Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

မြောက်ဦး နန်းရာကုန်းထက်မှ စိတ်ကြွးဆေးပြား လေးသိန်းကျော် သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ နန်းရာကုန်းပေါ်မှာ စိတ်ကြွဆေးပြား (၄) သိန်းကျော် သိမ်းဆည်းရမိကြောင်း မြောက်ဦးရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။

“ နန်းရာကုန်းပေါ်ကနေ ယာဘားဆေးပြား ၄၁၂၀၀၀ (လေးသိန်း တစ်သောင်း နှစ်ထောင်)  ကို ဖမ်းဆီးမိခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သောင်း နှစ်ထောင် သုံးရာနဲ့ ခြောက်ဆယ် ဖိုးရှိပါတယ်” ဟု မြောက်ဦးနယ်ထိန်း တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ယင်းစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပုံကိုလည်း သူက ယခုလို ပြောသည်။

“ အဲဒီဆေးပြားတွေကို လေးတန်း ငါးတန်းအရွယ် ကျောင်သားတွေက နန်းရာကုန်းပေါ် တက်ဆော့ ကစားရာကနေ အထုပ်တွေကို တွေ့ရှိတာ ဖြစ်ပြီး ရှေးဟောင်း သုတေသန ဌာနကို အကြောင်းကြားတယ်။ ရှေးဟောင်းသုတေသနကနေ ရဲကို အကြောင်းကြားတဲ့ အတွက် သက်ဆိုင်ရာကနေ ဖမ်းဆီး သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။ တချို့ကတော့ မိုးရေထဲမှာ ပစ်ထားတဲ့ အတွက် ပျက်စီးနေပါပြီ” ဟု ဆိုသည်။

သို့သော်လည်း ပိုင်ရှင်များကိုမူ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း၊ မြို့နယ်မှူး၊ စခန်းမှူးတို့မှာ ပိုင်ရှင်များကို စုံစမ်း ဖေါ်ထုတ်နေကြောင်း၊ စစ်ဆေးတုန်းဖြစ်၍ ယင်းစိတ်ကြွဆေးပြားများ မည်သို့ မည်ပုံ နန်းရာကုန်းပေါ်သို့ ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း သူက ပြောဆိုသည်။

ယခုကဲ့သို့ စိတ်ကြွဆေးပြား အမြောက်အများကို မြောက်ဦးမြို့တွင် ယခင်က ဖမ်းဆီးမိခြင်း မရှိခဲ့ဘူးကြောင်း၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ် ဖမ်းမိခဲ့သော်လဲ ဆေးပြား အရေအတွက်မှာ (၁၇၀၀၀) ကျော်သာ ရှိကြောင်း သိရှိရသည်။



 ဆေးပြားများ ဖမ်းမိရာ မြောက်ဦးနန်းရာကုန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ