Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

တောင်းငွေမပေးရင် ဂျာမနီ ၂ ဦးကို သတ်မည်ဟု ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက အဘူဆေးယက်(Abu Sayyaf) မွတ်စလင်အကြမ်းဖက်အဖွဲ့ က သူတို့ ဖမ်းဆီးထားတဲ့ ဂျာမနီနိုင်ငံသား ၂ ဦးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်းမပေးရင် အောက်တိုဘာ ၁၇ ရက် ဒီနေ့ ညနေ ၃ နာရီမှာ ခေါင်းဖြတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အရင်တခါကလည်း အခုလိုပဲ ခြိမ်းခြောက်ခဲ့ပြီး အခု တကြိမ်ကတော့ သက်တမ်းတိုး ပေးထားတာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက အိုင်အက်စ်စစ်ဆင်ရေးမှာ ဂျာမနီနိုင်ငံအနေနဲ့ မပါဖို့လည်း အဘူဆေးယက်အဖွဲ့က တောင်းဆိုထားပါတယ်။

ဒါကြောင့် သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံတောင်ပိုင်းက ဂျိုလို(Jolo) ကျွန်းမှာ ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောဆိုပါတယ်။

ဖိလစ်ပိုင်စစ်တပ်ရဲ့ လူထုဆက်ဆံရေးအရာရှိက “ဓားစာခံတွေ ဘေးမသီရန်မခ ပြန်လည် လွတ်မြောက်ရေးဟာ ပထမဦးစားပေးဖြစ်ပြီး ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင်တွေကိုလည်း ဂျိုလို ကျွန်းမှာ တပ်ချထားတယ်” လို့ ပြောဆိုပါတယ်။

အဘူဆေးယက် မွတ်စလင်အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့ကို မကြာခင်က သစ္စာခံထားကြပါတယ်။

အဘူဆေးယက်အကြမ်းဖက်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်နိုင်ငံအဖြစ် သီးသန့် ခွဲထွက်ခွင့်ရဖို့ အကြမ်းဖက်တိုက်ပွဲဝင်နေကြပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ