Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများ ရန်ကုန်သို့ ရောက်ရှိစဉ် ဧည့်စာရင်းစစ် မေးမြန်းခံရ

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦး၏ မိဘများ ရန်ကုန်သို့ ရောက်ရှိစဉ် ဦးဆောင်ခေါ်ဆောင်လာသည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ထွန်းသွင် ကျောင်းတိုက်ဆရာတော်၏ကျောင်း၌ ညအိပ်တည်းခိုစဉ် အောက်တိုဘာ ၁၂ ရက် ညက အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရဲနှစ်ဦးကိုခေါ်ဆောင်လျက် ညသန်းခေါင်ယံအချိန်ခန့်တွင် ဧည့်စာရင်း လာရောက်စစ်ဆေးခြင်းခံခဲ့ရကြောင်း ဆရာတော် ဥူးနာဂသေနက မိန့်ကြားခဲ့သည်။

““ကျောက်ဖြူက ဦးဇင်းမွေးရပ်မြေကို သီတင်းကျွတ်သွားရင်းနဲ့ ဒီကိစ္စကိုသိရ ပြီး သူတို့ ဒီလိုလုပ်ချင်တယ်။ ဦးဇင်း တာဝန်ယူပြီး ခေါ်သွားပေးပါ။ ပြီးတော့ နေရေးထိုင်ရေး စားရေးသောက်ရေးပါ တာဝန်ယူပေးပါ။ မီဒီယာတွေနဲ့ ဦးဇင်းက အဆက်အသွယ်ရှိတယ်ဆိုတော့ အဆက်အသွယ်လုပ်ပေးပါဆိုလို့ ဦးဇင်းတို့ ကျောက်ဖြူကနေ ခေါ်လာခဲ့တာ သူတို့ သားသမီးတွေဟာ ရာဇ၀တ်ပြစ်မှုတွေရှိရင် သူတို့ကို မခေါ်ပါဘူး။ အုပ်ထိန်းသူ မိဘတွေမှာလည်း ဒါမျိုးတွေ မရှိဘူး။ ဗီဇတွေ ကောင်းလို့ ခေါ်လာတာ။ မနေ့ညက ၁၂ နာရီထိုးခါနီးမှာ ၁၀၇ ရပ်ကွက် ဥက္ကဋ္ဌ နဲ့ ရဲနှစ်ယောက်လာပြီး ဦးဇင်းတို့ကျောင်းကို ဧည့်စာရင်းလာစစ်တယ်။ စစ်တော့ ဦးဇင်းက ““ငါကတော့ မဟုတ်ရင်မခံဘူး။ မင်း မဟုတ်တာလုပ်နေတာ၊ မင်းဦးနှောက် မရှိဘူးလား၊ ရပ်ကွက်ထဲမှာ ဘာတွေလုပ် နေသလဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး၊ မူးယစ်ဆေးဝါးတွေ ဒီဥက္ကဋ္ဌတွေနဲ့ဝိုင်းပြီး စီးပွားရေးလုပ်နေတာ သိတယ်။ ဖမ်းမှ မဖမ်းတာ။ ဒါတွေကိုလည်း နိုင်ငံတော်ကို သိစေချင်တယ်။ မီဒီယာတွေ သိစေချင်တယ်။ လူကြီးမိဘတွေလည်း ပြောပြီးပြီ။ ဘာမှမထူးဘူး။ ဒီအတိုင်းဖြစ်နေတာ””ဟု ပြောသည်။

ယင်းနောက် စွပ်စွဲခံမြန်မာလူငယ် ၂ဦး၏ မိဘဖြစ်သူများနှင့် News Watch က သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးထွန်းထွန်းထိုက် (မောင်ဝင်းဇော်ထွန်း-အဖေ)
-----------
x ဟုတ်ကဲ့၊ ဦးလေးက မောင် ၀င်းဇော်ထွန်းရဲ့ အဖေလို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ ဦးလေးတို့ မိသားစု အကြောင်း အရင်မိတ်ဆက်ပေးပါဦး။
- မောင်ဝင်းဇော်ထွန်းက ကျွန် တော်တို့ မိသားစုမှာ အငယ်ဆုံးသားပါ။ သူ့အထက်မှာ သူ့အစ်ကိုတယောက်ရှိ တယ်။ မိဘတွေက အဖေ ကျွန်တော် ဦးထွန်းထွန်းထိုက် အမေက ဒေါ်မေသိန်း။

x မောင်ဝင်းဇော်ထွန်းက ထိုင်း ကို ဘယ်တုန်းက ထွက်သွားတာလဲ။ ဘာအလုပ်လုပ်နေလဲဆိုတာ သိရလား။ ငွေရောပုံမှန်ပို့လား။
- သူထွက်သွားတာ ခြောက်လ လောက်ပဲရှိသေးတယ်။ ဟိုမှာ ဘာအလုပ် လုပ်လဲဆိုတာ မသိရသေးဘူး။ သူ့အထက် က အစ်ကိုကလည်း ထိုင်းမှာ အလုပ်လုပ် နေတာ။ ပိုက်ဆံလည်း မပို့ရသေးပါဘူး။

x မိဘတယောက်အနေနဲ့ ဦးလေးသားရဲ့ စိတ်နေသဘောထား ဘယ်လိုရှိတယ်ဆိုတာ ပြောပြပါဦး။ ထိုင်း ဘက်က စွပ်စွဲသလို လူသတ်လောက်တဲ့ အထိ ဖြစ်နိုင်တယ်လို့ ယူဆပါသလားဗျ။
- ကျွန်တော့်သားက အင်မတန် နူးညံ့တဲ့သူပါ။ ရန်တခါမှ မဖြစ်ဖူးဘူး။ အရက်သေစာမသောက်စားဘူး။ သူက အားကစားသမား အသက် ၁၂ နှစ်၊ ၁၃ နှစ်ကတည်းက ဘောလုံးကစားခဲ့တာ။ ပြိုင်ပွဲတွေမှာ အရွေးခံရတယ်။ လူတဘက် သားကိုလည်း ကူညီတတ်တဲ့သူပါ။ လူသတ်ရလောက်အောင် သူလုပ်မယ်လို့ လုံးဝမထင်ဘူး။

x ဦးလေးသားကို ထိုင်းရဲက လူ သတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆို တာ ဘယ်အချိန်မှ သိရတာလဲ။
- အင်း . . . မကြာသေးဘူး။ စလောင်းမှာ သတင်းလာတော့ ကြည့်မိတဲ့ သူတွေ ပြောကြတယ်။ ထိုင်းက သူ့သူငယ် ချင်းတွေနဲ့ သူ့အစ်ကိုဆီက ဖုန်းလာတယ်။ အဲဒီအချိန်မှ သိရတယ်။

x အခုဆိုရင် ဒီအမှုအခင်းကိစ်္စ က နိုင်ငံတကာကလည်း စောင့်ကြည့်နေ သလို မြန်မာအစိုးရကလည်း ထိုင်းအစိုးရ ကို ဖိအားပေးတာမျိုးတွေ ရှိလာတယ်။ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေကလည်း တောင်းဆိုမှုတွေ လုပ်နေကြတယ်ဗျ။ ဒါနဲ့ ပတ်သက်လို့ ဦးအနေနဲ့ ဘာမှပြောများ ပြောချင်လဲ။
- နိုင်ငံတော်သမ်္မတနဲ့ အကြီးအကဲ တွေ အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းဝန်း တောင်းဆိုပေးကြတဲ့သူတွေကို အထူးကျေး ဇူးတင်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်။

x ဦးတို့ ထိုင်းကို လိုက်သွားဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ဘယ်လို အစီအစဉ်နဲ့ သွားမှာလဲ။ ဘယ်သူတွေက ကူညီပေးတာလဲ။
- ကူညီတာကတော့ ရခိုင်အမျိုး သားကွန်ရက်နဲ့ ရခိုင်ကွန်ရက်တွေက ကူညီကြတာပါ။ ဟိုလိုက်သွားဖို့က ဗီဇာက လည်း လုပ်ရဦးမယ်။ တွေ့ခွင့်ရ၊ မရဆို တာကို စုံစမ်းပေးနေတယ်။ ဒီကြားထဲ သတင်းစာရှင်းလင်းပွဲလည်း လုပ်ပေးဦး မယ်လို့ပြောတယ်။ ရခိုင် သူဌေး တယောက်ကလည်း ဦးတို့နှစ်ဖွဲ့ကို တဖွဲ့ ကျပ် ၅ သိန်းစီ ထောက်ပံ့ပေးလိုက်သေး တယ်။

x ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာ အစိုးရကလည်း ထိုင်းကို တောင်းဆိုထား တယ်။ ပြည်တွင်း ပြည်ညပ အင်အားစု တွေကလည်း တောင်းဆိုနေကြတယ်ပေါ့။ ဒါနဲ့ ဦးတို့မိဘတွေ အနေနဲ့ရော ထိုင်း အစိုးရကို ဘာများတောင်းဆိုချင်ပါသေး သလဲ။
- ကျွန်တော်တို့ အနေနဲ့ ထိုင်း အပေါ် အမုန်းတရားမရှိပါဘူး။ မဟုတ်မမှန် အမှုကိစ္စရပ်တန်းကရပ်ပြီး အမှန်ဖော်ထုတ် ပေးဖို့ တောင်းဆိုချင်ပါတယ်။

x နောက်ဆုံးမေးခွန်းတခု အနေ နဲ့ ဦးလေးရဲ့သားပြန်လွှတ်ပေးခဲ့မယ်ဆိုရင် ပေါ့။ သူတို့ရဲ့ဘ၀ရှေ့ရေးအတွက် ဘယ် လိုများ ပြင်ဆင်ထားပါသလဲ။ ပြည်ပ ထွက် အလုပ်လုပ်ကိုင်ခွင့်ကိုရော ဘယ်လို ဆုံးဖြတ်သွားဖို့ ရှိပါသလဲ။
- ပြည်ပထွက် အလုပ်လုပ်ဖို့ အတွက် ခွင့်မပြုတော့ဘူး။ ကိုယ့်အရပ် ကိုယ့်ဒေသမှာပဲ လုပ်ကိုင်စားသောက်နေ ထိုင်ခွင့်ပဲပေးသွားတော့မယ်။ လုံခြုံမှုမရှိတဲ့ နေရာသွားရောက်တာ သူ့အတွက် ဒါနောက်ဆုံး ဖြစ်မှာပါ။
ထိုင်းအစိုးရအနေနဲ့ ကျွန်မသား ပြန်လွှဲပေးပါ။ မဟုတ်မမှန် စွပ်စွဲပြီး ဖမ်း ထားတာ ပြန်စစ်ဆေးပြီး လွှတ်ပေးပါ။

ဒေါ်ဖြူရွှေနု(မောင်ဇော်လင်း-မိခင်)
-------------
x အန်တီ့သားကို လူသတ်မှုနဲ့ ဖမ်းထားတယ်ဆိုတာ ဘယ်အချိန်က သိရတာလဲ။
- မကြာသေးဘူး။ ရေဒီယိုမှာ ကြေညာတဲ့ သတင်းတွေပါလာမှ သိတာ။

x သူက ထိုင်းကို ဘယ်တုန်းက ထွက်သွားတာလဲ။ လစဉ်ငွေပို့သေးလား။
- သူသွားတာ လေးနှစ်ကျော်ပြီ။ ငွေကတော့ လစဉ်တသိန်းထောက်ပံ့ပို့ တယ်
x သူ့ကို ထိုင်းက လူသတ်တရား ခံအဖြစ် စွပ်စွဲဖမ်းထားတဲ့အပေါ် ဘာ ပြောချင်လဲ။
- ဒါမဖြစ်နိုင်ဘူး။ သိရတာက ပထမတကြိမ်ဖမ်းစစ်ပြီး ပြန်လွှတ်တယ်။ နောက်ပြန်ဖမ်းပြီး တရားခံလို့ စွပ်စွဲတယ် တဲ့။ ဒါလုပ်ကြံတဲ့ သဘောကြီး။

x အန်တီသားရဲ့ စိတ်နေသဘော ထားပြောပါဦး
- သူက ဆိုးဆိုးဝါးဝါးထဲက မဟုတ် ဘူး။ ရိုးတယ်။

x ထိုင်းအစိုးရကို နောက်ဆုံး ဘာများပြောချင်ပါသေးသလဲ။
- ထိုင်းအစိုးရကို ပြန်လွှဲပေးပါ။ မဟုတ်မမှန်စွပ်စွဲပြီး ဖမ်းထားတာ ပြန်စစ် ဆေးပြီး လွှတ်ပေးပါလို့ပဲ ပြောချင်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ