Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

သမ္မတရုပ်ရှင်ရုံနှင့် ဘူတာကြီးအနီး အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားမှု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီဖြစ် ဟုဆို

ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအကြိမ် လူအုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ကာယကံရှင်များက လာရောက် အမှုဖွင့် အရေးယူထားပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ စခန်းမှူးသန်းဦးက Newswatch ဂျာနယ်သို့ ပြောသည်။
“၁၅ ရက်နေ့ ၁၅ နာရီ ၃၀ မိနစ်မှာ အမှုဖွင့်အရေးယူခဲ့ပါပြီ။ ဒါကို မီဒီယာ အချို့က အရေးယူမှုမရှိဘူးလို့ ရေးသားထားတော့၊ ရှင်းရှင်းပြောရရင် ရဲတပ်ဖွဲ့ နစ်နာပါတယ်၊ မီဒီယာနဲ့ ရဲဆိုတာ ဟန်ချက်ညီညီ ဆောင်ရွက်နေရမှာ အဲဒါမှသာ မှန်တဲ့သတင်း အမြန်ဆုံးရမှာ၊ အဲ့ဒါမှ ပြည်သူကလည်း အထင်အမြင်လွဲမှားမှု မရှိမှာ။ ကာယကံရှင်တွေက ဒီနေ့ မနက်လာပြီးတော့ သတင်းစာတွေ၊ ဂျာနယ်တွေကိုပြပြီး အမှုမဖွင့်ရသေးဘူးလို့ လာပြောတော့ ကျွန်တော်တို့ ဘာမှမသိရဘူး၊ နဂိုကတည်းက ရဲကို အမြင်စောင်းနေတာလေ။ ပြည်သူနဲ့ ရဲကိုတော့ နီးကပ်စေရင် မီဒီယာတွေ အဲဒီလို လုပ်တာ အဆင်မပြေဘူးဗျ”ဟု စခန်းမှူး သန်းဦးက ဆိုသည်။

အဆိုပါ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ဒေါ်သန်းမြင့်၏ သား မောင်သန့်ဇင်ဝင်း၊ မောင်အောင်ဇော်သန်းတို့သည် လက်ဖက်ရည်သောက်ရန် သွားရာမှ ရန်ကုန်ဘူတာကြီးနှင့် သမ္မတ ရုပ်ရှင်ရုံအနီးတွင် ရန်ဖြစ်နေကြောင်း ကြားသိရ၍ သွားရောက်ကြည့်ရှုရာ 7G----- စူဇူကီးအဖြူရောင်ယာဉ်ထဲမှ လူများဝိုင်းရိုက် ၍ ဒေါ်သန်းမြင့်၏သား မောင်သန့်ဇင်ဝင်းနှင့် မောင်အောင်ဇော်သန်း၊ သူငယ်ချင်း မောင်စိန်ဝင်းတို့သည် ဒေါ်သန်းမြင့်၏ ရိုးမ ဘဏ်ရှေ့ရှိ ထမင်းဆိုင်ထဲသို့ ပြေးဝင်လာရာ ၎င်းယာဉ်ထဲမှသူများသည် ဓားဖြင့် နောက်မှလိုက်လံထိုးခဲ့သောကြောင့် ဒေါ်သန်းမြင့်၏သား မောင်သန့်ဇင်ဝင်းတွင် ညာဘက်လက်ကောက်ဝတ် ဓားဒဏ်ရာ တချက်၊ ညာခြေခုံ ဖူးရောင်ဒဏ်ရာတချက် ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါ တိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

““အဲဒီလူအုပ်စုလိုက်ဖြစ်တဲ့ အမှုကို (ပ)၅၉၁/၂၀၁၄ နဲ့ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ နဲ့ ကျူးလွန်သူတွေကို အမှုဖွင့်အရေးယူ ထားတယ်။ အခုချိန်ထိတော့ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဆဲပဲရှိသေးတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ စခန်းမှူး သန်းဦးက ဆိုသည်။

ယခုကဲ့သို့ လူအုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ် ပြီး ပထမအကြိမ် သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတ၀န်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်အထိတွင် လူသတ်မှု ၁၄၈ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၃ ခုနှစ်ထက် ၁၈မှု ပိုမိုမြင့်တက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုကဲ့သို့ လူအုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားမှုများ၊ လူသတ်မှုများ မြင့်တက်နေရခြင်းသည် မြန်မာနိုင်ငံ၏ တရားဥပဒေ စီရင်ရေးအားနည်းနေခြင်းနှင့် ရဲတပ်ဖွဲ့၏ ပြည်သူများအပေါ်တွင် လုံခြုံမှုဆောင်ရွက် ပေးမှုအားနည်းနေခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေလမ်းညွှန်နှင့် စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောကြားခဲ့သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ