Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

မြနန်းစံကျော်ရွှေနန်းတော်တွင် မဖွယ်မရာပြုလုပ်သူ အမျိုးသမီးများကို အရေးယူဆောင်ရွက်သွားမည်


စက်တင်ဘာ ၂၇

မန္တလေးမြို့၏ သမိုင်းဝင်တစ်ခုဖြစ်သော မြနန်းစံကျော်ေ၇ွှနန်းတော်ကြီး အတွင်း အမျိုးသမီးတစ်ချို့ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် မဖွယ်မရာ ဓာတ်ပုံယှဉ်တွဲရိုက်ခြင်း များ ဖေ့စ်ဘွတ်လူမှုကွန် ယက်စာမျက်နှာ များတွင် ပျံ့နှံ့လာသော ကြောင့် ပြုလုပ်ခဲ့သူအမျိုးသမီးများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးဦးစီးဋ္ဌာနမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ ပတ်လောက်က လူမှုကွန်ယက်စာမျက်နှာ တွင် အမျိုးသမီးတစ်ဦးက မင်းတုန်းမင်းကြီးရုပ်တုနှင့် ယှဉ်တွဲဓာတ်ပုံရိုက်ခြင်း၊ အပြောင်အပျက်သဘောဖြင့် ရုပ်ထုများကို မဖွယ်မရာပြုလုပ်ထားသော ပုံများ ပျံ့နှံ့ လာခဲ့ပြီးနောက် အရေးယူရန်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“၎င်းဓာတ်ပုံတွေပါလာခြင်းနဲ့ပတ်သက်ပြီးတော့ ပေါ့လျော့စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ရှိသူဝန်ထမ်း တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီအရေးယူဖို့လုပ်ဆောင်နေပါတယ်။ မင်းတုန်းမင်းကြီးပုံနဲ့ မဖွယ်မရာ ပြုလုပ်သူတွေကိုလဲ စုံစမ်းဖော်ထုတ်အရေးယူသွားမှာပါ” ဟု ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

'မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် မြန်မာလူမျိုးများ၏ သမိုးဝင် အဖိုးတန်အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခုလည်းဖြစ်ကာ တန်ဖိုးထားဂုဏ်ယူရမည့်နေရာတစ်ခုလည်း ဖြစ်သည်။
“မြနန်းစံကျော်ရွှေနန်းတော်ဟာ သမိုင်းဝင်တန်ဖိုးထားတဲ့နေရာတစ်ခု တစ်တဲ့အတွက် မဖွယ်မရာညစ်ညမ်းတဲ့ အပြုအမူတွေကိုမလုပ်သင့်ပါဘူး။ ပြီးတော့ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ တွေလိုက်တာက ဆဲဆိုဝေဖန်သံ တွေနဲ့ တက်လာတယ်၊ လူလတ်ပိုင်း မြန်မာအမျိုးသမီးတွေဖြစ်နေတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးထားပြီးတော့နေသင့်ပါတယ် ” ဟုလည်း မန္တလေးမြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။

၁၂၂၁ ခုနှစ် မန္တလေးမြို့ တည်သည်မှ သီပေါမင်း ပါတော်မူသည့် ၁၂၄၇ ခုနှစ်အထိ ရွှေနန်းတော်၏ ထီးနန်း သက်တမ်းကား ၂၆ နှစ်မျှသာ ကြာခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလိုပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့၏။ ရွှေရောင် တဝင်းဝင်းဖြစ်နေရာက ထင်းဖြစ်သွားရ၏။ ထို့နောက် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးစက်လာကာ ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက်တွင် ကျန်ရှိသမျှ ရွှေနန်းတော် အဆောင်ဆောင်တို့ မီးလောင်ပြာကျ ခဲ့ရ၏။

ယခုအခါ ရွှေနန်းတော်ကို ရှေးမူမပျက် ပြန်လည်တည်ဆောက် မွမ်းမံပြင်ဆင်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ