Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

ရင်သားကင်ဆာ ကိုယ်တိုင် စမ်းသပ်ဖို့ အချိန်နည်းနည်းပဲလိုပါတယ်


ရင်သားကင်ဆာကြောင့် အသက်မဆုံးရှုံးရအောင် တားဆီးကာကွယ်နိုင်တဲ့ နည်းလမ်းက ကိုယ့်ရဲ့ရင်သားကို အချိန်အနည်းငယ်ပေးပြီး စမ်းသပ်ဖို့အဓိကဖြစ်ပြီး စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေကို ရင်ခေါင်းနှင့် အထွေထွေခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမြသိန်းဟန်က အခုလိုပြောပြာပါတယ်။



ရင်သားကင်ဆာရောဂါဟာ ရာနှုန်းပြည့်နီးပါး ရင်သားအတွင်းမှာ အကျိတ်အဖုငယ်အဖြစ်နဲ့ စပါတယ်။ ဖြစ်စမှာ နာကျင်ကိုက်ခဲတာမျိုး မရှိပါဘူး။နို့သီးချောင်းပြွန်ထဲမှာဖြစ်တဲ့ ကင်ဆာကတော့ နို့သီးထိပ်ဖူးဝက သွေးရောင်သန်းတဲ့ အရည်ထွက်ပါတယ်။ အဖုအကျိတ်ကို ကိုယ်တိုင်စမ်းသပ်ကြည့်လို့ရပါတယ်။

ရင်သားကို ဘယ်လိုစမ်းသပ်ရမလဲဆိုတော့ ဓမ္မတာလာပြီး ငါးရက်ကနေ ခုနှစ်ရက်အတွင်း တစ်လတစ်ကြိမ် စမ်းသပ်ရပါမယ်။ ရာသီမမှန်တဲ့သူတွေက လစဉ်ရက်တစ်ရက် သတ်မှတ်ပြီး အဲသည်ရက် အတိုင်းပုံမှန်စမ်းသပ်ရပါမယ်။ ရင်သားကို မိမိကိုယ်တိုင်စမ်းသပ်ဖို့ အချိန်အနည်းငယ်သာလိုပါတယ်။ အိပ်ပြီးဖြစ်စေ၊ မတ်တတ်ရပ်ပြီးဖြစ်စေ စမ်းသပ်နိုင်ပါတယ်။

သေချာကြည့်

• မိမိရင်သားကို ကိုယ်တိုင်စမ်းသပ်ရာမှာ ပထမဦးစွာ ခါးအထက်ပိုင်းရှိ အ၀တ်အစားတွေကို ချွတ်၊ လက်နှစ်ဖက်ကို ဘေးချထားပြီး မှန်ရှေ့ မှာရပ်ပါ။ ရင်သားနှစ်ဖက် အနိမ့်အမြင့်တူမတူကြည့်ပါ။


• မိမိရင်သားအရွယ်နဲ့ပုံသဏ္ဍာန်ပြောင်းလဲမှု ထူးခြားတာ ရှိမရှိကြည့်ပါ။

• မြင်သာတဲ့အကျိတ်အဖု ရှိမရှိ၊ ရင်သားအရေပြား ပြောင်းလုမှုရှိမရှိ ကြည့်ပါ။ ဥပမာ- ချိုင့်ဝင်ခြင်း၊ လိမ္မော်သီးခွံလို ထူပိန်းခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းတွေ ရှိမရှိကြည့်ပါ။

• နို့သီးခေါင်းနဲ့ နို့သီးခေါင်းတစ်ဝိုက် ပြောင်းလဲမှု ရှိ မရှိ၊ သားနံရည်၊ သွေး၊ အစိမ်းညိုရောင် အရည်တွေ၊ နို့တွေထွက်နေတာ၊ နို့သီးခေါင်းအတွင်းကို ချိုင့်ဝင်သွားတာ အကြေးခွံလို အဖတ်တွေကွာတာ၊ယားယံတာတွေ ရှိ မရှိ ဂရုစိုက်ပြီး စစ်ဆေးပါ။ သည်လို စစ်ဆေးတဲ့အခါ လက်နှစ်ဖက်ကို ဦးခေါင်းအထက်မြှောက်ထားပြီး လုပ်ရမှာဖြစ်သလို လက်နှစ်ဖက်ကို တောင့်ထားပြီး လုပ်ရမှာပါ။


• ရင်သားကို မျက်စိနဲု့ကြည့်ရှုစစ်ဆေးပြီးရင်လက်နဲ့ စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ အိပ်လျက်အနေအထားနဲ့ စမ်းသပ်ဖို့ ညာဘက် ပခုံးအောက်မှာ ခေါင်းအုံးတစ်လုံး ဒါမှမဟုတ် ခေါက်ထားတဲ့ မျက်နှာသုတ်ပ၀ါထားပြီး ညာလက်ကို ဦးခေါင်းနောက်သို့ မြှောက်ထား၊ ဘယ်လက်နဲ့ စမ်းသပ်ရပါမယ်။


• ဘယ်ဘက်ရင်သား စမ်းသပ်ဖို့ ဘယ်ဘက်ပခုံးအောက်မှာ ခေါင်းအုံးတစ်လုံးထား၊ ဘယ်လက်ကို ဦးခေါင်းနောက်မြှောက်ထားပြီး ညာလက်နဲ့စမ်းသပ်ရပါမယ်။ စမ်းသပ်ရာမှာ လက်ချောင်းတွေကို စုပြီး လက်ချောင်းအတွင်း ဘက်သားနဲ့ သေသေချာချာဖိပြီး စမ်းရပါမယ်။

* ရင်သားဘေးပတ်လည်ကို စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပြီး ရင်သားတစ်ခုလုံးမှာ နေရာလပ်မကျန်ရအောင် အဖုအကျိတ် ရှိ မရှိ ရင်သားနှစ်ခုစလုံးကို စမ်းသပ်ရပါမယ်။ ချိုင်းမှာလည်း အဖုအကျိတ် ရှိ မရှိ လက်ချောင်းကလေးတွေစုပြီး စမ်းကြည့်ရပါမယ်။


• နို့သီးခေါင်းကို လက်မ ၊ လက်ညှိုးနှစ်ချောင်းနဲ့ ညင်သာစွာ ညှစ်ကြည့်ပြီး သွေး၊ အရည်ကြည် အရည်ပျစ်တွေ ထွက်တာရှိမရှိကြည့်ရပါမယ်။

• သည်လိုစမ်းသပ်ရာမှာ မရေရာ၊ မနာတဲ့ အစိုင်အခဲ တွယ်နေတယ်ထင်ရင်၊ မရေရာ နာတဲ့ အစိုင်အခဲ တွယ်နေတယ်ထင်ရင်၊ မနာတဲ့ အကျိတ်အဖု(အသေး-အကြီး)စမ်းတွေ့ရင်၊ နို့သီးခေါင်းဝင်နေရင်၊ နို့သီးခေါင်းက သားနံရည်၊ သွေးတွေထွက်နေရင်၊ ရင်သားအရေပြားချိုင့်ဝင်နေရင်၊ ရောင်ရမ်းနေရင်၊ လိမ္မော်သီးခွံလို ထူပိန်းနေရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ စနစ်တကျပြသပြီး ကုသမှုခံယူဖို့ ဒေါက်တာဦးမြသိန်းဟန်က အကြံပြုထားပါတယ်။


                                                        View Website

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ