Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

အိုင်အက်စ် တားဆီးရေးနှင့်အီဘိုလာ ထိန်းချုပ်ရေး တကမ္ဘာလုံးလုပ်ရန် ကုလတိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ ဆွန်နီ စစ်သွေးကြွအုပ်စုကို တားဆီးဖို့ ကမ္ဘာလုံးက ကိုယ်လုပ်နိုင်တာကို လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုဘာနီမြို့ သုံးပုံတပုံကို သူပုန်တွေက သိမ်းလိုက်တာဟာ အင်မတန် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် ပြဿ     နာ စဖြစ်ကတည်းက နိုင်ငံတွေကို ကိုယ့်အစွမ်းအစ ရှိသလောက်၊ တတ်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး တားဆီးကြဖို့ သတိပေးခဲ့တာပါလို့ တူနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ဘန်ကီမွန်းက ပြောပါတယ်။

ဒီလိုပဲ ကမ္ဘာ့အဆိုးဆုံး ကပ်ဘေးတခုဖြစ်တဲ့ အီဘိုလာ ရောဂါကိုလည်း ထိန်းသိမ်းကြဖို့ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

စစ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အထောက်အပံ့တွေကို ပို့ပေးနိုင်တဲ့ နိုင်ငံတွေကလည်း ပို့ကြပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့တွေကိုတော့ ပေးနေပါတယ်။

အခု လုပ်ရမယ့် ကိစ္စက လက်ရှိ အရင်းအမြစ်ကို အဆ ၂၀ တိုးရမယ်။ အရှိန်ကိုလည်း အဆ ၂၀ တိုးရမယ်၊ ဒါမှ အီဘိုလာ ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။

ဘန်ကီမွန်းဟာ တူနီးရှားမှာ လွှတ်တော် ရွေးကေက်ပွဲကျင်းပဖို့ နှစ်ပတ်အလိုမှာ ရောက်နေတာပါ၊

တူနီးရှားရဲ့ နိုင်ငံရေး အပြောင်းအလဲကို ထောက်ခံတဲ့အကြောင်းပြောလိုက်ပြီး မဲပေးကြဖို့ကိုလည်း ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

တူနီးရှားမှာ အခြေအနေတွေ ထင်ရှားတဲ့ တိုးတက်နေမှုတွေ ရှိနေသလို ကုလသမဂကလည်း တူနီးရှားဘက်မှာ ရှိနေတယ်လို့ ပြောပါတယ်။


ဘန်ကီမွန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ