Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမည်

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်း အတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံ ရုံး၊ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီး တန်း အရာရှိ တစ်ဦး ကပြောသည်။

"သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသားဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည်ပါတယ်"ဟု ယင်းအကြီးတန်းအရာရှိကပြောသည်။

ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ(၃)နိုင်ငံ ဆက်နွယ်ပတ်သက်နေသော ယခုကိစ္စကို ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို မှားယွင်းအရေးယူမှု မရှိစေရေးအတွက် တရားမျှတမှု ရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မည် ဟု မျှော်လင့်ထားကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံမှုမှ ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်း မရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများ ရှာဖွေတွေ့ရှိမည် ဟု မျှော်လင့်ကြောင်း အဆိုပါ အကြီးတန်းအရာရှိကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို သံသယဖြစ်ကာ အဖမ်းခံထားရသော မြန်မာနိုင်ငံသားလူငယ်နှစ် ယောက်၏ မိဘများမှာ ရခိုင်ပြည်နယ်မှ ရန်ကုန်ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရှိ အလုပ်သမားများဆိုင်ရာ အကူ အညီပေးရေးနေသောအဖွဲ့(ထိုင်းနိုင်ငံ ပညာရေးနှ င့် ဖွံ့ဖြိုးတိုးတက်ရေး FED)၊ ရခိုင်အမျိုးသား ကွန်ရက်တို့ ၏အကူအညီဖြင့် ထိုင်းနိုင်ငံကို သွားရောက်ရန် ပြင်ဆင်နေကြကြောင်း ၊ထိုင်းနိုင်ငံ ကို မသွားမီကာယကံရှင်များ၏ မိဘများက မီဒီယာ များရှေ့တွင် အောက်တို ဘာ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ အရေးကြီးအဆို တင်သွင်းကာ ဆွေးနွေးခဲ့ရာအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သောကြောင့် အမျိုးသား လွှတ်တော် အနေဖြင့်၎င်းလူသတ်မှုကိုတရားမျှတမှုရှိစေရန် ထိုင်းလွှတ်တော်သို့ ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ