Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

အမေရိကန် မှ အီဘိုလာ ကာကွယ်ရေး စတင်ချမှတ်

အမေရိကန် အစိုးရ က အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ဖြစ်နေ တဲ့ အနောက် အာဖရိက နိုင်ငံ တွေ က ခရီးသည် တွေ ကို အမေရိကန် နိုင်ငံတွင်းရှိ၊ လေဆိပ်တွေ ကို ရောက်တာနဲ့ စမ်းသပ် စစ်ဆေးမှု၊ စကင်ရိုက် စတာတွေ ပြုလုပ် တော့ မဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အထူးသဖြင့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဖြစ်နေတဲ့ နိုင်ငံတွေ ဘက် က ခရီးသည် ၉၀ ရာခိုင်နှုန်း ကျော် ဟာ အမေရိကန် ဘက် ခရီးထွက်ကြလို့ ဖြစ်ပါတယ်။ လေယာဉ်ခရီးသည်တွေ အနေနဲ့ သူတို့ရဲ့ ကိုယ်အပူချိန် ကို တိုင်းတာခြင်း၊ ကျန်းမာရေး ဆိုင်ရာ မေးခွန်းစာရွက် မှာ လည်း ဖြေကြားခြင်း စတာတွေ ပြုလုပ်ရဖို့ ရှိပါတယ်။ လောလောဆယ်၊ ဆေးစစ်မဲ့ လေဆိပ် ၅ ခု ကြေညာရာမှာတော့၊ လေယာဉ် အဆင်းအတက် အများဆုံးဖြစ်တဲ့ ဝါရှင်တန်၊ နယူးယောက်၊ ရှီကာဂို၊ နူးဝါခ့် နဲ့ အက်တ်လန်တာ လေဆိပ်တွေ ဖြစ်ပါတယ်။

သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ဂျော့ရှ်အားနက်စ် က ဒီအစီအစဉ် အရ တနေ့ ကို ခရီးသည် ၁၅ဝ ခန့် အကျုံးဝင်နိုင်မယ် လို့ သတင်းထောက်တွေ ကို ပြောပါတယ်။ ဒီ့ထက်ပိုပြီး ကာကွယ်တားဆီးနိုင်မဲ့ နည်းကို ပြောရာမှာ တော့၊ အများသိတဲ့ အတိုင်း ဒီလေဆိပ် ငါးခု ကို အီဘိုလာ ရောဂါပြန့် နေတဲ့ နိုင်ငံ သုံးခု က ခရီးသည် ၉၄ ရာခိုင်နှုန်း လာနေကြတော့ အရေးယူ မဆောင်ရွက် လို့ မဖြစ်တော့ တဲ့ အကြောင်း၊ ဒီ့ထက် ထိရောက်တဲ့ နည်း ကတော့ အမေရိကန် ဘက် ဉီးတည်တဲ့ ဂီနီ၊ ဆီရာယာ လီယွန်း နဲ့ လိုင်ဘေးရီးယား နိုင်ငံတွေ က ခရီးသည်တွေ ကို သူတို့ နိုင်ငံ လေဆိပ်တွေမှာ တင်၊ စမ်းသပ် စစ်ဆေးမှု ပြုတဲ့နည်းပါဘဲ။ အီဘိုလာ ရောဂါ အရိပ်အယောင် တွေ့တဲ့ ခရီးသည် ကို လေယာဉ်ပေါ်တောင် တက်ခွင့် မပေးတဲ့ နည်း ကို အသုံးပြုမှ ပိုထိရောက်မှု ရှိမယ် လို့ ဆိုတာပါ။

အမေရိကန် ကို လိုင်ဘေးရီးယား လူမျိုး တောမတ်စ် အဲရစ် ဒန်ကင် ရောက်လာအပြီး၊ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရာက အထူးကြပ်မတ် စစ်ဆေးမှု တွေ ပြုလာခဲ့တာပါ။


လေဆိပ်မှာ အီဘိုလာရောဂါသည် စစ်ဆေး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ