေသွားပါတယ်။ ဇာတ်ကားထဲမှာ Joker သူ့ကိုဖြတ်လျှောက်သွားတော့ သူ့မျက်နှာမှာ တုန်လှုပ်နေတဲ့အမူအရာတွေ တွေ့ရမှာပါ။
-ဇာတ်ကားထွက်ပြီးချင်း ၂ ရက်အတွင်းမှာ IMDb မှာ အဆင့်-၁ နေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဇာတ်ကားပါ။
-Joker ရဲ့ လျှာထုတ်ထုတ်ပြီး နှုတ်ခမ်းသိမ်းတတ်တဲ့ အမူအကျင့်ဟာ Heath Ledger ရဲ့ အကျင့်ပါ။ သူအမြဲ အဲသလိုလုပ်ပါတယ်။
-Lake Street မှာ လူဆိုးကို ရဲလိုက်ဖမ်းတဲ့အခန်းရိုက်တော့ Chicago Police Department ဆီကို ဖုန်းတွေ တဂွမ်ဂွမ်ဝင်လာပါတယ်။ ပြည်သူတွေက "ဘာနဲ့လုပ်ထားမှန်းမသိတဲ့ မော်ဒယ်လ်ဘယ်လောက်မှန်းမသိတဲ့ ကားနက်ကြီးကို ရဲတွေလိုက်ဖမ်းနေတယ်"လို့ ဝိုင်းအကြောင်းကြားကြတာပါ။
-ဇန်နဝါရီ ၂၂၊ ၂၀၀၈ ခုနှစ်မှာ Heath Ledger တစ်ယောက် ရုတ်တရက်သေဆုံးသွားပြီးတဲ့နောက် ဇာတ်ကားကို စိတ်ဝင်စားလာသူ ပိုများလာပြီး ကြည့်ရှုသူလည်း ပိုတက်လာပါတယ်။
-Ledger တစ်ယောက် သေဆုံးသွားရှာပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာတဲ့နောက် Warner Bros. ကုမ္ပဏ္ဏီက Ledger အနေနဲ့ သူသရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးပြီးပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် Ledger တစ်ယောက် သူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကို အဆုံးထိ ပါဝင်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။
-ဇာတ်ကားအတွက် အရမ်းကြိုးစားရှာတဲ့ Ledger တစ်ယောက် သေဆုံးသွားခဲ့သလို ဒီဇာတ်ကားအတွက် အထူးကြိုးစားပေးခဲ့တဲ့ စတန့်မင်းသား Conway Wickliffe ဟာလည်း ကားနဲ့လိုက်ဖမ်းတဲ့အခန်းရိုက်နေစဉ် ကားမှောက်ပြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။
-GCN ကိုပို့တဲ့ ဗီဒီယိုဖိုင် (homemade video) ကို Ledger ကိုယ်တိုင်ရိုက်ကူးခဲ့တာပါ။
-ဒါရိုက်တာ Nolan က Ledger တစ်ယောက် သူ့ဇာတ်ရုပ်ကို ပိုင်နိုင်နေပြီဆိုတာသိလို့ ဒီဇာတ်ရုပ်အတွက် သူ မလိုတော့ဘူးတဲ့။ ဒါ့ကြောင့် အဲဒီ Homemade video ကို Ledger ကို ပုံအပ်လိုက်တာပါ။ ရိုက်ပြီးသွားလို့ သူကြည့်လိုက်ရတဲ့အချိန်မှာလည်း အထူးကို စိတ်ကျေနပ်မှု ရခဲ့ပါတယ်တဲ့။

-Heath Ledger ဟာ Joker ဇာတ်ကောင်ရဲ့မိတ်ကပ်ကို ကိုယ့်ဘာသာကိုယ် လိမ်းခြယ်ခဲ့တာပါ။ ပရဆေးဆိုင်မှ ဆေးအမယ်များဝယ်ပြီး ကိုယ့်ဘာသာကိုယ် လိမ်းခြယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Joker ဟာ ဇာတ်လမ်းသဘောအရ သူ့ဘာသာသူလိမ်းခြယ်မှာပါ။ အဲဒီတော့ Heath Ledger လည်း ကိုယ့်ဘာသာကိုယ် လိမ်းရမှာပေါ့တဲ့။
-သူ့ရဲ့ဒီစိတ်ကူးကို လက်ခံလိုက်ပြီးတဲ့နောက်မှာတော့ မိတ်ကပ်လိမ်းတဲ့အဖွဲ့အနေနဲ့ ရုပ်ရှင်မရိုက်ခင် နေ့တိုင်း သူလိမ်းထားပုံ အဆင်ပြေမပြေ လာစစ်ဆေးရပါတယ်။
-Joker ဟာ ဆေးဆိုင်က ပရဆေးတွေဝယ်ပြီး မိတ်ကပ်ဖော်၊ ကိုယ့်ဘာသာကိုယ်လူးမှာဆိုတော့ လက်တွေလည်း ပေရေကုန်မှာပဲလို့ စဉ်းစားမိတဲ့ Ledger ဟာ ဇာတ်ကောင်ပီပြင်အောင် သူ့လက်တွေကိုလည်း အဲသလို ပြုလုပ်ခဲ့ပါတယ်။
-ဒီဇာတ်ကားဟာ ပထမဇာတ်ကား Batman Begins ရဲ့ ပြည်တွင်းမှာပြသမှုမှရငွေစုစုပေါင်းကို ခြောက်ရက်အတွင်းမှာ မှီအောင်လိုက်နိုင်ခဲ့ပါတယ်။
-Heath Ledger ကို အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက် ဇကာတင်စာရင်းတွင် ရွေးချယ်ထားကြောင်းကို သူ့တစ်နှစ်ပြည့်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကြေငြာမိသွားပါတယ်။
-ဒီဇာတ်ကားဟာ Comic စာအုပ်တစ်အုပ်ကို ဇာတ်ကားပြန်ရိုက်တဲ့အထဲမှာ စကာတင်စာရင်း အများဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ စုစုပေါင်း ဆု ၈ ဆု စကာတင်စာရင်း ဝင်ခဲ့ပါတယ်။
-ဒီဇာတ်ကားမှာ Bruce Wayne တစ်ယောက် Batman ဝတ်စုံသစ်ကို ဝတ်ဆင်ခဲ့ပါတယ်။ Batman Begins တုန်းက ဝတ်စုံအဟောင်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မင်းသား Christian Bale အတွက် လှုပ်ရရှားရတာ ပိုအဆင်ပြေစေပါတယ်။ ရာဘာအပိုင်းအစ ၂၀၀၊ ဖိုင်ဘာစ၊ မတ်တဲလစ်အသား၊ နိုင်လွန်စတာတွေနဲ့ ချုပ်လုပ်ထားပြီး ဆွဲသားဖြစ်ပါတယ်။
-ဝတ်စုံရဲ့ ဦးခေါင်းပိုင်းကို ဆိုင်ကယ်ဦးထုပ်ကို အခြေခံပြီး ဒီဇိုင်းထုပ်လုပ်ထားပါတယ်။ လည်ပင်းပိုင်းကိုတော့ ဖယ်ရှားထားပါတယ်။ ဒါ့ကြောင့် Bale တစ်ယောက်အနေနဲ့ ဦးခေါင်းကို အထက်၊ အောက်၊ ဘယ်၊ ညာ ကြိုက်သလို လှုပ်ရှားနိုင်ပါတယ်။ Bat-sonar အတွက် eye lenses တွေလည်း တပ်ဆင်ထားပါတယ်။
-တကယ်တော့ Batman ဝတ်စုံအသစ်ချုပ်ပေးဖို့ တောင်းဆိုခဲ့သူဟာ တကယ်ဝတ်ဆင်သူ မင်းသား Bale မဟုတ်ပါဘူး။ ဒါရိုက်တာ Christopher Nolan ပါ။ သူက ပိုပေါ့ပါးပြီး ပိုသက်တောင့်သက်သာရှိတဲ့ ဝတ်စုံလိုချင်ပါတယ်။ ဒါ့ကြောင့် အသစ်ချုပ်ပေးဖို့ ကြိုးစားခဲ့တာပါ။
-Heath Ledger ဟာ ဒီဇာတ်ကားနဲ့ ဆု စုစုပေါင်း ၃၂ ခုမှာ အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ် ဇကာတင်စာရင်း ဝင်နေပါတယ်။ အဲဒီထဲမှာ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆု၊ SAG ဆု၊ ဝေဖန်ရေးဆရာများအကြိုက်ဆုံးဆု စတာတွေ ပါဝင်နေပါတယ်။ ၃၂ ခု ဇကာတင်တဲ့အထဲမှာ ၃၀ ထိရရှိခဲ့ပြီး ၂ ခုသာ လွဲခဲ့ပါတယ်။
View Website



































No comments:
Post a Comment