Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

လိပ်ကျွန်းလူသတ်မှုတွင် ဗမာ့သစ္စာဖောက် ထွန်းကြိုင်(ထိုင်းကျွန်)များကို အသုံးချနေ

အောက်တိုဘာလ(၈)ရက်နေ့မှာတော့ မြန်မာသံရုံး တာဝန်ရှိသူတွေဟာ အဲဒီလူသတ်မှုရဲ့ ထိုင်းရဲ သက်သေစာရင်းဝင်၊ မြန်မာနိုင်ငံသား မောင်မောင်(ခေါ်) ကိုသန်းဆွေကို၊ ထိုင်းရဲတွေရဲ့ရှေ့မှာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါပြီ။ ကိုမောင်မောင်နဲ့ တွေ့ဆုံ မေးမြန်းချက်အရ အစွပ်စွဲခံရတဲ့ ရခိုင် လူငယ်နှစ်ဦး ဒီပြစ်မှုကိုကျူးလွန်ကြောင်း ခိုင်မာတဲ့ အထောက်အထား၊ အချက်အလက် မပါဝင်ခဲ့ပါဘူး။ ဒီအမှုအပေါ်ထိုင်းရဲတွေရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံဟာ သံသယကြီးစွာ ပွားဖွယ်ရှိတာမို့ ထိုင်းနိုင်ငံသားတွေ အပါအဝင် ကမ္ဘာနိုင်ငံတော်တော်များများက အမှန် တရားလိုလား သူတွေဟာ မေးခွန်းပေါင်း မြောက်များစွာ၊ ဝိုင်းထုတ်နေကြပါပြီ။

အများသိကြတဲ့အတိုင်း၊ ဒီအမှုဟာ သွေးရိုးသားရိုးမဟုတ်ပဲ၊ အလွန်တရာရှုပ်ထွေးပွေလီပါတယ်။ ဒီအမှုရဲ့နောက်မှာ မြှုပ်ကွက်တွေ ထိန်ချန်မှုတွေ ဒုနဲ့ဒေးရှိနေပါတယ်။ ဗမာလူငယ်နှစ်ဦးကို လူသတ်တရားခံပါလို့စွပ်စွဲဖော်ထုတ်ခဲ့တဲ့ ထိုင်းရဲတွေ ဘာသာပြန် အဖြစ် အသုံးပြုခဲ့တဲ့ ဗမာပြည်ပေါက်လို့ဆိုတဲ့ စကားပြန်တွေရဲ့လုပ်ပုံကိုင်ပုံကိုကြည့်ရတာ ကျနော်မြင်နေ၊ ကြားနေကျ ထွန်းကြိုင် (ထိုင်းကျွန်) တွေရဲ့ပုံစံမို့ လုံးဝကျေနပ်သဘောကျစရာ မရှိပါဘူး။ ထိုင်းနိုင်ငံနေရာအနှံ့မှာ ထိုင်းပုလိပ်၊ ထိုင်းအလုပ်ရှင်တွေဟာ ဗမာရွေ့ပြောင်းအလုပ် သမားတွေအပေါ် ထင်တိုင်းကြဲတဲ့နေရာတွေမှာ၊ ဗမာ့သစ္စာဖောက်၊ ထိုင်းအလိုတော်ရိ ထွန်းကြိုင်တွေကို အသုံးချနေ ကြတာဟာ အဆန်း တကြယ်မဟုတ်ပဲ၊ ရိုးအီနေတဲ့ကိစ္စပါ။

တကယ်တော့ တဝမ်းတခါးအတွက် ထိုင်းနိုင်ငံဘက်ကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ် သမားတွေအပေါ် ထိုင်းရဲ၊ ထိုင်းအလုပ်ရှင်၊ ထိုင်းလူမျိုးအချို့ရဲ့ ရက်ရက်စက်စက်အနိုင်ကျင့်စော်ကားခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ မကြားချင် မမြင်ချင်အဆုံးဖြစ် နေခဲ့တာကြာခဲ့ပါပြီ။ နောက်ဆုံးသတင်းအရ မြန်မာအစိုးရဘက်ကလည်း ဒီအမှုအတွက် ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့ပြီး သွားရောက်စစ် ဆေးမယ်ဆိုတဲ့အတွက် ဝမ်းမြောက်စရာ သတင်းပါပဲ။

ဒီအမှုဟာ ကျနော်တို့ နိုင်ငံသားတွေကို၊ အမှန်တရားရဲ့မျက်နှာစာဘက်မှာ တစုတစည်းတည်း၊ တစိတ်တဝမ်းတည်း စုရုံးရပ်တည်မိအောင် တွန်းပို့သလိုဖြစ်တာကိုပဲ အဆိုးထဲ က အကောင်းအဖြစ် မှတ်ယူချင်ပါတယ်။ ကလေးတွေကံကောင်းကြစေချင်သလို အမှန်တရားပေါ် ပေါက်စေချင်ပါတယ်။


မှတ်ချက်-လိပ်ကျွန်းလူသတ်မှု တရားစွဲဆိုရေးအတွက် အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ထိုင်ရဲတပ်ဖွဲ့က စာမျက်နှာ ၈၅၀ပါ အမှုတွဲအား ရှေ့နေများရုံးသို့တင်ပြခဲ့ရာ အထောက်အထား မပြည့်စုံသဖြင့် ပယ်ချခံခဲ့ရသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ