Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

ပဉ္စမစွယ်တော်ရှင် ပြက္ခရွေတောင် ဆွမ်းလောင်းလှူပွဲတွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲ ပြန်လည် ကျင်းပ

မြစ်သား၊ အောက်တိုဘာ- ၉

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော် မူခဲ့သော မြစ်သားမြို့နယ်၊ ပြက္ခရွေတောင်ပေါ်ရှိ ပဉ္စမ စွယ်တော်ပွား ပူဇော်သည့်အနေဖြင့် ဆွမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလျှက်ရှိသော်လည်း ယခင်က ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပမှု မရှိခဲ့သည်မှာ ကြာမြှင့်ခဲ့ပြီး ယခုနှစ်တွင်မှ ပြန်လည်စတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပြက္ခရွေတောင် ပဉ္စမစွယ်တော်ရှင် ဆွမ်းလောင်းလှူပွဲကြီးကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကြီးနှင့်အတူ ကျင်းပလေ့ရှိရာ အနော်ရထာမင်းကြီး တည်ဆောက်ခဲ့သော ကင်းတားဆည်ရေသောက် နယ်မြေများမှ ဒေသခံပြည်သူများ တက်ရောက် ပူဇော်ကြသည်။
ယခင်က တောင်ပေါ်အတက် မောနားတွင် အမျိုးသားများက ဒိုးပတ်ဝိုင်များ တီးမှုတ်ကြပြီး ဆွမ်းလောင်းလာ အမျိုးသမီးများက ကခုန်ကြကာ အပြိုင်တီးမုတ် ကခုန်ကြရင်း ဒိုးပတ်ပြိုင်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် မြန်မာ့ရိုးရာ ဒိုးပတ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကျောက်ဆည်အသင်း(ရန်ကုန်)မှ မတည်လှူဒါန်း ငွေ (၅) သိန်းကျပ်ဖြင့် ဒေသခံများမှ လှူဒါန်းငွေဖြင့် ပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်ခဲ့ပြီး ပြိုင်ပွဲကို မြစ်သားမြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်များမှ ကင်းတားဆည်ရေသောက် ကျေးရွာများကို ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ဒိုးပတ်ပြိုင်ပွဲဝင်အသင်းပေါင်း (၁၉) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ