Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

ခေါဇာမြို့ခံများအား ပြန်ပေးအဖွဲ့ ကျပ်သိန်း ၇၅၀ တောင်းခံထား

ပြီးခဲ့သည့် သောကြာနေ့တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ခေါဇာမြို့ခံ ၄ ဦး အား ပြန်ပေး ဆွဲခဲ့ရာ ငွေကျပ် သိန်း ၇၅၀ ဖြင့် ပြန်လည် ရွေးယူရန် တောင်းခံ ထားသည်ဟု ဆွေမျိုး နီးစပ်သူ တစ်ဦးက လွတ် လပ်သောမွန် သတင်း အေဂျင်စီ (IMNA) သို့ပြောသည်။

သူက “စက်တင်ဘာ ၂၄ ရက် မှာ သိန်း ၇၅၀ ပေးဖို့ တစ်ဆင့်ခံ လာပြောထားတယ်၊ ပေးဖို့လည်း အဆင်မပြေသေးဘူး” ဟုပြောသည်။

ယင်းကိစ္စဖြေရှင်နိုင်းရန် ခေါဇာကျောင်းထိုင်ဆရာတော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်ဆွေမျိုးများက ခေါဇာဘုန်းတော် ကြီးကျောင်း၌ ဆွေးနွေးတိုင်ပင် နေဆဲဖြစ်သည်ဟု ဆိုသည်။

ပြန်ပေးဆွဲခံရမိသားစုဝင်တစ်ဦးက “ ငွေပေးဖို့အကြောင်းကြားပြီးကတည်းက ဘာသတင်းမှလည်း ထပ်မကြားတော့ဘူး၊ သူတို့ရဲ့ ကျန်းမာရေးရော အသက်အန္တရာယ်ပါ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရတယ်” ဟု ပြောသည်။

အဆိုပါ အမည်မသိလက်ကိုင်ပြန်ပေးအဖွဲ့သည် မွန်ပြည်နယ်နှင့် တနင်္သ࿿ာရီတိုင်းနယ်နိမိတ်စပ်ကြား ရေး – ထားဝယ် ကားလမ်းအနီးတွင် လှို့ဝှက်စခန်းချလျှက်ရှိသည်ဟု ကာယကံရှင်နှင့်နီးစပ်သူဆွေမျိုးများက ခန့်မှန်းပြောဆိုနေသည်။

ခေါဇာရဲစခန်း တာဝန်ကျသူ ရဲတစ်ဦးက “ဒီပြန်ပေးကိစ္စကို ကျနော်တို့ဆီ လာရောက်တိုင်ကြားတာ မရှိပါဘူး၊ ဒီသတင်းလည်း မကြားမိ ဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ဖုန်းဖြင့် ဖြေဆိုခဲ့သည်။

စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် ခေါဇာမြို့ ဘုန်းတော်ကြီးကျောင်း၌ မဟာဒုက်ဆွမ်းကိစ္စဝေယျာဝစ္စများ စီစဉ်နေသည့် အချိန်တွင် ခေါဇာမြို့ခံ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲခဲ့ပြီး အသက် ၆၀ အရွယ် လူကြီးတစ်ဦးနှင့် နို့စို့အရွယ်ခလေးမိခင်တစ်ဦးတို့အား တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့်မေလတွင် မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါဇာမြို့ခံများအနေဖြင့် ငွေကျပ်သိန်း ၄၀ဝ ဆက်ကြေးပေးဆောင်ရန် ခေါဇာမြို့ ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းထံသို့ ငွေတောင်းခံစာများ ပေးပို့ခဲ့သည်။

ရေးမြို့နယ် တောင်ပိုင်းနှင့် နယ်မြေထိစပ်နေသော ရေဖြူမြို့နယ် မြောက်ပိုင်းဒေသတဝိုက်တွင် နိုင်ဆောင်း၊ နိုင်ချမ်းဒိန်းနှင့် နိုင်လွန် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ငယ်များ လှုပ်ရှားလျက်ရှိပြီး ဒေသခံများကို ဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ