Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

မျက်စိကျန်းမာရေးအတွက် ရိုးရိုးရှင်းရှင်းနည်းလမ်း ၁၀ ချက်

အမြင်အာရုံဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ အလွန်ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ လူအများစုဟာ အမြင်အာရုံကောင်းနေစဉ်မှာ မျက်စိကျန်းမာရေးကို ဂရုမစိုက်မိဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တော့ မျက်စိရောဂါတွေဖြစ်မှ ကုသတာထက် မျက်စိကျန်းမာရေးကို အမြဲတမ်း စောင့်ရှောက်ဂရုစိုက်ထားတာက ပိုကောင်းပါတယ်။ ဒါကြောင့် သင့်မျက်စိကျန်းမာရေးအတွက် စောင့်ရှောက်သင့်တဲ့ ရိုးရိုးရှင်းရှင်းနည်းလမ်း ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) မျက်စိအထူးကု ဆရာဝန်ဆီသွားပါ

သင့်ရဲ့ အမြင်အာရုံမကောင်းရင် ဒါမှမဟုတ် မျက်စိမှာ ပြဿနာတစ်ခုခုရှိနေရင် အချိန်ဆိုင်းမနေဘဲနှင့် မျက်စိဆရာဝန်ဆီ သွားပြီး စစ်ဆေးမှု လုပ်သင့်ပါတယ်။ မစစ်ဆေး မကုသပဲထားတဲ့ မျက်စိ ပြဿနာတွေက သူ့အလိုလို ပြန်ကောင်းသွားမှာ မဟုတ်ပါဘူး။ သင်ဟာ မျက်မှန်တပ်ဖို့လိုအပ်နေရင် ဒါမှမဟုတ် သင်တပ်တဲ့ မျက်မှန်နဲ့ မျက်ကပ်မှန်တွေက ပါဝါမကိုက်တော့ရင် ခေါင်းကိုက်တာနဲ့ အမြင်အာရုံနောက်ထပ် ပိုဆိုးလာတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၂) နေကာမျက်မှန်တပ်ပါ

တစ်ပတ်မှာ ခုနှစ်ရက်နဲ့ တစ်ရက်မှာ ၂၄ နာရီလုံး နေကာ မျက်မှန်တပ်ဖို့ မဆိုလိုပါဘူး။ ဒါပေမဲ့သင်ဟာ နေ့ဘက်မှာ နေပူထဲထွက်မယ်ဆိုရင်တော့ နေကာမျက်မှန်တပ်ဖို့လိုအပ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ သင့်အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်သင်ဟာ နေပူထဲသွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့နေကာမျက်မှန်တပ်ဖို့လိုအပ်ပါတယ်။ အနက်ရောင်နေကာမျက်မှန်တိုင်းက ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် နေကာမျက်မှန် ၀ယ်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နံပတ်(Category Number) ကိုကြည့်ဖို့လိုပါတယ်။ Category Number တွေက ခရမ်းလွန်ရောင်ခြည်ကို လုံးဝမကာကွယ်နိုင်တဲ့ (0) အဆင့်ကနေ အမြင့်ဆုံးကာကွယ်နိုင်တဲ့ (4) အဆင့်အထိ ကာကွယ်နိုင်တဲ့ အဆင့်တွေအမျိုးမျိုးရှိပါတယ်။ Category 3 ဒါမှမဟုတ် 4 ကိုဝယ်ပါ။ တိမ်ထူပြီးမိုးအုံ့တဲ့နေ့တွေမှာ SPF ပါဝင်မှုများတဲ့ နေကာလိမ်းဆေးတွေ လိမ်းဖို့လိုအပ်သလိုပဲ နေကာမျက်မှန်လည်းတပ်ဖို့လိုအပ်ပါတယ်။ တကယ်တော့ တိမ်ဆိုတာ အငွေ့ပြန်နေတဲ့ ရေတွေသာ ဖြစ်ပါတယ်။ ရေတွေကို ခရမ်းလွန်ရောင်ခြည်က ထိုးဖောက်ဖြတ်သန်းနိုင်တဲ့ အတွက်ကြောင့် နေကာမျက်မှန်တပ်ပြီး သင့်မျက်စိတွေကို ကာကွယ်ထားဖို့ လိုအပ်တာပါ။

(၃) အာဟာရပြည့်ဝအောင်စားပါ

မျက်စိကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစာတွေကို စားဖို့လိုအပ်ပါတယ်။ လတ်တလော သုတေသနတွေအရ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်တွေဟာ အသက်အရွယ်ကြီးရင့်လာခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မျက်စိရောဂါတွေဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ဆီလီနီယမ် နဲ့ ဇင့်ဓာတ်တွေဟာ သင့်မျက်စိကျန်းမာရေးအတွက် အထူး အကျိုးပြုနိင်ပါတယ်။ဒီဗီတာမင်တွေကို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သင်ရဲ့ နေ့လည်စာထမင်းဘူးထဲကို မုန်လာဥနီ နဲ့ စပျစ်သီးတစ်ခိုင်ထည့်လိုက်ပါ။

(၄) မှန်ကန်တဲ့အလင်းရောင်ရပါစေ

အလင်းရောင်နည်းနည်းမှာ စာဖတ်ရင် မျက်စိထိခိုက်တယ်လို့ လူတွေက ထင်မြင်တတ်ပါတယ်။ ဒါပေမဲ့ အလွန်တောက်ပစူးရှတဲ့ အလင်းရောင်က ပိုဆိုးပါတယ်။ တောက်ပစူးရှလွန်းတဲ့ နေရောင်ကနေ ကာကွယ်ဖို့ နေကာမျက်မှန် တပ်ရသလိုပဲ အလုပ်လုပ်တဲ့ နေရာမှာလည်း တောက်ပစူးရှလွန်းတဲ့ အလင်းရောင်တွေမရှိအောင် စီစဉ်ပါ။ သင့်အလုပ်စားပွဲမှာ အလင်းရောင်ကောင်းကောင်း ရသင့်ပါတယ်။ ဒါပေမဲ့ မစူးရှလွန်းသင့်ပါဘူး။ ကွန်ပျူတာနဲ့ အလုပ်လုပ်သူတွေအတွက် အလင်းရောင်ဟာ ဘေးဘက်ကနေလာတဲ့ ခပ်ဖျောဖျော့ အလင်းသာဖြစ်သင့်ပါတယ်။ ကွန်ပျူတာ မော်နီတာကို နေရောင်တိုက်ရိုက်ကျနေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါ့အပြင် မော်နီတာရဲ့ အလင်းရောင်ကိုလည်းသင့်တော်အောင် ချိန်ညှိသင့်ပါတယ်။

(၅) မျက်စိကို ခဏအနားပေးပါ

ကွန်ပျူတာကို တစ်ချိန်လုံးကြည့်နေခြင်းဟာ မျက်စိတွေကို ခြောက်သွေ့စေနိုင်ပါတယ်။ လူတွေဟာ ကွန်ပျူတာ စကရင်ကို ကြည့်နေစဉ်မှာ မျက်တောင်ခတ်တာဟာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။ ဒါကြောင့်နောက်တစ်ခါ ကွန်ပျူတာသုံးတဲ့အခါ မကြာခဏ မျက်စိကို အနားပေးဖို့ သတိရပါ။
ငါးစက္ကန့်ကြာအောင် မျက်စိကိုပိတ်ပြီး ဖြည်းဖြည်းချင်းပြန်ဖွင့်ပါ။ ကွန်ပျူတာကြည့်ရင်းနဲ့ အဝေးကအရာတစ်ခုကို အကြည့်ပြောင်းတာမျိုးလည်း မကြာခဏ လုပ်ပေးပါ။

(၆) တီဗီကြည့်တဲ့ အခါ

တီဗီကြည့်တဲ့အခါမှာ တီဗီနဲ့ အလွန်နီးနီးကပ်ကပ်မထိုင်ဖို့ အရေးကြီးပါတယ်။ သင့်မျက်စိနဲ့ တီဗီစကရင် အကြားမှာ အနည်းဆုံး နှစ်မီတာ မှ သုံးမီတာ အကွာအဝေးရှိသင့်ပါတယ်။တီဗီပရိုဂရမ်တစ်ခုကြည့်နေစဉ်မှာ မကြာခဏ မျက်တောင်ခတ်ပေးပါ။ တီဗီကြည့်နေစဉ် အခန်းထဲက တခြားမီးတွေ မှိတ်ထားတာမျိုး မလုပ်ပါနဲ့။ရှည်လျားတဲ့ ပရိုဂရမ်တစ်ခု ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေတာဆိုရင်နာရီဝက်ကြာတိုင်း သင့်မျက်စိတွေကို ခဏအနားပေးပါ။

(၇) မျက်စိလေ့ကျင့်ခန်း

ခန္ဓာကိုယ်တခြားနေရာက ကြွက်သားတွေလိုပဲ သင့်မျက်စိက ကြွက်သားတွေကိုလည်း ပုံသဏ္ဍာန်ကောင်းမွန်အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ မျက်စိလေ့ကျင့်ခန်းလုပ်ဖို့အတွက် သင့်မျက်နှာရှေ့ သုံးလက်မအကွာမှာ ခဲတံတစ်ချောင်းကို ကိုင်ထားပြီး ခဲတံထိပ်ကို အာရုံစိုက်ပါ။ ပြီးရင် ခဲတံကို အာရုံစိုက်ပြီးကြည့်နေပါ။ ဒီလေ့ကျင့်ခန်းဟာ စာအလွန်အကျွံဖတ်ခြင်း ဒါမှမဟုတ် ကွန်ပျူတာအလွန်အကျွံသုံးခြင်းကြောင့် မျက်စိညောင်းတာကို သက်သာစေပါတယ်။

(၈) မျက်စိယောဂကျင့်ပါ

မျက်စိအတွက် ရှေးခေတ်ယောဂကျင့်စဉ်တစ်ခုကတော့ လက်ဖ၀ါးတွေကို အသုံးပြုတာပါ။ ဒီနည်းလမ်းဟာ မျက်စိ အာရုံကြောတွေကို ပြေလျော့စေပြီး အမြင်အာရုံနဲ့ မျက်စိကျန်းမာရေးကို ပိုကောင်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖြေလျှော့ အနားရစေပါတယ်။ ဒီနည်းကတော့ သင့်လက်ဖ၀ါးတွေကို ခွက်ပုံစံ ခုံးခုံးလေးလုပ်ပြီး ပိတ်ထားတဲ့ မျက်ခွံတွေပေါ်အုပ်ထားပါ။ လက်ချောင်းတွေကို နဖူးပေါ်မှာထားပြီး မျက်စိထဲကို အလင်းရောင်လုံးဝမ၀င်နိုင်ဘဲ မှောင်နေအောင်အုပ်ထားပါ။ မျက်စိ၊ စိတ်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အတွက် အနားရအောင် နှစ်မိနစ်ခန့် အသက်ကို ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှူသွင်းပါ။

(၉) သင့်တော်သော မျက်မှန် သို့မဟုတ် မျက်ကပ်မှန်ကို ရွေးချယ်ပါ

သင်ဟာ မျက်မှန်တပ်ဖို့လိုအပ်ရင် မျက်မှန်တပ်မလား၊ မျက်ကပ်မှန်တပ်မလားဆိုတာကသင့်ရဲ့ ဘ၀ နေထိုင်မှု ပုံစံပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ မျက်မှန်ကတော့ ဒီအတိုင်း ကောက်တပ်လိုက်လို့ရပေမယ့် မျက်ကပ်မှန်တပ်ရင်တော့ အနည်းငယ် ကရိကထနိုင်ပါတယ်။ မျက်ကပ်မှန်တိုင်းကလည်း မတူပါဘူး။ မျက်ကပ်မှန်တပ်မယ်ဆိုရင် သင့်မျက်စိနဲ့သင့်တော်တဲ့ မျက်ကပ်မှန်ကို ရှာဖို့လိုပါတယ်။ မျက်စိအထူးကုဆရာဝန်က သင့်ကိုအကြံဥာဏ်ပေးနိုင်ပါတယ်။

(၁၀) မျက်ကပ်မှန်တွေကို ထိန်းသိမ်းပါ

သင်ဟာ မျက်ကပ်မှန်တပ်ဖို့ ရွေးချယ်ရင် မျက်ကပ်မှန်တွေကို အမြဲသန့်ရှင်းအောင် ထိန်းသိမ်းဖို့ မမေ့သင့်ပါဘူး။ မျက်ကပ်မှန်တွေကို မျက်စိထဲထည့်တဲ့ ဒါမှမဟုတ် မျက်စိထဲမှ ထုတ်တဲ့အကြိမ်တိုင်း မျက်ကပ်မှန်ဆေးရည်နဲ့ ဆေးကြောပေးရပါတယ်။ မျက်ကပ်မှန် ဆေးရည်ကို သက်တမ်းမလွန်အောင်လည်း သတိထားစစ်ဆေးပါ။ သက်တမ်းကုန်နေတဲ့ ဆေးရည်တွေကို အသုံးမပြုသင့်ပါဘူး။ မျက်စိကျန်းမာရေးအတွက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြပါစေ။

                                                     View Website

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ